Archive for November 2013
သူ့အိုက်ဒီယာ
By : Unknownအမျိုးသမီးကြီး တစ်ဦး ပန်းသီး ထိုင်ရောင်းနေသည်။
သူ၏ပန်းသီးဆိုင်ရှေ့တွင် "အဆိပ်သင့်ပန်းသီး" ဟု
ရေးထားသည်။ လမ်းသွားသူအမျိုးသမီးတစ်ဦးက ဆိုင်ရှေ့မှ
ဖြတ်သွားရင်း ပန်းသီးဆိုင်မှ စာတန်းကို မြင်သဖြင့် အမျိုးသမီးကြီးအား
စေတနာနှင့် ရပ်ပြီးသတိပေးသည်။
လမ်းသွားသူအမျိုးသမီး ရှင်ကလည်းတုံးလိုက်တာ ရှင့်ဆိုင်ရှေ့မှာ အဲလို အဆိပ်သင့် ပန်းသီးလို့ ဗြောင်ကြီးရေးထားတော့
ဘယ်လိုလုပ်ရောင်းရတော့မှာလဲ
ဆိုင်ရှင်အမျိုးသမီး အောင်မလေးဘာသိလို့လဲ ပိုတောင်ရောင်းကောင်းသေးတယ် လက်တောင်မလည်ဘူး တချို့က သူတို့
ယောင်္ကျားးအတွက်တဲ့ တချို့က သူတို့ မိန်းမ အတွက်တဲ့ ယောက္ခမ အတွက် ဝယ်တဲ့လူတွေကတော့
ရေလို့တောင်မနိုင်ဘူး
Tag :
ဟာသ,
ပစ္စည်းကိရိယာအစုံအလင်
By : Unknownလင်မယားနှစ်ယောက်အနက် ယောက်ကျားလုပ်သူက ငါးဖမ်းဝါသနာပါတယ်။
ဇနီးလုပ်သူကတော့ စာဖတ်ဝါသနာပါတယ်။ တစ်နေ့တော့ လင်လုပ်သူ ငါးဖမ်းပြီး
ပြန်အလာ ဇနီးလုပ်သူက ယောက်ကျားရဲ့ ငါးဖမ်းလှေကို ယူပြီး မြစ်ရိုးတစ်လျှောက်
လှော်ထွက်လာခဲ့တယ်။ မြစ်ရိုးတစ်လျှောက် လှေလှော်လိုက်၊ လေညှင်းခံလိုက်၊
စာဖတ်လိုက် လုပ်နေတုန်း မော်တော်ဘုတ်တစ်စင်းနဲ့ ရဲသားတစ်ယောက်ရောက်လာတယ်။
လှေချင်းယှဉ်လိုက်မိတော့ ရဲသားက လှေဝမ်းထဲက ငါးမျှား ကိရိယာတွေကို ကြည့်ပြီး
" ဟေ့... ဒီနေရာမှာ ငါးမမျှားရဘူးဆိုတာ မသိဘူးလား။ ဒါ ကန့်သတ်နယ်မြေကွ"
အမျိုးသမီးက " ကျွန်မ ငါးမမျှားပါဘူး။ ဒီမှာ စာအုပ်ဖတ်နေတာပဲ"
" ဘာပဲ ဖြစ်ဖြစ်လေ မင်းမှာ ပစ္စည်းကိရိယာ အစုံအလင် ပါနေတာပဲ။ အဲဒီအတွက်တော့
မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်"
" ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက မုဒိန်းမှုနဲ့ တရားစွဲရလိမ့်မယ်"
" ဟေ့ မင်းကို ငါ လက်ဖျားနဲ့တောင် မတို့ရသေးဘူးနော်"
" အိုး ... ရှင့်မှာလည်း ပစ္စည်းကိရိယာ အစုံအလင် ပါတာပဲ မဟုတ်လား"
Tag :
ဟာသ,
(နောင်တ...)
By : Unknownဒေါ်ထိပ်ထားခင်က
စည်းကမ်းသိပ်ကြီးတယ်..ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကား
မှမပြောရဘူး..
တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း ရေးကြီးသုတ်ပြာနဲ့သားကြီးေ
ရာက်လာတယ်..ပြီးတော့…..
'
''အမေ'''
''စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''
'''ဟို..ကျွန်တော်..'''
''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..''
ဒီလိုနဲ့ထမင်းစားပြီးကြတော့
'
'ကဲပြော...ဘာလဲ''
'''ညီမလေးရေတွင်းထဲကျသွားလို့…'''
Tag :
ဟာသ,
သတင်းကောင်းဆိုလို့
By : Unknownလက်ထပ်ပြီးခါစ ဇနီးက အလုပ်မှ ပြန်လာသော ခင်ပွန်းကို ပြောပါသည်။
"မောင့်အတွက် သတင်းကောင်းတစ်ခုရှိတယ်။ မကြာမီမှာပဲ အိမ်မှာ လူနှစ်ယောက်အစား လူသုံးယောက် ဖြစ်လာတော့မယ်"
ခင်ပွန်းက ပြုံးရွှင်သောမျက်နှာ၊ တောက်ပသော မျက်ဝန်းများဖြင့်ဇနီးထံပြေးသွားသည်။
" မောင်ပျော်နေတဲ့အတွက် ကျွန်မ ဝမ်းသာပါတယ်။မနက်ဖြန်မှာ မေမေက ကျွန်မတို့နဲ့အတူ လာနေတော့မှာ"
ဇနီးသည်၏ ပြောစကားကြောင့် ပျော်ရွှင်စွာ အနမ်းပေးနေသော ခင်ပွန်းမျက်နှာ နီမြန်းသွားတော့သည်။
Tag :
ဟာသ,
သတင်းကောင်းဆိုလို့
By : Unknownလက်ထပ်ပြီးခါစ ဇနီးက အလုပ်မှ ပြန်လာသော ခင်ပွန်းကို ပြောပါသည်။
"မောင့်အတွက် သတင်းကောင်းတစ်ခုရှိတယ်။ မကြာမီမှာပဲ အိမ်မှာ လူနှစ်ယောက်အစား လူသုံးယောက် ဖြစ်လာတော့မယ်"
ခင်ပွန်းက ပြုံးရွှင်သောမျက်နှာ၊ တောက်ပသော မျက်ဝန်းများဖြင့်ဇနီးထံပြေးသွားသည်။
" မောင်ပျော်နေတဲ့အတွက် ကျွန်မ ဝမ်းသာပါတယ်။မနက်ဖြန်မှာ မေမေက ကျွန်မတို့နဲ့အတူ လာနေတော့မှာ"
ဇနီးသည်၏ ပြောစကားကြောင့် ပျော်ရွှင်စွာ အနမ်းပေးနေသော ခင်ပွန်းမျက်နှာ နီမြန်းသွားတော့သည်။
Tag :
ဟာသ,
သတင်းကောင်းဆိုလို့
By : Unknownလက်ထပ်ပြီးခါစ ဇနီးက အလုပ်မှ ပြန်လာသော ခင်ပွန်းကို ပြောပါသည်။
"မောင့်အတွက် သတင်းကောင်းတစ်ခုရှိတယ်။ မကြာမီမှာပဲ အိမ်မှာ လူနှစ်ယောက်အစား လူသုံးယောက် ဖြစ်လာတော့မယ်"
ခင်ပွန်းက ပြုံးရွှင်သောမျက်နှာ၊ တောက်ပသော မျက်ဝန်းများဖြင့်ဇနီးထံပြေးသွားသည်။
" မောင်ပျော်နေတဲ့အတွက် ကျွန်မ ဝမ်းသာပါတယ်။မနက်ဖြန်မှာ မေမေက ကျွန်မတို့နဲ့အတူ လာနေတော့မှာ"
ဇနီးသည်၏ ပြောစကားကြောင့် ပျော်ရွှင်စွာ အနမ်းပေးနေသော ခင်ပွန်းမျက်နှာ နီမြန်းသွားတော့သည်။
Tag :
ဟာသ,
လက်ဖက်ရည်ဆိုင် ထိုင်ရင်သတိထား
By : Unknownကျွန်တော် က လက်ဖက်ရည်ဆိုင် ထိုင်ရင် တစ်ယောက်တည်းထိုင်ရတာ ကြိုက်တယ်။
ပြသနာက နောက်ဖေးခဏသွားရင် ကျွန်တော့် လက်ဖက်ရည် ကိုတစ်ယောက်ယောက်က ခိုးသောက်နေတာပဲ။
စတာနောက်တာ ဆိုပေမယ့် ကြာတော့လည်းတင်းလာတယ်။
ဒါနဲ့ နောက်ဖေးမသွားခင် ကျွန်တော်လက်ဖက်ရည်ခွက်ပေါ်မှာစာတစ်ရွက်ရေးပြီးတင်ထားခဲ့တယ်။
" လက်ဖက်ရည်ခွက်ထဲ တံတွေးထွေးခဲ့သည်"
ပိုင်လိုက်တဲ့အကြံ ။သောက်လေ သောက်ဦးလေ။ အေးဆေးပဲ။ ငါကွ။
ဒါပေမယ့်ကြာကြာတော့မအေးဆေးလိုက်ရပါဘူးဗျာ။ကျွန်တော့်စာအောက်မှာဒင်းကထပ်ရေးထားခဲ့တယ်
"ငါရော ပဲ" တဲ့
Tag :
ဟာသ,
(စေတနာနဲ့ပါ)
By : Unknown“မနက်စောစော လူကြီးတစ်ယောက်ကို ကူညီခဲ့တယ် ဖေဖေ”
“စောစောစီးစီး ဘာကူညီခဲ့တာတုန်းသားရဲ့”
“ဘေးခန်းက ဦးလေးကြီး သူအလုပ်သွားတော့ မမီမှာစိုးလို့
အိမ်ကအင်းခွေးကြီးကို ကြိုးဖြည်ပေးလိုက်တယ် ဖေဖေ"
"ဟေ.....။"
Tag :
ဟာသ,
ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး
By : Unknownစားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ: စားသောက်နေကြသည် ။
စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ်ဖြတ်ပျံ သွားသည်။
ဆာမူရိုင်: တစ်ရောက်က သူ.ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။
ယင်ကောင် ၂ ပိုင်းပြတ်ပီး ကျလာသည် ။ ဆိုင်ထဲကလူတွေအားလုံး အံ့အားသင့် ကုန်သည်။
(ဆာမူရိုင်: ဆိုတာမျိုးက ဓါးခုတ်အင်မတန်မြန် သကိုး ။ )
အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။ ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက် သည်။ ယင်ကောင် ၄ ပိုင်းပြတ်ြပီးကျလာသည် ။ လူတွေလည်းပါးစပ်အဟောင်း သားဖြစ်ကုန်သည်။
ခဏကြာတော့ ကံဆိုးသူမောင်ရှင်…. နောက်ထက်ယင်ကောင် တစ်ကောင်ပျံသန်းလာပြန်သည်။ ပရိတ်သတ်တွေလည်း
တတိယ ဆာမူရိုင်: ဘာလုပ်ပြဦးမလဲဆိုတာ အင်မတန်စိတ် ဝင်စားနေကြပြီ။ တတိယ ဆာမူရိုင်: က သူ.ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ( မြန်လွန်းလို့ ခုတ်လိုက်တာတောင်မမြင်လိုက်ရဘူး ။)
လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည်တော့ ကိုရွှေယင်ကောင်က ဟန်မပျက် ဆက်ပျံ နေသည်။့ လူတွေကစိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယဆာမူရိုင်: ပြောလိုက်သည့် စကားကြောင်. ပရိတ်သတ် ကြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည် ။ တတိယဆာမူရိုင်: က
“ ဒီကောင် ပျံ တာတော့ ပျံ နိုင် ပါတယ် ..ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး”
Tag :
ဟာသ,
ပင် လုံမြို့
By : Unknownက မ္ဘောဇဌာနေရဲ့သမိုင်း
တောင် တန်းတွေဝိုင်းရံထားတဲ့မြို့ငယ်လေးတစ်မြို့ရှိတယ်။
အဲဒီမြို့မှာ…
ဆောင်းမနက် နှင်းစက်တွေရှိတယ်
ပွင့်ခက်ဝေစီ ချယ် ရီပန်းတွေရှိတယ်
ရိုးသားကြိုးစားတဲ့ တိုင်းရင်းသားတွေရှိတယ်
ရိုးရာစုံ ဗုံမောင်းအိးုစည်သံတွေရှိတယ်
မုသားမသုံးစွဲတဲ့ စကားသံဝဲဝဲတွေရှိတယ်
ဗုဒ္ဓကိုးကွယ်တဲ့ဘာသာတရားကိုင်းရှိုင်းမှုတွေရှိတယ်
မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်ကြီးရှိတယ်
အဲဒီမြို့မှာ……
ရဲရင့်တဲ့ သတ္တိသွေးတွေရှိတယ်
တူညီခဲ့တဲ့ စိတ်ကူးအိပ်မက်တွေရှိတယ်
စည်းလုံးညီညွတ်တဲ့ နေ့ရက်တွေရှိတယ်
မြန်မာ့သမိုင်းကြောင်းအတွက် မှတ်တမ်းကောင်းတွေရှိတယ်
ငြိမ်းချမ်းမှုတွေမွေးဖွားတဲ့ အနက်အဓိပ္ပာယ်တွေရှိတယ်
တောင် တန်းမြေပြန့်ပူးပေါင်းရေးစာချုပ် ရှိတယ်
အာဇာနည် စိတ်ဓါတ်တွေရှိတယ်
ဗိုလ်ချုပ်အောင် ဆန်းရဲ့ခြေရာတွေရှိတယ်
အဲဒီမြို့ဟာ……
မြင့်မြတ်ထည်ဝါ သူ့ဂုဏ်သိက္ခာနဲ့သူ…
အေးချမ်းချိုမြ သူ့အနှစ်သာရနဲ့သူ…
တောင် တန်းတွေကြားသူ့အလှတရားနဲ့သူ…
အပြုံးတွေဝေဆာသူ့မျက်နှာနဲ့သူ…
တားဆီးဖို့ခက်တဲ့ သူ့အသက်နဲ့သူ…
ချိုးဖျက်မရတဲ့ သူ့မာန နဲ့သူ…
ရှင် သန်ထာဝရ သူ့ဘဝနဲ့သူ…
တုနှိုင်းမနိုင် သူ့မှတ်တိုင် နဲ့သူ…
ကမ္ဘာမြေလည်နေသ ရွေ့ မ မေ့အပ်တဲ့သူ့ရာဇဝင် နဲ့သူ ရှိတယ်။ ။
(အလွမ်းရာသီ)
်
Tag :
ကဗျာ,
သတင်းကောင်းဆိုလို့
By : Unknownလက်ထပ်ပြီးခါစ ဇနီးက အလုပ်မှ ပြန်လာသော ခင်ပွန်းကို ပြောပါသည်။
"မောင့်အတွက် သတင်းကောင်းတစ်ခုရှိတယ်။ မကြာမီမှာပဲ အိမ်မှာ လူနှစ်ယောက်အစား လူသုံးယောက် ဖြစ်လာတော့မယ်"
ခင်ပွန်းက ပြုံးရွှင်သောမျက်နှာ၊ တောက်ပသော မျက်ဝန်းများဖြင့်ဇနီးထံပြေးသွားသည်။
" မောင်ပျော်နေတဲ့အတွက် ကျွန်မ ဝမ်းသာပါတယ်။မနက်ဖြန်မှာ မေမေက ကျွန်မတို့နဲ့အတူ လာနေတော့မှာ"
ဇနီးသည်၏ ပြောစကားကြောင့် ပျော်ရွှင်စွာ အနမ်းပေးနေသော ခင်ပွန်းမျက်နှာ နီမြန်းသွားတော့သည်။
Tag :
ဟာသ,
(မညီမျှလို့)
By : Unknownလင်မယားနှစ်ယောက် တရားရုံးကိုရောက်လာလေသည်။
`ကျွန်မတို့ကို ကွာရှင်းပေးပါ။´
`ဟုတ်ပါတယ်ကျွန်တော်တို့ ကွာရှင်းချင်လို့ပါ´
တရားသူကြီးက `ဒါဆိုပိုင် ဆိုင်မှုတွေ တစ်ယောက်တ၀က်စီအညီအမျှ
ခွဲယူရမယ်။´
`ပစ္စည်းတွေကတော့ ဟုတ်ပါပြီ ကျွန်မတို့မှာရှိတဲ့ ကလေးသုံးယောက်ကို
ဘယ်လိုလုပ်မှာလဲ ခွဲလို့လဲမရ´
ထိုအခါယောက်ကျားက` ဒါဆိုညီမျှသွားအောင် ကျွန်တော်တို့
ကလေးတစ်ယောက်ထပ်ယူပြီး
တစ်နှစ်လောက်ကြာရင်ပြန်လာခဲ့ပါမယ်´
Tag :
ဟာသ,
ဘယ်သူတွန်းချသလဲ?
By : Unknownငွေတစ်သန်းယူမလား? ငါ့သမီးယူမလား?(ဟာသ)
တစ်ခါတုန်းက သဋ္ဌေးကြီး တစ်ယောက်ရှိသတဲ့။ သူက မိကျောင်းတွေမွေးရတာကို ၀ါသနာထုံလေတော့ သူ့အိမ်မှာ ရေကန်ကြီးတူးပြီး မိကျောင်းတွေ မွေးထားလေသတဲ့။
သဋ္ဌေးကြီးမှာက သမီးလေးတစ်ယောက်ရှိလေသတဲ့။ တစ်နေ့တော့ သူ့အိမ်မှာ ပါတီ အကြီးကြီးတစ်ခုလုပ်ပြီး သဋ္ဌေးကြီးက ကြေငြာသတဲ့။ အခု ပါတီမှာ ရှိနေတဲ့ ယောင်္ကျားလေးများ ဟော့ဒီက မိကျောင်းအပြည့်ရေကန်ကြီးထဲကို ဖြတ်ကူးနိုင်တဲ့လူကို ငွေတစ်သန်းဖြစ်ဖြစ် ငါ့သမီးဖြစ်ဖြစ် ကြိုက်တာကို ရွေးချယ်ခွင့်ပြုမယ်။
သူ့စကားဆုံးတာနဲ့ “ဗွမ်း” ဆိုတဲ့ အသံကြားလိုက်ရပြီး လူရွယ်လေးတစ်ယောက်ဟာ ဒရောသောပါး ကြောက်လန့်တကြားနဲ့ ရေကန်ကို အသည်းအသန်ကို ဖြတ်ကူးနေလေသတဲ့။
...
သဋ္ဌေးကြီးလည်း အံသြသွားတာပေါ့။ ပါတီကလူတွေကလည်း လူငယ်လေးကို လက်ခုပ်တွေ တီးပြီးတော့ အားပေးကြတာပေါ့။ အဲ့ဒီလိုနဲက နောက်ဆုံးမှာ လူငယ်ကလေးဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အောင်အောင်မြင်မြင်နဲ့ပဲ မိကျောင်းအပြည့်နဲ့ ရေကန်ကြီးကို ဖြတ်ကူးလာနိုင်သတဲ့။
သဋ္ဌေကြီးက ပြောသတဲ့ “မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ တယ်ရဲ့ရင်တဲ့ သူငယ်ပဲ။ ကဲကဲ ကျုပ်ရဲ့ ကတိအတိုင်း မောင်ရင် ကျုပ်သမီးကို ယူမလား၊ ငွေတစ်သန်းကို ယူမလား ကြိုက်ရာရွေးပေတော့”
အဲ့ဒီမှာတင်လူငယ်က ဒေါသတကြီးနဲ့ “ဒီမှာ နားထောင်၊ ကျုပ်ခင်ဗျား သမီးကိုလည်း မလိုချင်ဘူး၊ ငွေတစ်သန်းလည်း မလိုချင်ဘူး။ သိချင်တာ တစ်ခုဘဲရှိတယ်။ ဘယ်သကောင့်သားက အားယားပြီး ကျုပ်ကို ဒီကန်ထဲကို တွန်းချလိုက်တာလဲ”
မူရင်းရေးသူအမည်မပါပါဘူး..မူးရင်းရေးသူတိုင်းဘာသာပြန်သူတိုင်းအား လေးစားလျှက်
Tag :
ဟာသ,
သိပြီလား
By : Unknownအာကာသထဲရောက်သွားရင် ဘောပင်တွေက မှင်မထွက်တော့ဘူးတဲ့
လေဖိအားမရှိတော့လို့ တဲ့
အဲဒါနဲ့  နာဆာလည်း လေဟာနယ်မှာ မှင်ထွက်တဲ့ ဘောပင်ကို
ငွေကုန်ကြေးကျခံပြီး သုတေသနပြုသတဲ့
အမေရိကန်တွေဘောပင်တစ်ချောင်းနဲ့ ယောက်ယက်ခက်နေတဲ့အချိုန်မှာ
ရုရှားတွေကတော့အေးဆေးပဲတဲ့
ဒါနဲ့ အမေရိကန်တွေကရုရှားတွေအာကာသမှာဘယ်လိုမျိုး
နဲ့ အဆင်ပြေနေလဲလို့ လူလွှတ်ပြီးစုံစမ်းတော့
ဘောပင်မှင်မထွက်တော့
ခဲတံကိုသုံးပါတယ်တဲ့ဗျာ
Tag :
ဟာသ,
(တောင်းပန်ပါတယ်)
By : Unknownမင်းသမီး။ ။ တရားသူကြီးရှင့် ဒီစာရေးဆရာဟာ
သူ့ရဲ့ ဝေဖန်ရေး ဆောင်းပါးထဲမှာ
ကျွန်မကို ၀က်မ လို့ သုံးနှုံးပြီး ရေးထားပါတယ်။ အဲဒီ အတွက်သူ့ကို
တရားစွဲဆိုပါတယ်။ ဟောဒီမှာ သက်သေအဖြစ် သူရေးထားတဲ့ ဝေဖန်ရေး
ဆောင်းပါးပါ။
တရားသူကြီး။ ။ သက်သေ အထောက်အထား ခိုင်လုံတဲ့အတွက် မောင်မင်း
မင်းသမီးကို အများရှေ့မှာ လူသိရှင်ကြား တောင်းပန်ပါ။ အဲလိုမှ
မဟုတ်ရင် မောင်မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်။
စာရေးဆရာ။ ။ ကောင်းပါပြီ တစ်ခုမေးပါရစေ ခင်ဗျား
မင်းသမီးကို ၀က်မ လို့ ခေါ်တာ ကျွန်တော့မှာ အပြစ်ရှိတယ်ပေါ့။
တရားသူကြီး။ ။ ဟုတ်တယ်။ မခေါ်နိုင်ဘူး ထပ်ခေါ်ရင်
ထပ်တရားစွဲခံရလိမ့်မယ်။
စာရေးဆရာ။ ။ ဟုတ်ပါပြီ ဒါဆို ၀က်မ ကိုရော မင်းသမီးလို့ ခေါ်ရင်
တရားဥပဒေနဲ့
ငြိစွန်းပါသလားခင်ဗျာ
တရားသူကြီး။ ။ မငြိစွန်းပါဘူး
စာရေးဆရာ။ ။ ဒါဆို ၀က်မကို မင်းသမီးလို့ခေါ်ရင် ကျွန်တော့မှာ
အပြစ်မရှိဘူးပေါ့နော်
တရားသူကြီး။ ။ ဟုတ်တယ် မရှိဘူး
စာရေးဆရာ။ ။ ကောင်းပါပြီဗျာ အများရှေ့မှာပဲ
ကျွန်တော် တောင်းပန်ပါ့မယ်
ကဲ .. ဒီအမှုမှာ အနိုင်ရသွားတဲ့ ခင်ဗျားကို ကျွန်တော် တောင်းပန်ပါတယ်
မင်းသမီး...............။
Tag :
ဟာသ,
လာပြန်ပြီမြန်မာပြည်......................................?
By : Unknownတစ်နေ့ ပြည်သူ့ဆေးရုံကြီးမှာ မွေးကင်းစကလေးတွေပြောတဲ့စကားကိုနားလည်တဲ့ ....................
န(စ်)တ်မတစ်ယောက်ရိုတယ် ....................
.. မီးပျက်နေတဲ့အချိန်မှာကလေးမွေးတယ်....................
...
ကလေးကဆူးဆူးဝါးဝါးအော်ငိုတော့....
ကလေးအဖေကမေးတယ်.........
ဘာလို့အရမ်းအော်ငိုတာလဲလို့မေးတော့........
..
...န(စ်)တ်မက......
ကလေးကငါနောက်တစ်ခါမမြန်မာပြန်မှာမွေးပြန်ပြီတဲ.........
တိန်..?
Tag :
ဟာသ,
ပစ္စည်းကိရိယာအစုံအလင်
By : Unknownလင်မယားနှစ်ယောက်အနက် ယောက်ကျားလုပ်သူက ငါးဖမ်းဝါသနာပါတယ်။
ဇနီးလုပ်သူကတော့ စာဖတ်ဝါသနာပါတယ်။ တစ်နေ့တော့ လင်လုပ်သူ ငါးဖမ်းပြီး
ပြန်အလာ ဇနီးလုပ်သူက ယောက်ကျားရဲ့ ငါးဖမ်းလှေကို ယူပြီး မြစ်ရိုးတစ်လျှောက်
လှော်ထွက်လာခဲ့တယ်။ မြစ်ရိုးတစ်လျှောက် လှေလှော်လိုက်၊ လေညှင်းခံလိုက်၊
စာဖတ်လိုက် လုပ်နေတုန်း မော်တော်ဘုတ်တစ်စင်းနဲ့ ရဲသားတစ်ယောက်ရောက်လာတယ်။
လှေချင်းယှဉ်လိုက်မိတော့ ရဲသားက လှေဝမ်းထဲက ငါးမျှား ကိရိယာတွေကို ကြည့်ပြီး
" ဟေ့... ဒီနေရာမှာ ငါးမမျှားရဘူးဆိုတာ မသိဘူးလား။ ဒါ ကန့်သတ်နယ်မြေကွ"
အမျိုးသမီးက " ကျွန်မ ငါးမမျှားပါဘူး။ ဒီမှာ စာအုပ်ဖတ်နေတာပဲ"
" ဘာပဲ ဖြစ်ဖြစ်လေ မင်းမှာ ပစ္စည်းကိရိယာ အစုံအလင် ပါနေတာပဲ။ အဲဒီအတွက်တော့
မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်"
" ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက မုဒိန်းမှုနဲ့ တရားစွဲရလိမ့်မယ်"
" ဟေ့ မင်းကို ငါ လက်ဖျားနဲ့တောင် မတို့ရသေးဘူးနော်"
" အိုး ... ရှင့်မှာလည်း ပစ္စည်းကိရိယာ အစုံအလင် ပါတာပဲ မဟုတ်လား"
Tag :
ဟာသ,
အရာအားလုံးထက်...မြန်သောအရာ
By : Unknownတနေ့ မှာ ကုမ္ပဏီတစ်ခုက ၀န်ထမ်း အသစ်ခေါ်ပါတယ်
ထုံးစံအတိုင်း အင်တာဗျူးတာပေါ့လေ....ဆိုက်ကို မေးခွန်းတွေမေးပါတယ်
ပထမ တစ်ယောက်ကိုမေးပါတယ်
" လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ"
" အလင်းပါ"...အမေးခံရတဲ့သူကဖြေပါတယ်....
" ဟုတ်ပါပြီ ဘာလို့  အဲ့လိုပြောနိုင်ရတာလဲ..."
"ကျနော်တို့ ခလုတ်နှိပ်လိုက်တာနဲ့ ..စက္ကန့် တောင်မခြားပဲ..ချက်ခြင်းရောက်လာပါတယ်..."
မေးခွန်းမေးသူက ခေါင်းညိတ်လက်ခံလိုက်ပြီး အမှတ်ပေးလိုက်ပါတယ်
ဒုတိယတစ်ယောက်ကိုမေးပါတယ်
" လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ"
"အတွေး ပါ....". အမေးခံရတဲ့သူကဖြေပါတယ်
" ဟုတ်ပါပြီ ဘာလို့  အဲ့လိုပြောနိုင်ရတာလဲ..."
"ကျနော်တို့ တွေးလိုက်ပြီ ဆိုတာနဲ့ အ၇မ်းမြန်ပါတယ်..ဘယ်လောက်ကွာဝေးဝေး ရောက်သွားပါတယ်"
မေးခွန်းမေးသူက ခေါင်းညိတ်လက်ခံလိုက်ပြီး အမှတ်ပေးလိုက်ပါတယ်
တတိယတစ်ယောက် ကိုမေးပါတယ်
"လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ"
"၀မ်းသွားတာပါ .."
မေးတဲ့သူအံ့ သြသွားပါတယ်
"ခင်ဗျားကဘာလို့ အဲ့လိုပြောနိုင်ရတာလဲ ...."
အင်တာဗျူးသူက မေးတော့ ..သူက ဒီလိုပြန်ဖြေလိုက်ပါတယ်..
"တကယ်ပါ ဆရာ..ကိုယ်တွေ့ ပါ...ဟိုတနေ့ က ကျနော်အိမ်သာ အရမ်းသွားချင်လာပါတယ်
အဲ့ဒါနဲ့ အိမ်သာကိုပြေးရပါတယ်...အိမ်သာထဲလဲရောက်ရော...မီးခလုတ်ကိုလဲမဖွင့်နိုင်ခင်...ဘာမှလဲမတွေးနိုင်ခင်မှာပဲ
အားလုံးထွက်ကျသွားပါတယ်.."
Tag :
ဟာသ,
မထင်ပါနဲ့
By : Unknownပထမလူ = မနေ့ညက မင်းတို့လင်မယား
ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။ ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. .. ။
ဒုတိယလူ = ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။
ပထမလူ = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ဒုတိယလူ = အင်း ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း အဲ့ဒီကုတင်အောက်က ထွက်ခဲ့၊ ယောက်ျားပီပီ
သတ္တိရှိရှိ ကျုပ်ကို ရင်ဆိုင်စမ်းပါတဲ့ ... ......
Tag :
ဟာသ,
မယားစကားကိုရိုသေတာ
By : Unknownတိုင်းးပြည်တစ်ပြည်တွင် မင်းတစ်ပါးအုပ်စိုးလေသည်။ ထိုမင်းသည် မိမိ မိဖုရားကို အလွန်ကြောက်လေသည်။ ဘုရင်အဖြစ်ကို
ခံယူထားသော်လည်း မိဖုရား၏ အလိုကိုမဆန့်ကျင်ဝံ့ ဘဲ ရှိလေသည်။ တစ်နေ့မှာ ဘုရင်ကြီး အတွေးပေါက်ရရှိသဖြင့် ယုံကြည်စိတ်ချရတဲ့
အမတ်တစ်ဦးနှင့်တိုင်ပင်လိုက်သည်။ မိန်းမ မကြောက်ရတဲ့ နည်းလမ်းကလေးများမေးမြန်းစုံစမ်းလေမှဘဲ ဟူပြီးစိတ်ကူးမိလေသည်။
အမတ်ကြီးကလည်း တစ်နိုင်ငံလုံး သိသာအောင် မောင်းခတ်ကြေညာသင့်ပါကြောင်းသံတော်ဦး တင်လေသည်။ မင်းရင်ပြင်တွင် မဏ္ဍပ်
နှစ်လုံးကို တစ်လုံးနှင့် တစ်လုံး ခပ်ကွာကွာ ဆောက်လုပ်နေကြသည်။ တစ်ခုသော မဏ္ဍပ်တွင် အနီရောင်ဖြစ်ပြီး တစ်ခုသော မဏ္ဍပ်တွင်
အနက်ရောင်ဖြစ်သည်။ အားလုံးပြီးသောအခါ အမတ်ကြီးများအား မောင်းခတ်ကြေညာခိုင်းသည်။ အနက်ရောင် မဏ္ဍပ်တွင် မိန်းမကို
ကြောက်ရသူများ ပြည့်ကျပ်နေသည်။ မိန်းမကိုမကြောက်ရသော အနီရောင်မဏ္ဍပ်တွင် တစ်ဦး တစ်ယောက်မျှ မရှိသည်ကိုတွေ့နေရ
သောကြောင့်အတော်ပင်အံ့အားသင့်နေသည်။ နံနက်မှ နေ့လည်အထိ အနီရောင်မဏ္ဍပ်တွင် တစ်ယောက်မှ မရှိသေးပေ။ တစ်အောင့်
မျှကြာသောအခါ မိန်းမမကြောက်ရသော အနီ ရောင်မဏ္ဍပ်သို့ လူတစ်ယောက် ပုဆိုးလေးခြုံကာ ဝင်ရောက်လာပြီး မဏ္ဍပ်ထောင့်တွင်
ခွေခွေလေးအိပ်နေလေသည်။ ဘုရင်ကြီးစိတ်ထဲတွင် ထိုသူအား သူရဲကောင်းဟုထင်ကာ ထိုသူအားရှေ့တော်မှောက်သွင်းစေဟု
အမိန့်တော် ပေးလိုက်လေသည်။ "ငါကိုယ်တော်မြတ် မောင်မင်းအား ဆုတော် လာဘ်တော်များ ပေးသနားတော်မူမယ် မှန်ရာကို
လျှောက်တင်စမ်း" ဟုဆိုရာ "မှန်လှပါ ဘု၇င်မင်းတရားကြီးခင်ဗျားကျွန်တော်မျိုးသည် အမှန်စစ်စစ်မိန်းမကို ကြောက်နေသောသူပင်
ဖြစ်ပါသည်။ သို့ရာတွင်ကျွန်တော်မျိုးမိန်းမဖြစ်သူက ဘယ်သူနဲ့မှ မပတ်သက်နှင့် ကိုယ့်ဘာသာကို သီးခြားနေ သူတစ်ပါးမလုပ်သည့်အရာ
ကို လုပ်ရမည်ဟု တစ်ချက်လွတ်စေခိုင်းသဖြင့် အနီရောင်မဏ္ဍပ်သို့ ဝင်ရခြင်းဖြစ်ကြောင်းပါ ဘုရား" ဟု သံတော်ဦးတင်လိုက်လေသည်။
Tag :
ဟာသ,
(ရေမျက်နှာပြင်ပေါ်ဆက်သွယ်မှု)
By : Unknownယခင်က ရန်ကုန်ယာယီအချုပ်စခန်းတွင် တာဝန်ကျနေခဲ့စဉ် ယောက်ျားဆောင်နှင့် မိန်းမဆောင် ရေချိုးကန်အား သွပ်ပြားကာ၍ သီးခြားခွဲထားခဲ့လေသည်။ ရေကန်မှ ချိုးရေများ စီးဆင်းသော ရေစီးကြောင်းသည် သွပ်ပြား၏အောက်မှစီးဝင်သွားစဉ် တုတ်ဖြင့် ရေစီးကြောင်းထဲ အမှိုက်များ ဖယ်နေသော အကျဉ်းသားတစ်ဦးကိုမြင်၍
ထောင်မှူး ။ ။ မင်းကို ငါစောင့်ကြည့်နေခဲ့တာကြာပြီ၊ ဒီရေစီးကြောင်းဘေးမှာ ဘာထိုင်လုပ်နေတာလဲ။
အကျဉ်းသား ။ ။ ရေကန်က စီးဆင်းသွားတဲ့ရေ...စီးအားကောင်းအောင် အမှိုက်တွေ ရှင်းလင်းပေးနေတာပါ။
ထောင်မှူး ။ ။ ဖယ်လိုက်စမ်း...မင်းလက်ထဲကတုတ်ကို(ရေပြင်ငြိမ်သွားပြီး အရုပ်ပေါ်လာသဖြင့်) ဟားးး...ဟားးးး... တော်တော်လည်တဲ့ကောင်ပဲကွ၊ မိန်းမဆောင်ဘက်ခြမ်းနဲ့ ဒီလိုဆက်သွယ်နေခဲ့တာကိုး...
(အဲလို အဆောင်အတူနေကြတဲ့ သူငယ်ချင်းတွေအတွက် နည်းလမ်းကောင်းလေး မျှပေးတာနော် )
Tag :
ဟာသ,
ဗိုလ်ကြီး မသေဘူးဟေ့
By : Unknownရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ
တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့
စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ
တပ်သားများ ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ
မစားကြသေးပဲ ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့်
အရင်စားခိုင်းကြသည်။ ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။
စားပြီး တစ်နာရီကြာသည် အထိ ဘာမှ မဖြစ်တာ တွေ့ရမှ
"ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။ တို့လည်းစားလို့ရပြီ"
ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။
Tag :
ဟာသ,
ခွင့်လွတ်တယ်
By : Unknownလူတစ်ယောက် တရားသူကြီးထံသို့ သူဧ။်အပြစ်ကို ၀န်ချတောင်းပန်သည်။
တရားသူကြီး။ ။ မင်းမှာဘာအပြစ်ရှိလို့လဲ။
တရားခံ။ ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို
သွားလည်တယ်။
သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။
အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ၀ုန်းကနဲဆို
ရွာချရော။ ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက
မိုးခိုရင်းကော်ဖီသောက်လိုက်ဆိုပြီးကော်ဖီဖျော်တိုက်တယ်။
အဲ ... မိုးကလည်းတော်တော်နဲ့ မဆဲဘူး။
အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမ နဲ့မှားသွားမိတယ်။
အဲဒါကြောင့် ခွင့်လွှတ်ပါ။
တရားသူကြီး။ ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။
တရားခံ။ ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက်
ကကျွန်တော် ယောက္ခမအိမ်ကို
သွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။
ယောက္ခမ အိမ်ရောက်တော့သူမရှိဘူး။ Party သွားတယ်တဲ့။
ကျွန်တော့်ခယ်မတစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေ
ဆိုပြီးပြန်မယ်လုပ်တော့ မိုးကရွာကော။ ထီးမပါလာပြန်ဘူး။
ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။မိုးကလည်းတော်တော်နဲ့မတိတ်
ဘူး။
အဲဒီ့မှာပဲ မထိန်းနိုင်ပဲမှားသွားမိသေးတယ်။
တရားသူကြီး။ ။ အင်း......... နည်းနည်းတရားလွန်ပေမယ့်
ခွင့်လွှတ်လိုက်ပါတယ်။
တရားခံ။ ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က
ကျွန်တော့်အဒေါ်အိမ်သွားတယ်။
အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး။
သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ် ။
ကျွန်တော်ပြန်မယ်လုပ်တော့ မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။
အဲဒါနဲ့သူ့ရဲ့သားက ကော်ဖီဖျော်တိုက်တယ်။ထီးမပါတော့ပြန်လို့မရဘူးပေါ့။
အဲဒီ့မှာပေါ့ ...အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး ဆိုတော့ကျွန်တော်လည်း .....
တရားသူကြီး။ ။ တော်တော် .. ဆက်မပြောနဲ့တော့......
တရားခံ။ ။ ဘာဖြစ်လို့လဲဗျ
တရားသူကြီး။ ။အမြန်ပြန်တော့ ဟိုမှာမိုးအုပ်လာပြီ
တော်ကြာရွာတော့မယ် ငါမင်းအပြစ်အားလုံးကိုခွင့်လွှတ်တယ်။
Tag :
ဟာသ,
ငါ့ကျောင်းမီးလောင်နေအုံးမယ်
By : Unknownတစ်ခါတုန်းက ရွာတစ်ရွာရဲ့ ရွာဦးကျောင်းမှာ ဖြစ်ပါတယ်။ ရွာဦးကျောင်းဆရာတော်ဟာ ငယ်ဖြူဖြစ်ပြီး လောကီ ကိစ္စနဲ့ပါတ်သတ်ရင် အင်မတန် ရိုးလွန်းပါတယ်။ ရိုးလွန်းတော့ အ -တာပေါ့။ ဘုန်းကြီးက ရွာခံဖြစ်တယ်။ ကျောင်းမှာ ကျောင်းသားငယ်လေးတွေနဲ့ အရွယ်ရောက်ပြီးဖြစ်တဲ့ ကပ္ပိယ တစ်ယောက်လည်းရှိတယ်။
ကျောင်းကို ဘုန်းကြီးရဲ့ တူမဟာ ဆွမ်းအမြဲလာပို့တယ်။ ကောင်မလေးကလည်း အရွယ်ရောက် လုံးကြီးပေါက်လှ ဆိုတော့ နေ့တိုင်းမြင်ရတဲ့အခါ ကပ္ပိယလေးက ကြိုက်နေတယ်။ ဒါကြောင့် ကောင်မလေး ပြန်သွားတိုင်း အားမလို အားမရ လေသံနဲ့ ``တောက် --- ဘုန်းကြီးတူမ ကွာ ငါနဲ့ရလို့ကတော့ မီးပွင့်သွားမယ်`` လို့ အမြဲကြုံးဝါးတတ်တယ်။
အဲဒီလို ကြုံးဝါးတာကို တစ်နေ့တော့ ဘုန်းကြီးက ကြားသွားတယ်။ ဘုန်းကြီးက ဘာကွ မင်းက မီးပွင့်သွားမယ် ဟုတ်လား။. အေး မင်းစကားနဲ့ မင်း မီးမပွင့်လို့ကတော့ ငါ့ကြိမ်လုံးစာတွေ့မယ်ဆိုပြီး နောက်နေ့ ဆွမ်းလာပို့တော့ ကောင်မလေးကို ဇရပ်ပေါ် မှာ သူ့ကပ္ပိယနဲ့ လွှတ်ပေးလိုက်တယ်။
ခဏကြာတော့ ကျောင်းသားငယ်လေးတစ်ယောက်ကို မီးပွင့် မပွင့် သွားချောင်းကြည့်စမ်း လို့ ကြိမ်လုံးကို လက်က တစ်ဆဆ လုပ်ရင်း ထောက်လှန်းရေးလွှတ်လိုက်တယ်။ ကောင်လေးလည်းသွားကြည့် ပြီး အမြန်ဘုန်းကြီးဆီကို အလန့်တကြားနဲ့ လျှောက်တယ်။
``ဘုန်းကြီးဘုရား ဘုန်းကြီးဘုရား မီးပွင့်မပွင့်တော့မသိဘူး တပည့်တော်ကြည့်တာ ရဲကနဲ ရဲကနဲ မြင်ရတယ်ဘုရား`` တဲ့။(ဘာမြင်ခဲ့တာလဲ မသိဘူး)
ဒီတော့မှ ဘုန်းကြီးလဲ လက်ထဲက ကြိမ်လုံးကိုလွှတ်ချပြီး--စိုးရိမ်တကြီးနဲ့
" ဟဲ့ ဟဲ့ ဒီလိုဆိုမြန်မြန်ဆွဲချ မြန်မြန်ဆွဲချ တော်ကြာ ငါ့ကျောင်းကို မီးလောင်ပါ့မယ်ဟဲ့ "
Tag :
ဟာသ,
ဖိတ်စာ
By : Unknownအချစ်နဲ့မာန လွန်ဆွဲပွဲမှာ
သိက္ခာတရားက ဖိတ်စာပေးသွားတယ်။
မုသားတွေဖလှယ်တဲ့ စကားဝိုင်းမှာ
နှုတ်ဆိတ်နေခဲ့ရသူ ငါပါ။
မဆီလျော်တဲ့ ဝါကျတွေနဲ့
အဆိပ်အိုးထဲ ငါလဲကျသွားခဲ့ရ ။
အမုန်းရောင် ဟတ်တဲမာနက
စိတ္တဇဝိုင် နဲ့ ဧည့်ခံနေခဲ့။
မာယာခင်းတဲ့ ညဖဲမွေ့ယာထက်
အိပ်မက်တွေ အမြစ်ပြုတ်ဆွဲနှုတ်ခံခဲ့ရတယ်။
ပင် ကိုဗီဇ မျိုးပြောင်းခံရတဲ့ည
ဝါသနာတွေ နားခိုရာမဲ့နေခဲ့ရ ။
ဖိတ်သွားတဲ့ရေမှာ
ဘဝ တွေလည်း ပါသွားတယ်။
ခန္ဓာတစ်ခုလုံး မဆိတ်မသုန်းမချင်း
မယုတ်မလွန်သာ ဆွံ့အ နေမှာပါ။
`အရာရာမှာ မင်းကျဆုံးခဲ့ပြီ´ တဲ့
သိက္ခာတရားက ဖိတ်စာပေးသွားတယ်။
(အလွမ်းရာသီ)
Tag :
ကဗျာ,
**ဆောင်းသို့တဖက်သတ် ညည်းခြင်း**
By : Unknownမ တွေ့ဖြစ်ကြတာ ကြာလှပေါ့
ခုဆို နင် နဲ့မတည့်တဲ့ ဆောင်းရာသီ
အလှည့် ကျလို့ရောက်ခဲ့ပြီ
နင် က တော့ ငါ့ရင် ထဲကို
ယောင် လို့တောင် ရောက်မလာပါဘူး
နင် ချစ်တာ ငါမဟုတ်မှန်း
သိခဲ့တယ် သိနေတယ် သိနေလဲ(ဆဲ)
တဖက်သတ်အမြဲတမ်းရူးတဲ့ ငါ့ကို
မိုက်မဲတဲ့လူလို့ သမုတ်
ဘယ်လိုပဲ ပုတ်ချပါစေ ငါဂရုမစိုက်ဘူး
ဒီရာသီမှာ ဂရုစိုက်ပါ
နင့်ခြေဖျားတွေက အမြဲ အေးစက်နေတတ်တယ်
နင် သိလား နင့်နှာဖျားကို လာလာတိုးတဲ့
ဆောင်းရဲ့လေတွေကိုလည်း ငါမုန်းခဲ့တယ်
ငါဟာဘယ်သူ့အတွက်မှ
အသုံးမဝင် ခဲ့ချင်နေပါ နင့်အတွက်တော့
နင် သုံးတဲ့ တစ်သျှူးလေးဖြစ်ချင် ခဲ့တာ
တကယ့်ကို ပြင်းပြခဲ့တဲ့ ဆန္ဒတွေပါ
အခု တော့ ငါမုန်းတဲ့ ဆောင်းရာသီသာ
ငါ့နားပြန်ပြန်ရောက်လာတယ်
အိပ်မက်တွေ ထပ်ခြောက်ခြားအုံးမယ်ထင် ရဲ့
အို..............ဆောင်း
သူ့အတွက် နင့်ကိုမုန်းခဲ့တာ ချေဖျက်ပေးမယ်
ခုချိန် သဲူ့ နှလုံးသားတွေ နွေးပါစေ တော့
ခုချိန် သူ့ နှာဖျားလေးတွေ နွေးပါစေ တော့
ခုချိန် သူ့ ခြေဖျားလေးတွေလည်း နွေးပါစေ တော့
@ပင်လုံသူ@
Tag :
ကဗျာ,
**တိုင် တည် ရှင်းတမ်း**
By : Unknownအချစ်ကြောင့်ငိုတယ်ပြောရင်
တချို့လူတွေက ဝိုင်းရယ်လိမ့်မယ်
ငါဟာအမှတ်ကို မရှိတတ်တဲ့လူပါ
နာကျင် မယ်မှန်းသိသိနဲ့
ဒဏ် ရာတွေ ခန ခန ပြန်ဆွတယ်
ဝဋ် ရှိရင်ကျေပါစေလား
ဖျက်ဆီးဖို့လွယ်ပြီး
တည်ဆောက်ဖို့ခက်တဲ့ထဲမှာ
အချစ်လဲ ပါတာပေါ့
ဘယ်လို ဖြစ်ဖြစ်လေ
သူ့အတွက်ငါပျိုးတဲ့ဥယျာဉ်
ဧဒင် ထက်တော့ သာစေရမယ်
သတိ - -အမုန်းတွေမကျူးကျော်ရ
မာန တွေလည်း အရည်ဖျော်ထားတယ်
ဥယျာဉ်ကြီး သာယာဖို့ဆို
ငါ့သွေးကို လည်း ငါစ တေးမယ်
သူနားဆင် ဖို့ဆို ငါ့အရိုးငါချိုး
တေးသံတွေ ဖန်ဆင်းမယ်
သူမမြင် ချင် ဘူးဆိုရင်
ငါ့မျက်နှာငါ ဓါးနဲ့ခြစ်မယ်
သူမကြားချင် ရင်
ငါ့နှုတ်ခမ်းတွေ အ သေပိတ်ထားပေးမယ်
အို..,.....,အသင်လောက
ဤ၍ ဤ မျှ ချစ် ရပါသောကြောင့်
အတ္တ တစ်ခုသာ ရှိခွင့် ရမယ်ဆိုရင်
ငါ့မျက် ရည်တစ်ချက်ကျတိုင်း
သူ့ရင် ဘတ်တစ်ချက်အောင့် ပါစေသား
***************************************
@ပင်လုံသူ@
Tag :
ကဗျာ,
ဒဿကိုသတ်ခြင်း
By : Unknownငါမရှိဘဲ နင် နေတတ်လည်း
နင် မရှိဘဲ ငါမ နေတတ်ဘူး
သိရက်နဲ့များရက်စက်တာလား
ငါ့ကို ဘလိုင်းကြီးထားသွားတယ်
အပြစ်တင် မငြူစူဖူးဘူး
နင်ပြုသမျှနုခဲ့လည်း
မေတ္တာက အသွားအပြန် ရှိတယ်ဆိုတာ
ငါ့အတွက်တော့မှားတယ်xxxxx
ဒီမှာ ဒဿ
နင် မယ်သီတာကိုချစ်တာ
ငါအိပ်နေသ လောက်ပဲရှိတယ်
ဒီဖက်ခေတ်ကို ဝင် လာခဲ့
သမိုင်းမှာနင့်နာမည်ပျောက်စေရမယ်
ချစ်သူ နင့်အတွက်နဲ့
ငါ့သွေးငါဖောက် အားလုံးရှေ့မှောက်
သစ္စာဆိုပြရဲခဲ့တာ
ရူးမိုက်တာတဲ့လား
ရှိပါစေ တော့ဟာ ငါက
အချစ်မှာ ဒဿထက်သာတဲ့လူပဲ
(နင် သိသင့်တယ် ;( )
@ပင် လုံသူ @
Tag :
ကဗျာ,
ဝေးသွားချိန်
By : Unknownအိမ်အပြန်လမ်း တစ်လျှောက်
အက်စစ်မိုးပေါက်တွေက
ငါ့အ ပေါ် ရွာရွာချတယ် ။
လက်တွဲဖြုတ်ခဲ့တဲ့လမ်းဆုံမှာ
ခန္ဓာတစ်ခုလုံးတုန်ယင် နေခဲ့တာ
အသိဥာဏ် ထဲမှာ ဘာမှမရှိတော့ဘူး…။
မင်းလဲပဲဒီလိုဖြစ်နေမလား……
ခံစားချက်ချင်းတူညီခဲ့ဖူးလို့
စာနာမိတယ်…လွမ်းနေပါ့မယ်……ချစ်သူရယ်။
စိတ်ကူးတွေတူညီခဲ့တဲ့နေ့တုန်းက
ပန်းတွေတောင် ပွင့်ဝေ
လက်တွဲတွေ ခိုင်မြဲနေမယ်လို့ အားတင်းခဲ့ကြဖူး……။
အ ရောင်တွေတူညီခဲ့ပေမယ့်
အနားသတ်မျဉ်းတွေကွဲပြားနေ
အချစ် ရဲ့ဒဿနချင်းပြိုင် မျဉ်းနှစ်ကြောင်းလို……။
နှစ်ဦးသားမ ပြောရဲခဲ့တဲ့ လမ်းခွဲစကား
နှလုံးသားချင်းနားလည်မှုယူကာ
အမုန်းဆိုတာ ဘယ်မှာရှာမ တွေ့ခဲ့ဘူး…။
အချိန်တန် ရင် တကယ်မေ့သွားမလား……
စဉ်းစားရင်းပိုမို နာကျင် ဝမ်းနည်း
အလွမ်းရဲ့အိမ်ငယ်လေးထဲမှာ……။
အသက် ရှူသံတွေပုံမှန်လည်နေ သေးသ ရွေ့
မင်းနဲ့ငါ့ရဲ့နေ့တွေအကြောင်း
ဟောင်းသွားပေမယ့် ဆန်းသစ်နေဦးမယ်။
စက္ကူလေ လေးတ ရွေ့ရွေ့ဝေးသွားပါစေ
ရေစုန်မျောပါသွားတဲ့နှလုံးသားက
မင်းနဲ့ထာဝရနီးစပ်နေမယ် ချစ်သူ……။
(အလွမ်းရာသီ)
Tag :
ကဗျာ,
ဆန္ဒသက်သေ
By : Unknownငါဟာ .…
ကဗျာမဆန် ပန်းမဆန်တဲ့
ဆူးကြားကဘူးခါး
ဖရောင်းလမ်းပေါ်က ဘဝသမားပါ။
ငါဟာ.…
အမြင့်ကပန်း နမ်းဖို့ဆန္ဒ
ခြုံကြားကဘုံဖျား
လှမ်းမိသူ အညတရသားပါ။
ငါဟာ.…
လေလွင့်တဲ့ငှက် အသိုက်ပျက်သူ
အချစ်ကံခေတဲ့ ဒဿ
မယ်သီတာကိုမှ ချစ်မိသူပါ။
ငါဟာ.…
မခုန်နိုင် တဲ့ခရု ဖားကိုမှအံတုမိ
တန် ရာမမှန်းတဲ့ အမဲရိုး
ရွှေဟင်းအိုးကို မသိခဲ့သူပါ။
ငါဟာ.…
စိတ်စေရာနှင် ခဲ့ ကြိုးပြတ်တဲ့စွန်
ကောင်းင်က ကငြိုငြင် တဲ့အမှိုက်
အချစ်နွံထဲ စိုက်ကျခဲ့သူပါ။
ငါဟာ.…
မင်းကုသ နောက်ဆုံးဆန္ဒ ဖြစ်ခွင့်ရချင် သူ
ခုနှစ်ဆောင် နန်းထက် ပပဝတီ အမုန်းမှ
ပုံပြင် ထဲ ကလို ချစ်ခွင့်ရချင် သူပါ။
ငါဟာ.…
ငါ့ရဲ့အိပ်မက်
အလဲအထပ် သက်သေ
သစ္စာတွေပဲ ရှိခဲ့သူပါ။
(အလွမ်းရာသီ)်
Tag :
ကဗျာ,
စိတ္တဇဆေးရုံ မှ အတွေးများ...
By : Unknown(၁ )လူနာတယောက် စာရွက်တရွက်နဲ့ စာတွေလျောက်ရေးနေတာကို
နပ်စ်ကတွေ့တော့ မသိမသာနဲ့ စောင်းငှဲ့ ကြည့်မိတယ်။ လူနာက
ကွယ်ဝှက်ပြီး ပေးမ
ကြည့်လို့ နပ်စ်က မေးလိုက်တယ်။
နပ်စ်......“ ဘယ်သူ့အတွက် ရေးနေတာလဲ ”
လူနာ.....“ ကိုယ့်အတွက် ရေးနေတာ”
နပ်စ်......“ ကိုယ့်အတွက် ဟုတ်လား...ဘာတွေ ရေးနေတာလဲ”
လူနာ.....“ ရှုးနေလား...စာတောင် မပို့ရသေးဘူး.. ဘာရေးထားလဲ
ငါဘယ်လိုလုပ်သိမလဲ”
(၂) လူနာနှစ်ဦး ဆေးရုံကနေ ထွက်ပြေးလာပြီး သစ်ပင်တပင်ပေါ် တက်နေပါ
တယ်။ ခဏကြာတော့ လူနာတဦးဟာ သစ်ပင်ပေါ်
က န်ချပြီး နောက်လူနာတဦးကို ခုန်ချဖို့ အချက်ပြလိုက်တယ်။
သစ်ပင်ပေါ်က လူနာပြန်ဖြေလိုက်တာက..
“ငါမမှည့်သေးဘူး...ငါခုန်ချလို့ မရသေးဘူး” ဟူတည်း။
(၃ )လူနာတယောက်ဟာ ဆေးရုံထဲ ၀င်လာပါတယ်။
လူနာ.....“ ဆရာ...ဘယ်လိုလုပ်မလဲ....ကျွန်တော့်ကိုယ် ကျွန်တော်
ကြက်တစ်ကာင်လို့ ထင်နေတယ်”
ဆရာဝန်....“ဟာ...အခြေအနေ တော်တော်ဆိုးပါလား....ဘာဖြစ်လို့ စောစော
လာမကုတာလဲ”လူနာ.....“အိမ်က လူတွေက ကျွန်တော် ဥ
ဥမဲ့ နေ့အထိ စောင့်နေလို့ပါ”
(၄ )လူနာတယောက်ဟာ ဆေးရုံထဲ ၀င်လာပါတယ်။
လူနာ.....“ ဆရာ ....ဘယ်လိုလုပ်မလဲ.... ကျွန်တော့်ကိုယ် ကျွန်တော်
ငှက်တကောင်လို့ ထင်နေတယ်”
ဆရာဝန်..“ဟာ..အခြေအနေ တော်တော်ဆိုးပါလား..ဘယ်ကတည်းက စ
ထင်တာလဲ”လူနာ.....“ဟို..ကျွန်တော် ငှက်ပေါက်စ ဖြစ်ကတည်းကပါ”
နိုင်းနိုင်းစနေမှ မျှဝေပါသည်................။
Tag :
ဟာသ,
ရယ်ရအောင်နော်
By : Unknownကဲ..
ဘော်ဒါတို့.....
သိပ်ရယ်(ရီ)ချင်ကြလားး....လွယ်လွယ်လေးပါကွာ.........
ကိုယ့်မျက်နှာကိုမှန်ထဲမှာသေချာစိုက်ကြည့်....
ပြီးရင်..၁ ...၂...၃....လို့အော်ပြီး..ဟားဟားဟား..လို့ရယ်(ရီ)နော်
မျက်နှာမလွဲနဲ့နော်
ပြီးရင်...မျက်စောင်းလေးထိုးပြီးကြည့်လိုက်...
မယုံရင်စမ်းကြည့်လိုက်..ဟီးးးးးးးးးးးးးးး
Tag :
ဟာသ,
ချစ်သူဘ၀နှင့်အိမ်ထောင်သည်ဘဝ
By : Unknownချစ်သူဘ၀။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏
အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏
ချစ်သူဘ၀။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏
အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏
ချစ်သူဘ၀။ ။ ကလေး ဘယ်နှယောက်ယူလိုက်မည်ဟုစိတ်ကူး၏
အိမ်ထောင်သည်ဘ၀။ ။ ကလေးမယူဖြစ်ခဲ့ရင်အကောင်းသားဟု တွေး၏
ချစ်သူဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏
အိမ်ထောင်သည်ဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏
ချစ်သူဘ၀။ ။ မွှန်နေသော်လည်း ကိစ္စမရှိ
အိမ်ထောင်သည်ဘ၀။ ။ ကိစ္စရှိမှ မွှန်၏
ချစ်သူဘ၀။ ။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောလျှင် တိုးတိုးလေးပြော၏
အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှအော်လိုက်ရသည်ကိုပင်အားမရ
ချစ်သူဘ၀။ ။ သူ့မွေးနေ့ကို အလွတ်ရ၏
အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ
ချစ်သူဘ၀။ ။ လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏
အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍သွားလေ့ရှိ၏
ချစ်သူဘ၀။ ။ ချစ်သူအကြောင်းသာပြော၏
အိမ်ထောင်သည်ဘ၀။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏
ချစ်သူဘ၀။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏
အိမ်ထောင်သည်ဘ၀။ ။ လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏
Tag :
ဟာသ,
ဒီစာကိုမဖတ်ကြပါနဲ့
By : Unknownဒီစာကို မဖတ်ပါနဲ့။ ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ > ခင်ဗျားအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့ မဖတ်ရဆိုပြီး > ခေါင်းစဉ် တပ်ထားတာပေါ့။ ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။ > တားမြစ်လို့ မရပါဘူး။ ဒါပေမယ့် လုံးဝ မဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။ > ပြောနေရင်းနဲ့တောင် ခင်ဗျား ဆက်ဖက်နေသေးတယ်နော်။ ကျနော်က ခင်ဗျား အတွက် > ပြောနေတာပါ။ ခင်ဗျား ဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ ခင်ဗျားအတွက် အကျိုး လုံးဝ > မရှိလို့ပါ။ အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။ ကျနော်က > ခင်ဗျား အကျိုးကို ရှေးရှူပြီး မဖတ်စေချင်တာပါ။ > > ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ မရှိပါ။ > အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော် ပြောမပြတတ်တော့ဘူး။ အလားတူဘဲ > .. မဖတ်ပါနဲ့ကိုလည်း ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။ ဒီတော့ > ရှင်းရှင်းပြောမယ်။ ဆက်မဖတ်နဲ့။ ပြောနေရင်းနဲ့တောင် ခင်ဗျားဖတ်လာတာ များသထက် > များလာပြီ။ ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။ ဟုတ်ပြီလား၊ မဖတ်နဲ့တော့။ > ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့ မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။ လူ့စိတ်ကလည်း > အခက်သား၊ မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။ ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က > မဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။ မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မဖတ်စေချင်လို့ပါ။ > အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။ ဒါဘဲ။ ကျတော်ပြောမယ်နော်ေိေိေိေိ
Tag :
ဟာသ,
♥♥♥မိန်းမတို့ဉာဏ်♥♥♥
By : Unknownတစ်ခါက တက္ကသိုလ်ပြည်မှာ ပညာသင်ပြန်လာသော
မင်းသားတစ်ယောက်သည် ရွာတစ်ရွာ၏ထိပ်အ ရောက် ရေဆာလှသဖြင့်
မိန်းမပျိုတစ်ဦး ရေခပ်နေသော ရေတွင်းဆီသို့သွားရျွ် -
“နှမ၊ ရေတစ်ပေါက်လောက် သောက်ပါရစေ”
“ရပါတယ်မောင်ကြီး၊ လာသောက်ပါ၊ သြော်…ဒါနဲ့ မောင်ကြီးက
ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ”
“တက္ကသိုလ်ပြည်က ပညာသင်ပြန်လာပြီး မိမိရဲ့မြို့ကို ပြန်မှာပါ။
စပ်စုတယ်လို့ မထင်ပါနဲ့၊ သိချင်လို့ မေး
ပါရစေ၊ မောင်ကြီးက တက္ကသိုလ်ပြည်မှာ ဘယ်ပညာကို အဓိကထားပြီး
သင်ခဲ့ပါသလဲ”
“မိန်းမတို့ရဲ့မာယာနဲ့ အမူအကျင့်တွေကို ကျမ်းကုန်အောင် သင်ခဲ့ပါတယ်”
“မိန်းမမာယာနဲ့ အမူအကျင့်တွေကို မောင်ကြီးတို့ ဘယ်လောက်သင်သင်
အကုန်တတ်မယ်မထင်ပါဘူး”
“တတ်ပါတယ် နှမငယ်၊ ဘာကြောင့်လဲဆိုတော့ မောင်ကြီးက
မိန်းမတွေရဲ့အကြောင်းကို ပိုပြီးသိချင်လို့
ဒီပညာကို အဓိကထားပြီး သင်ခဲ့တာပဲ”
“ဒါဆိုရင် စမ်းကြည်လို့ရမလား”
“နှမငယ် စမ်းကြည့်မယ်ဆို စမ်းကြည့် နိုင်ပါတယ်”
မင်းသား၏စကားဆုံးသည်နှင့် မိန်းမငယ်က “ဟောသည်မှာ
ကယ်ကြပါဦး၊ ဟောဒီမှာ ကြယ်ကြပါဦးရှင၊့် လူတစ်ယောက် ကျွန်မကို
မတရားပြုကျင့်နေပါတယ်”ဟု ကျုံးအော်လိုက်ရာ ရွာနီးချုပ်စပ်မှ
လူတ်ာတော်များ များ တုတ်၊ ဓားများဆွဲရျွ် ရေတွင်းဆီသို့
တအားပြေးလာကြပါတော့သည်။ ထိုအခါမင်းသားမှာ ကြောက်လန့်တ
ကြားဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်း -
“နှမ…မင်းဘယ်လိုလုပ်လိုက်တာလဲ၊ ဟိုမှာ ငါ့ကိုသတ်ဖို့ ပြေးလာနေကြပြီ၊
ငါ ဘယ်လိုလုပ်ရမလဲ၊ ပြေး ဖို့လည်း လွတ်ဖို့မလွယ်တော့ဘူး”
“သြော်…ဒါကတော့ မောင်ကြီးသင်လာတဲ့ မိန်းမကျမ်းထဲကပညာကို
ထုတ်သုံးပြီး လွတ်အောင်လုပ်ပါ လား”
“ကဲ…မိန်းကလေး၊ ငါအရှုံးပေးပါတယ်၊ မိန်းမမာယာကို
ဘယ်တော့မှကုန်အောင် မသင်နိုင်ပါဘူးလို့ ၀န်ခံပါတယ်၊ ငါ့ကို ပြေးလာတဲ့
ရွာသားတွေရဲ့ရန်ကလွတ်အောင် ကယ်တင်ပါ”
“ကဲ…ဒါဆိုရင် အလွယ်လေးပါ၊ ရှင်
ဒီရေပုံးကြိုးကိုကိုင်ပြီး ရေတွင်းထဲဆင်းလိုက်ပါ”
မိန်းမငယ်၏စကားအဆုံးမှာပင် မင်းသားမှာ ကြိုးကိုဆွဲပြီးရေတွင်းထဲ
ဆင်းလိုက်ရသည်။ မင်းသားရေ တွင်းထဲ ရောက်သွားသောအချိန်မှာပင်
လက်နက်ကိုယ်ဆီဆွဲရျွ် ပြေးလာကြသော
ရွာသားများမှာ ရေတွင်းဆီသို့ ရောက်လာကြလေပြီ။
“ဟေ့…မိန်းကလေး၊ စောစောက မင်းဆီက အော်သံကြားလို့
ငါတို့ ပြေးလာကြတာ၊ မင်းဘာဖြစ်တာလဲ”
“ကျွန်မကတော့ ဘာမှမဖြစ်ပါဘူ၊ လူတစ်ယောက်
ကျွန်မဆီမှာ ရေးတောင်းသောက်ရင်းနဲ့ ခြေချော်လက် ချော်ဖြစ်ပြီးရေတွင်းထဲ
ကျသွားလို့ လှမ်းအော်ပြီး အကူအညီတောင်းရတာပါ”
မိန်းကလးစကားအဆုံးမှပင် ရွာသားများက ရေတွင်းထဲရောက်နေသော
(သူတို့အထင်အားဖြင့် ရေတွင်း ထဲကျနေသော) မင်းသားကို
ဝိုင်းဝန်းဆယ်တင်လိုက်ကြပါသည်။ ထိုနေ့မှစရျွ် ၄င်းမင်းသားအနေဖြင့်
သူ့ကိုယ်သူ မိန်းမကျမ်းကျေသူဟူရျွ်
ဘယ်သောအခါမှပြောတော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်
တစ်ခဏအချိန် လေးအတွင်းမှာပင် တောသူမိန်းကလေးတစ်ယောက်က
သူ့လိုမင်းသားတစ်ယောက်ကို ရွာသားများသတ်ချင် အောင်
ရွာသားများသနားပြီး ကယ်တင်ချင်အောင်လုပ်ပြသည်ကို နဖူးတွေ့၊
ဒူးတွေ့ ကြုံတွေ့ရသောကြောင့်ပင် ဖြစ်ပါသတည်း
-----------------------------ပြီးပါပြီ---------------------
Tag :
ဟာသ,
မထင်လို့ပါ
By : Unknownရဲစခန်းကို မိန်းမကြီး တစ်ယောက်ဝင်လာတယ်.. ရဲအုပ်က မေးလိုက်တယ်..
"အန်တီ..ဘာများ ကူညီရမလဲ.."
"ခါးပါးနှိုက်ခံရလို့ပါ"
"ဟုတ်ကဲ့.. ဖြစ်ပျက်ပုံလေး ပြောပါဦး"
"ဒီလိုပါ.. ဒီမနက်က ဈေးသွားတော့.. လူတစ်ယောက်က ကျွန်မ အတွင်းခံ စကပ်ထဲ ထည့်ထားတဲ့ ပိုက်ဆံ လာနှိုက်တယ်"
"အတွင်းခံစကပ်မှာထည့်ထားတာကို လာနှိုက်တာတောင် မသိဘူးလားဗျ"
"အင်း.. လာနှိုက်တာတော့ သိပါတယ်.. ဒါပေမဲ့ ပိုက်ဆံ ယူမယ်လို့မှ ထင်မထားတာ" တဲ့...
တိန်..................။
Tag :
ဟာသ,
မိန်းမဆိုတာ
By : Unknownတခါကကြင်စဦးဇနီးမောင်နှံနှစ်ယောက်သည်.....တစ်ယောက်နှင့်တစ်ယောက်ချစ်စကာလေးတွေမေးနေလေ၏။
ယောင်္ကျား။ ။ မောင့်ဘ၀အတွက်.........ခင်ရှိရင်လုံလောက်ပါပြီ......။
မိန်းမ။ ။ ခင်ဘ၀အတွက်လဲ.........မောင်ဘေးမှာရှိရင်လုံလောက်ပါပြီ........။
ယောင်္ကျား။ ။ အင်း............ဒါဆိုမောင်တို့နှစ်ယောက်အတွက်......
အရာရာပြည့်စုံနေပြီပေါ့.......။ ဘာများလိုသေးလဲ.........??
မိန်းမကအကြာကြိးစဉ်းစားပြီးနောက်......
မိန်းမ။ ။ နောက်တခုလိုသေးတယ်.......
ယောကျာင်္း။ ။ ဘာများလဲမိန်းမ......
မိန်းမ။ ။ ပိုက်ဆံလေ............။
တိန်... သြော်မိန်းမ... မိန်းမ...။
Tag :
ဟာသ,
တစ်နှစ်မှာ 365 ရက်ပဲရှိလို့ ပါ
By : Unknownစာမေးပွဲကျတဲ့ သူငယ်ချင်း တစ်ယောက်က သူစာမေးပွဲကျရတာ
စာကျက်ချိန်မရလို့ပါတဲ့။ တစ်နှစ်မှာ ၃၆၅ ရက်ပဲရှိတော့ ဘယ်လိုလုပ်ပြီး
စာကျက်ချိန်ရတော့မလဲလို့ပြောပြီး သူကသေသေချာချာ တွက်ပြပါတယ်။
""တစ်နှစ်မှာ တနင်္ဂနွေနေ့ပေါင်း ၅၂ နေ့ရှိတယ်လေ။ တနင်္ဂနွေဆိုတာက
နားရက်လေ၊ ဘယ်လိုလုပ်ပြီး စာကျက်မလဲ၊ ကဲ- တစ်နှစ်မှာ ၃၆၅
ရက်ရှိတော့ ၅၂ ရက်ကို နုတ်၊ ၃၁၃ ရက် ကျန်သေးတယ်ထား""
""လူတစ်ယောက်ဟာ တစ်နေ့မှာ ၈ နာရီတော့ အိပ်ပေးဖို့ လိုတယ်လေ၊
အဲဒီ့တော့ တစ်နှစ်မှာ ရက်ပေါင်း ၁၇၂ က အိပ်တာနဲ့ပဲ ပြီးသွားရော၊ ဒီတော့
၁၄၁ ရက်ပဲ ကျန်တော့တယ်""
""ကျန်းမာရေးအတွက် ကစားခုန်စားလုပ်ဖို့ကလဲ လိုအပ်တော့ တစ်နေ့မှာ
တစ်နာရီ ကစားတယ်ဆိုရင် တစ်နှစ်မှာ ၁၅ ရက်က ကစားဖို့၊ ဒီတော့ ၁၂၆
ရက်ပဲ ကျန်တော့တယ်""
""ထမင်းစားချိန်ပေးရတာနဲ့၊ ကော်ဖီသောက်ချိန်ပေးရတာနဲ့၊ Chewing gum
ဝါးရတဲ့အချိန်တွေကိုပါ ပေါင်းလိုက်ရင် တစ်နေ့မှာ ၂ နာရီလောက်
အချိန်ပေးနေရတော့ တစ်နှစ်လုံးဆိုရင် ရက်ပေါင်း ၃၀ က စားဖို့သောက်ဖို့
အချိန်ပေးလိုက်ရပြန်ရော၊ ကဲ- ဘယ်နှစ်ရက်ပဲ ကျန်တော့လဲ၊ ၉၆ ရက်ပဲ
ကျန်တော့တယ်""
""လူဆိုတာက လူ့အဖွဲ့အစည်းနဲ့ နေတာဆိုတော့ တစ်နေ့ကို
တစ်နာရီလောက်က စကားစမြည်ပြောရသေးတယ်၊ ဒီတော့ တစ်နှစ်မှာ ၁၅
ရက်က စကားပြောဖို့အချိန်ပေးရတယ်၊ ၈၁ ရက်ပဲကျန်တော့တယ်နော်""
""လပတ်စာမေးပွဲတွေ၊ ပထမ၊ ဒုတိယအစမ်းစာမေးပွဲတွေ၊ အစစ်ကြီးတွေနဲ့
တစ်နှစ်မှာ ၃၅ ရက်လောက်က စာမေးပွဲချည့် ဖိဖြေနေရတော့ ၄၆ ရက်ပဲ
ကျန်တော့တယ်""
""နေ့ထူးနေ့မြတ်တွေကလဲ တစ်နှစ်မှာ ရက် ၄၀ လောက်ဖြစ်နေတော့
သွားပြီပေါ့၊ ၆ ရက်ပဲ ကျန်တော့တယ်""
""အအေးမိလို့ နှာစေးလို့ နားနေရတာက တစ်နှစ်လုံးမှာ ၃ ရက်ပဲ
ရှိတယ်ထားဦး၊ ၃ ရက်ပဲ ကျန်တော့တယ်""
""တစ်နှစ်မှာ ၂ ရက်ပဲ ရုပ်ရှင်သွားကြည့်တယ်ထားပါ၊ ၁ ရက်
ပဲကျန်တော့တယ်""
""အဲဒီတစ်ရက်ကျတော့လဲ ကျွန်တော့်မွေးနေ့ ဖြစ်နေရော၊ ကဲ-
ဘယ်လိုလုပ်ပြီး စာကျက်တော့မလဲ""
ဟုတ်တယ်မလားဂျ...............။
copy to copy လေးပါဗျာသဘောကျလို.တင်လိုက်ပါတ.ယ်
Tag :
ဟာသ,
မရယ်(ရီ)ပဲမနေနိုင်လို့
By : Unknownတခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည်လမ်းမှားပြီးလမ်းပျောက်နေပါတယ်။ဒါကို သစ်ခုတ်သမားတစ်ယောက်ကကယ်ပြီး အိမ်ကိုခေါ်လာတယ်။ညရောက်တော့ အဲ့ဒီလူနှစ်ယောက် က သစ်ခုတ်သမားရဲ့သမီးကို-------တယ်။ဒါနဲ့ သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြီးသတ်မယ်လုပ်ပါရော။အဲ့ဒီလူနှစ်ယောက်လည်း သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက်တောင်းပန်တာပေါ့။ဒါနဲ့ သစ်ခုတ်သမားလည်းအခွင့်အရေးပေးတဲ့အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး၁၀လုံးစီ ခူးခဲ့ပါလို့ပြောလိုက်တယ်။မကြာခင်မှာ ပထမလူက မက်မန်းသီး၁၀လုံးကိုယူပြီးပြန်လာပါတယ်၊သစ်ခုတ်သမားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ ဖင်ပေါက်ထဲကိုထည့်ရမယ်၊တကယ်လို့ ၁၀လုံးလုံးထဲ့ပြီးတာတောင်တစ်ချက်မျှမရယ်ရင် အသက်ချမ်းသာခွင့်ပေးမယ်တဲ့၊ဒါနဲ့ ပထမလူလည်းထဲ့နေတာ ၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့ သတ်ခံလိုက်ရပါတယ်။ယမမင်းဆီကိုရောက်တော့ ယမမင်းက "မင်းကွာ ၊နောက်နှစ်လုံးသည်းခံလိုက်ရင် မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့်ရယ်ရတာလဲ"လို့မေးတော့ ပထမလူက အရယ်ကိုမရပ်နိုင်သေးဘဲ "ယမမင်းကြီး ၊ကျတော်မျိုး မရယ်ဘဲနဲ့၁၀လုံးလုံးထည့်နိုင်ပါတယ်၊ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော့သူငယ်ချင်းက ဒူးရင်းသီး၁၀လုံးကို သယ်လာတာတွေ့လိုက်ရလို့ ပါ။"တဲ့
♥_♥ အားလုံးပျော်ရွှင် နိုင်ကြပါစေနော် ♥_♥
Tag :
ဟာသ,
ငါမမီတော့ဘူး
By : Unknownတခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ်
ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်
မေးကြတော့တာပေါ့။
ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။
`ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊
စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က
ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ
ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။
ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ
ငိုပြန်ပါလေရော။
နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။
သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက
`ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။
မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။
Tag :
ဟာသ,
မင်းကံကောင်းတယ်မှတ်
By : Unknownတမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်
အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက်
လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။
အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့
`အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´
လို့မေးလိုက်တယ်။
ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို
နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီ
ပြန်ဖြေလိုက်တယ်။
ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က
ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ
ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ
ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။
နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို
ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ
ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့
ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။
`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။
Tag :
ဟာသ,
အဖေစစ်
By : Unknownမိသားစု တစ်ခုမှာ ကလေးတစ်ယောက် ရလာခဲ့တယ်..
ကလေးမမွေးခင် ဗေဒင်ဆရာက ဒီကလေး မွေးပြီး စကားပြောတက်စ မှာ
သူ ပထမဆုံး ပြောတဲ့ စကား (၃) ခွန်းမှာ ခေါ်တဲ့သူတွေ သေရမယ်တဲ့..
ဒီလိုနဲ့ ကလေးမွေးပြီး ပြီး စကားပြောတက်စမှာ ပထမဆုံးခေါ်လိုက်တာက ...
" အဖိုး " လို့စခေါ် ပါတယ်.. နောက်ရက်မှာ သူ့အဘိုးတကယ်ပဲ နှလုံးရောဂါဖောက် ပြီးသေသွားပါတယ်..
နောက်မကြာဘူး " အဖွား " လို့ထက်ခေါ်ပါတယ်.. နောက်ရက်မှာပဲ သူ့အဖွား အမှန်တကယ်ပဲ သေဆုံး သွားပါတယ်..
ဒီလိုနဲ့ သူ့အဖေနဲ့ အမေဟာ လန့်နေခဲ့ပါတယ် .. သူတို့ ကို ခေါ်တာနဲ့ သေမှာဆိုတော့လေ.. ကလေးကလည်း ဘာမှ မခေါ်တော့ပါဘူး.. တစ်နေ့ကျတော့ ကလေး ကထက်ခေါ်ပါတယ် .
" အဖေ "
သူ့အဖေလည်း တော်တော်
လန့်သွားတာပေါ့.. နောက်တစ်ရက် ရောက်ရင် သေတော့မှာလေ တစ်ည
လုံးအိပ် မပျော်ဘူး .. နောက်တစ်ရက် အရောက်မှာ သူ့အဖေ
ကမသေပါဘူး.. သူ တော်တော် ပျော် သွားတာပေါ့.. ဒါပေမဲ့ သူတို့
အိမ်ဘေးက သူ့သူငယ်ချင်းက တော့ ရုတ်တရက် သေဆုံး သွားခဲ့ပါတယ်...
Tag :
ဟာသ,
ပထမအတွေ့အကြုံ
By : Unknownယခုကိစ္စသည် သူမဘ၀အတွက်ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။သူမသည်ကျောခင်းကာလှဲအိပ်ရင်း
ကြွက်သားများကိုတောင့်ထားမိလေသည်။သူ့ကိုငြင်းဆန်ရန်အကြောင်းပြချက်မျိုးစုံကိုစဉ်းစားရင်း
တတ်နိုင်သလောက်အေချိန်ဆွဲနေမိသည်။သို့သော် သူကတော့လုံးဝလက်လျော့ဟန်မပြပဲ
သူမအနားသို့ တိုးကပ်လာလေသည်။ကြောက်နေသလားဟုမေးသောအခါတွင်..သူမကရဲဝံ့စွာခေါင်းခါပြမိသည်။
သူသည် ယခုလိုကိစ္စများတွင်
အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။သူ၏လက်ချောင်းများသည်နေရာမှန်ကိုရှာဖွေတွေ့ရှိသွားကြသည်။
အထဲထိနိုက်စမ်းလိုက်သောအခါ...သူမနာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီးအကြောအခြင်များတောင့်တင်းသွားသည်။
သူသည် ပြောထားသလိုပင်
ညင်ညင်သာသာပြုလုပ်ကြောင်းသူမသိပါသည်။သူကသူမမျက်ဝန်းကိုစိုက်ကြည့်ရင်း..စိတ်မပူရန်၊ သူ့အနေနှင့်
အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။သူပြုံးပြသောအခါ သူမစိတ်ကိုလျော့ချလိုက်ပြီးသူအတွက်လွယ်ကူစေရန်
တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။
သူ့ကိုမြန်မြန်ကိစ္စပြီးအောင်ပြုလုပ်ရန်အကြိမ်ကြိမ်တောင်းပန်မိလေသည်။သို့သော်သူကတော့..ဖြည်းဖြည်းမှန်မှန်သာ
ဆက်လုပ်ပါသည်။
နောက်တကြိမ်တွင်အသားမျှင်များစုတ်ပြတ်ပြီးတကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။သွေးအနည်းငယ်ထွက်လာသည်
ကိုလည်း သူမသိရှိလိုက်သည်။
အရမ်းနာသလားဟုသူကထပ်မေးနေပြန်သည်။မျက်ရည်များပြည့်လျှံနေသော်လည်း..မနာသယောင်ခေါင်းခါက
ဆက်လုပ်ရန်ခေါင်းညိမ့်ပြလိုက်မိသည်။သူက ကျွမ်းကျင်စွာ..ဆက်လုပ်နေသော်လည်းသူဘာလုပ်နေမှန်းမသိအောင်
သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။အတန်ကြာသော် သူမမှအရည်အချို့..တာကျိုးသလိုပေါက်ထွက်သွားသည်ကို
ခံစားရပြီး သူသည်အရာတစ်ခုကိုအောင်မြင်စွာအပြင်သို့ထုတ်လိုက်လေသည်။သူမ သက်ပြင်းမောများရှိုက်ထုတ်နေရင်း
ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကိုဝမ်းသာပျော်ရွှင်နေမိသည်။သူကနွေးနွေးထွေးထွေးပြုံးပြရင်း
တော်တော် ကိုင်ရတွယ်ရခက်တဲ့
ခလေးမဟု
ရေရွတ်လေသည်။သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။ထို့နောက်ကျေးဇူးတင်စကားကို
"သွားဆရာဝန်"အားဆိုလိုက်လေသည်။
အထက်ပါအဖြစ်အပျက်မှာ
သူမ၏
ပထမဆုံးသွားနှုတ်သည့်နေ့က
အတွေ့အကြုံပင်ဖြစ်လေသည်။
Tag :
ဟာသ,
ငွေတစ်သန်းယူမလား? ငါ့သမီးယူမလား?(ဟာသ)
By : Unknownတစ်ခါတုန်းက သဋ္ဌေးကြီး တစ်ယောက်ရှိသတဲ့။ သူက မိကျောင်းတွေမွေးရတာကို ၀ါသနာထုံလေတော့ သူ့အိမ်မှာ ရေကန်ကြီးတူးပြီး မိကျောင်းတွေ မွေးထားလေသတဲ့။
သဋ္ဌေးကြီးမှာက သမီးလေးတစ်ယောက်ရှိလေသတဲ့။ တစ်နေ့တော့ သူ့အိမ်မှာ ပါတီ အကြီးကြီးတစ်ခုလုပ်ပြီး သဋ္ဌေးကြီးက ကြေငြာသတဲ့။ အခု ပါတီမှာ ရှိနေတဲ့ ယောင်္ကျားလေးများ ဟော့ဒီက မိကျောင်းအပြည့်ရေကန်ကြီးထဲကို ဖြတ်ကူးနိုင်တဲ့လူကို ငွေတစ်သန်းဖြစ်ဖြစ် ငါ့သမီးဖြစ်ဖြစ် ကြိုက်တာကို ရွေးချယ်ခွင့်ပြုမယ်။
သူ့စကားဆုံးတာနဲ့ “ဗွမ်း” ဆိုတဲ့ အသံကြားလိုက်ရပြီး လူရွယ်လေးတစ်ယောက်ဟာ ဒရောသောပါး ကြောက်လန့်တကြားနဲ့ ရေကန်ကို အသည်းအသန်ကို ဖြတ်ကူးနေလေသတဲ့။
...
သဋ္ဌေးကြီးလည်း အံသြသွားတာပေါ့။ ပါတီကလူတွေကလည်း လူငယ်လေးကို လက်ခုပ်တွေ တီးပြီးတော့ အားပေးကြတာပေါ့။ အဲ့ဒီလိုနဲက နောက်ဆုံးမှာ လူငယ်ကလေးဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အောင်အောင်မြင်မြင်နဲ့ပဲ မိကျောင်းအပြည့်နဲ့ ရေကန်ကြီးကို ဖြတ်ကူးလာနိုင်သတဲ့။
သဋ္ဌေကြီးက ပြောသတဲ့ “မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ တယ်ရဲ့ရင်တဲ့ သူငယ်ပဲ။ ကဲကဲ ကျုပ်ရဲ့ ကတိအတိုင်း မောင်ရင် ကျုပ်သမီးကို ယူမလား၊ ငွေတစ်သန်းကို ယူမလား ကြိုက်ရာရွေးပေတော့”
အဲ့ဒီမှာတင်လူငယ်က ဒေါသတကြီးနဲ့ “ဒီမှာ နားထောင်၊ ကျုပ်ခင်ဗျား သမီးကိုလည်း မလိုချင်ဘူး၊ ငွေတစ်သန်းလည်း မလိုချင်ဘူး။ သိချင်တာ တစ်ခုဘဲရှိတယ်။ ဘယ်သကောင့်သားက အားယားပြီး ကျုပ်ကို ဒီကန်ထဲကို တွန်းချလိုက်တာလဲ”
မူရင်းရေးသူအမည်မပါပါဘူး..မူးရင်းရေးသူတိုင်းဘာသာပြန်သူတိုင်းအား လေးစားလျှက်
Tag :
ဟာသ,
(တံဆိပ်ခေါင်း)
By : Unknown- တစ်ခါကတိုင်းပြည် အကြီးအကဲတစ်ဦးသည်
- မိမိနာမည်နဲ့ဂုဏ်ကိုမြင့်တင်ချင်တဲ့အတွက်မိမိပုံကိုတံဆိပ်ခေါင်းအဖြစ်
- ထုတ်ဝေခဲ့သည်။
- ထုတ်ဝေပြီးတလအကြာတွင်ရောင်းအားကောင်းမကောင်း
- စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက်စုံစမ်းခဲ့လေသည်။
× အကြီးအကဲ။ ။ ငါ့ပုံတံဆိပ်ခေါင်းရောင်းအားကောင်းလားဟေ့....
× စာတိုက်မူး ။ ။ ကောင်းပါတယ် ဒါပေမဲ့..........
တံဆိပ်ခေါင်းကော်သိပ်မကပ်ဘူးလို့ပြောကြတယ်
× အကြီးအကဲ။ ။ မဖြစ်နိုင်တာ......
ကိုယ်တိုင်တံဆိပ်တစ်ခုယူပြီး နောက်ကြောကိုတံထွေးနဲ့ထွေးပြီး စာအိတ်ပေါ်သို့ကပ်ကြည့်လိုက်သည်။
× အကြီးအကဲ။ ။ ကပ်တာမြဲနေတာပဲ......
× စာတိုက်မူး။ ။ သူတို့က တံထွေးကိုတံဆိပ်ခေါင်း ရှေ့ကထွေးလို့ပါဗျ........
× အကြီးအကဲ။ ။ တိန်............................။
Tag :
ဟာသ,
ဆန်ပြုတ်မှန်မှန်မသောက်ခဲ့လို့
By : Unknownမနက်စာအတွက် သားဖြစ်သူနှင့် ခင်ပွန်းဖြစ်သူတို့အတွက် ဇနီးဖြစ်သူက ဆန်ပြုတ်ထည့်ပေးနေလေသည်။
သားဖြစ်သူမှာ ဆန်ပြုတ်ပန်းကန်းကိုကြည့်၍
“တော်ပြီ မစားတော့ဘူး။ တစ်နေ့လာလည်းဆန်ပြုတ်၊ နှစ်နေ့လာလည်းဆန်ပြုတ်”
“ဒေါက်”.......... မိခင်ဖြစ်သူမှ ဇွန်းဖြင့်ခေါက်၍
“စကားမများနဲ့ စားဆိုစား”
မျက်နှာမသာမယာနှင့် မစားပဲထိုင်နေသော သားဖြစ်သူအား ဖခင်ဖြစ်သူက နားနားကပ်၍ တီးတိုးပြောလေသည်။
ထိုအခါ သားဖြစ်သူမှာ အားရပါးရ စားလေတော့သည်။ မိန်းမဖြစ်သူက
“ရှင်သားကို ဘာပြောလိုက်တာလဲ....ဆန်ပြုတ်မကြိုက်တဲ့ သားက
အားရပါးရ စားလို့ပါလား”
“ဘာမှမဟုတ်ပါဘူး မိန်းမရာ။ ဆန်ပြုတ်မသောက်ရင် သား “ငယ်ပါ” က
ကြီးတော့မှာ မဟုတ်ဘူးလို့ ပြောလိုက်တာ”
“ဒေါက်”
“မိန်းမ မင်းငါ့ကို ဘာလို့ခေါက်တာလဲ”
“ရှင်ငယ်ငယ်ကဘာဖြစ်လို့ ဆန်ပြုတ်မှန်မှန် မသောက်ခဲ့လဲ”
Tag :
ဟာသ,
အိမ်ကနွားတဲ့နော်
By : Unknownအိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ့ရဲ့ small လေး ဆီကို အလည်သွားပါတယ်။ သူ့ရဲ့ small လေးကလဲ သူ့ကိုတွေ့တိုင်း
Small လေး – “ရှင့်ရဲ့ ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ ရှင်ရဲ့ အင်မတန် ခန့်ညားတဲ့ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို့ရမှာ”
အမျိုးသား – “ငါ့အိမ်က အဖွားကြီးက အဲ့ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါသာ အဲဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ့ ဝေးပြီ။”
Small လေး – “တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန့်အဟွန့်”
Small လေး ရဲ့ အချွဲကောင်းမူကြောင့် ထိုအမျိုးသားလဲ သူ့ရဲ့ ပသိုင်းမွေး ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာပဲ သူအိမ်ပြန်ပြီး သူက ကျောပေးပြီး အိပ်နေသော သူ့မယားကြီး ခုတင်ပေါ်ကို တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။
မယားကြီး က ရုတ်တရက် နိုးလာပြီး လှည့်မကြည့်ပဲ သူ့ ရဲ့ မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ
“အမလေး ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော့မှာနော်”
"#=+__--**"
Tag :
ဟာသ,
ကျိုးနေတယ်
By : Unknownကိုပေတလူးက ဘောသမား
ကွင်းထဲပတ်ပြေးနေတဲ့ ဘောသမားတော့မဟုတ်ဘူး ။ ဂျာနယ်ပေါင်းစုံဖတ်ပြီး ကမ္ဘာကျော်ဘောသမားတွေကို ခိုင်းစားနေတဲ့သူ ဆိုပါတော့
မပူတူးက ပေတလူးရဲ့မိန်းမ ပေတလူးကလည်သလောက် မပူတူးက အရမ်းကို တုန်းတာ လူကတာတုန်းတာ အရပ်ထဲ ဈေးထဲက ကြားကြား
သမျှ ဗန်းစကားတွေကို စွတ်ရွတ်ပြောတာ ဆိုင်ဆိုင် မဆိုင်ဆိုင် မပူတူးနဲ့ မဆိုင်ဘူး ပြောကိုပြောလိုက်ရမှ စာဝင်အိပ်ပျော်တာ ဒါမှ လူရှိန်မှာ
လေ မသိတဲ့ ဗန်းစကားအသစ်တွေဆိုရင် သူ့လင် ပေတလူကြီးကို မေးတာ "လူးလူး" သူ့လင်ကိုချစ်စနိုးနဲ့ ခေါ်တာ လူးလူး တဲ့
မောင်းအောင်တယ်ဆိုလားဘဲ ပေတလူးတစ်ယောက် ခေါင်းတစ်ထောင်ထောင်နဲ့ စိတ်ကောင်းဝင်နေတာ
"ဘာလဲ ပူတူးတူးလေးရ"
"ကျိုးတယ်ဆိုတာ ဘာကို ပြောတာလည်းဟင်"
"ကျိုးတယ်ဆိုတာ အိပ်နေတာကို ပြောတာ ပူတူတူးလေးရဲ့"
မပူတူးမှတ်ထားလိုက်တယ် ခွင်ထဲဝင်လာတာနဲ့ သုတ်ထည့်လိုက်မယ်ပေါ့ ဖြစ်ချင်တော့ ပေတလူးတစ်ယောက် အိပ်ယာထဲလည်း
ပါလေရော ညလုံးပေါက် ဘောပွဲ ကြည့်ရင်းဖြစ်သွားတာ
"ပူတူးရေ သမီး "
တောမှာနေ တဲ့ မပူတူးရဲ့ အဖေ ရောက်လာပါတယ်
"ဟဲ့ ငါ့သမတ် ပေတလူးရော"
သမတ်ကို တန်းမေးတာ မပူတူး ပြောသွားတယ် ခွင်ကျပြီလေ ဆရာမ ကြီးစတိုင်နဲ့
"ကျိုးနေတယ် အဖေရဲ့"
"ဟေ ဟိုတစ်ပတ်က ရွာကို လာတုန်းကတောင်အကောင်းကြီး ရှိပါသေးတယ် သမီးရဲ့"
ဘောမှန်လို့ အိပ်ရာထဲ ခွေခေါက်နေတဲ့ လင်တော်မောင် အကြောင်းကို ရှင်းပြတယ်
"ညက တော်တော်ကွဲတာ အဖေရဲ့ အပေါ်က နေတာလေ ဘော်ဒီလား ဘော်လီလား အဲဒါလဲ ကျိုးသွားတယ် မောင်းလဲ အကွဲ
အဖေရဲ့"
ဖအေကြီး မျက်လုံးပြူးသွားတယ် ဘောတက္ကနစ် ဗန်းစကားတွေ နားမလည်ဘူးလေ အရှိန်ရနေတဲ့ မပူတူးက ဆက်ပြောပါတယ်
"တစ်ညလုံး ညလုံးပေါက်ကြီးပဲဆိုတော့ အဖေရယ် ဘယ်ခံနိုင်တော့မလဲ ကျိုးတာတောင် နည်းသေး ဒါပေမယ့် ခုသာ ပျော့နေတာ
ညကျ ဘောသံလေးတစ်ဖက်ဖက်ကြားရင် ငေါက်တောက်တောင်ထလာမှာ"
ဖအေကြီးနားရှက်လာတယ် မျက်နှာ အနီ ကြီးနဲ့
"တော်တော် ပူတူး ဂန်းမ"
ဖအေကြီးက ကန်ချလိုက်တာ ခွေးကျကျ ပါလေရော
တစ်ခါကဖတ်ခဲ့ဖူးသော ဟာသကို လက်ညောင်းခံပြီး ပြန်ရေးလိုက်ပါသည်။
Tag :
ဟာသ,
မင်းမိဘရောက်နေတယ်
By : Unknownအချိန်ပိုဆင်းရတဲ့အတွက်..ညဖက်အိမ်ပြန်နောက်ကျသွားတဲ့...ဇနီးဖြစ်သူဟာ
အိပ်ခန်းတံခါးကို ညင်သာစွာတွန်းဖွင့်ပြီးဝင်လိုက်ပါတယ်
သူမတို့ရဲ့မင်္ဂလာမွေ့ယာကြီးပေါ်က စောင်အောက်မှာ ခြေထောက်တွေဟာ
(၂)ချောင်းဖြစ်နေရမယ့်အစား
(၄)ချောင်းတိတိဖြစ်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့
သေချင်းဆိုးကြီး
ဖောက်ပြန်တဲ့ယောက်ကျား
သစ္စာမရှိတဲ့အကောင်....
.....................................စတဲ့အတွေးတွေနဲ့အတူ
အနီးနားမှာတွေ့တဲ့ ထီးတစ်ချောင်းကိုဆွဲယူလိုက်ပြီး
စောင်ပေါ်ကို ရှိသမျှအားအကုန်သုံးပြီး
ဆက်တိုက်ဆိုသလို..ရိုက်ပြီးရင်းရိုက်ပါလေရော
စောင်အောက်က...တအင့်အင့်...တအင့်အင့်..ဆိုတဲ့အသံတွေကိုတော့...
ကြားလိုက်မိသလိုရှိသား
စိတ်ကျေနပ်လောက်အောင်ရိုက်ပြီးသွားတဲ့အခါမှာတော့.....
ယောက်ကျားဖြစ်သူရဲ့မျက်နှာရော..ဟိုဟာမမျက်နှာကိုပါမကြည့်ချင်တဲ့
အတွက်မီးဖိုချောင်အခန်းထဲကို ရေသောက်ဖို့အတွက်
ဝင်လိုက်တဲ့အခါမှာတော့...
မဂ္ဂဇင်းတစ်စောင်ကိုဖတ်နေတဲ့ယောက်ကျားဖြစ်သူကို တွေ့လိုက်ရပါတယ်...
သူမကိုတွေ့တွေ့ချင်း...၀မ်းသာအားရမျက်နှာနဲ့...
ဟေး...မိန်းမ..မင်းပြန်လာပြီလားကွ
နေ့လည်တုန်းက...မင်းမိဘတွေ..ငါတို့ဆီကိုလာလည်ကြတယ်လေ...
အဲ့ဒါကြောင့်...ငါတို့အိပ်ခန်းမှာပေးအိပ်ထားလိုက်တယ်...
သွားနှုတ်ဆက်လိုက်ပါအုံး......
Tag :
ဟာသ,
အတွေးမှား
By : Unknownဂျေမီဟာ သူ့အိမ်နီးချင်းရဲ့ အမျိုးသမီး ဖြစ်သူကို ကြိတ်ပြီး သဘောကျနေပါတယ်။ အမျိုးသမီးဟာ
လည်း သူနဲ့ လမ်းမှာ ဆုံတဲ့အခါတိုင်း စွဲမက်ဖွယ်ရာ ပြုံးပြလေ့ရှိပါတယ်။ ဒါပေမဲ့ အမျိုးသမီးဟာ
အိမ်ထောင်ရှိသူဖို့ ဘယ်လို ချဉ်းကပ်ရမယ်ဆိုတာကို ဂျေမီဟာ စဉ်းစားလို့ မရ ဖြစ်နေပါတယ်။
တနေ့မှာတော့ ဂျေမီ တစ်ယောက်တည်းနေတဲ့ တိုက်ခန်းကို သူစွဲလန်းနေတဲ့ အမျိုးသမီး ရောက်ရှိ
လာပါတယ်။
...
ဂျေမီ - " ဟိုင်း"
အမျိုးသမီး - "ဟိုင်း"
ဂျေမီ - "ကျွန်တော် ..ဘာများကူညီ ပေးရမလဲ"။
အမျိုးသမီး - "ဟုတ်ကဲ့။ ရှင့်ဆီက အကူအညီ တစ်ခုလောက် လိုချင်လို့ပါ။" (စွဲမက်ဖွယ်ပြုံးလျက်)
ဂျင်မီ - "ဟိုး .. နတ်သမီးလေး အတွက်ဆိုရင် အဆင်သင့်ပါပဲဗျာ။"
အမျိုးသမီး - "အို .. ဘာပြောရမှန်းတောင် မသိတော့ပါဘူးရှင်။ ကျွန်မက ဖွင့်ပြောလိုက်ပြီးရှင်ကသာ စိတ်မ၀င်စားဘူးလို့ ပြောလိုက်ရင် ကျွန်မတော့ ရှက်လို့ သေမှာပဲ။"
ဂျင်မီ - "အို .. မိန်းကလေးရယ် .. အဲဒီလိုတွေ မတွေးပါနဲ့။ မင်းအတွက်ဆို ဘာမဆို ဖြစ်အောင်လုပ်ပေးဖို့ အဆင်သင့်ပါပဲ။"
အမျိုးသမီး - "ရှင်သိတဲ့အတိုင်းပဲလေ။ ကျွန်မ အမျိုးသား ခရီးသွားနေတာ သုံးပတ်လောက် ရှိပြီ။"
ဂျင်မီ - "ဟုတ်ပါဗျာ၊ ဟုတ်ပါဗျာ။" (စိတ်လှုပ်ရှားတဲ့ လေသံဖြင့်)
အမျိုးသမီး - 'တကယ်လို့ အိမ်မှာ သူရှိလည်း (ခဏကြာ ပြောလက်စကို ရပ်လိုက်ပြီး) သူကသိပ်ပြီး သန်စွမ်းတာ မဟုတ်ဘူး။"
ဂျင်မီ - "အို ..မင်းဟာ သိပ်ကို သနားဖို့ ကောင်းတာပါပဲလား။ သူနဲ့နေရတာ မင်းအတွက် အရမ်းခက်ခဲမှာပဲနော်။"
အမျိုးသမီး - "ရှင်ကလေ သူထက်ပိုပြီး သန်စွမ်းမယ်ဆိုတာ ကျွန်မ ခန့်မှန်းမိပါတယ်။"
ဂျင်မီ -" သေချာတာပေါ့ကွယ်။"
အမျိုးသမီး - "ရှင်..ကျွန်မကို ကူညီ နိုင်မလားဟင်။"
ဂျင်မီ - "ဟိုး။ အခုလား။ မင်းဘက်က အဆင်ပြေရင် ကိုယ့်ဘက်ကလည်း အဆင်သင့်ပါပဲဗျာ။"
အမျိုးသမီး -"အိုး ..ဘုရားသခင် ကျေးဇူးပါပဲရှင်။ ဒါကြောင့်မို့ ရှင့်ဆီ ကျွန်မလာခဲ့တာပေါ့။ အိမ်က ပျက်နေတဲ့ ရေခဲသေတ္တာကြီးကို ဟိုဘက်လမ်းက ပြင်ဆိုင်ဆီ မပြီး သယ်ပေးပါလားရှင်။"
Tag :
ဟာသ,
လိပ်ခေါင်းဖြစ်နေလို့
By : Unknownပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစားစုံတွဲ တစ်တွဲထိုင်နေသည်။
ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေသည်။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောသမျှကို အဘိုးကြီးအတိုင်းသား ကြားနေရ၏။
မိန်းကလေးက"မောင်...ကျွန်မ ခေါင်းနည်းနည်းမူးလာတယ်"
ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏။
ထို့နောက်"မူးသေးလားဟင်"
"ဟင့်အင်း၊ ပျောက်သွားပြီ"
အတန်ကြာသောအခါ......
မိန်းကလေးက "မောင်.....ကျွန်မဇက်ကြောတွေတက်လာသလိုပဲ"
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏
"ဘယ်လိုနေသေးလဲ"
"အင်း..သက်သာသွားပြီ"
ခဏကြာသော်... "မောင်....ကျွန်မ လက်တွေကလည်း ဘယ်လိုဖြစ်တယ်
မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏။
တဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာ၏။
ထို့ကြောင့်လှမ်းပြောလိုက်၏။
" ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ
'ဦးမှာ လိပ်ခေါင်းဖြစ်နေလို့'" တဲ့
Tag :
ဟာသ,
မင်းထင်သလို မတွေးပါနဲ့
By : Unknownပဲကြိုက်တဲ့ မမ...
တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။
ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ
စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင် တားမနိုင်ဆီးမရ ချက်ချင်း လက်ငင်း လေလည်တတ်တာပါပဲတဲ့။
တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး
လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။
“ငါ့ယောက်ျားဟာ အင်မတန်ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။
ငါ့ရဲ့အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး”
လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။
ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ
သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့
နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက်
အကြောင်းကြားထားလိုက်တယ်။
အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့
ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး
ထကြွသောင်းကျန်းလာပြန်တော့တာပေါ့။
အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင်
အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း
ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ
ဝယ်စားမိရောတဲ့။
ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။
အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး
သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။
အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန်
စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။
“အချစ်ရေ…. ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”
အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့
ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ
ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို
ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က
မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ
တယ်လီဖုန်းကို သွားကိုင်တယ်။
တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။
ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင်
ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို
အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက်
အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ
အသံကျယ်ရုံတင်မကဘူး၊ အနံ့ကလည်း မြေဆွေးကားကြီးတစီး
ဖြတ်မောင်းသွားသလိုပဲတဲ့။
ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို
လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင်
လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့
နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက်
ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီး
ဖြတ်မောင်းသွားသလိုပါပဲတဲ့။
ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း
နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို
တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည်
တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ
ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ
ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊
လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့
ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။
ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့
ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ
အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင်
အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း
ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။
အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ
ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။
ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ သူမကို
“ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။
(ဘ၀အမော ခဏတော့ လည်း ပြေနိုင်ပါစေ။)
Tag :
ဟာသ,
**တိုက်ဆိုင်လိုက်ပုံများ***(ဟာအမြင်နဲ့တာဖတ်ရူပေးပါ)
By : Unknownမနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်းမနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ
နောက် တွင် ထိုင်နေသော ကိုဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား
ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် ကဘယ်သူလဲ သမီးဆရာမမေး
သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန်
သည်။
မနီ။ ။"ဂျီးဆပ် ခရစ်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )
ဆရာမ။ ။ "မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေး
ပြီးတဲ့နောက် မှာ ဧဝက အာဒမ် ကို ဘာပြောခဲ့ လည်း ။" ဒီတစ်ခါ တော့ ကိုဖြိုး အိပ်ပျော်နေသော မနီကို ဘော့
ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့်
ရုတ်တရတ် ထလိုက် ကာ
မနီ။ ။" နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်"
မနီ ပြောလိုက်သောစကားကြောင့် ဆရာမခမျာ ဘုမသိ ဘမသိ ဖြင့် သတိလစ် သွား ရှာသည်။
Tag :
ဟာသ,
အဲဒီကောင် နာနာရိုက် ..
By : Unknownတစ်ခါက ရွာတစ်ရွာမှာ ကိုလှနဲ့ မမြဆိုတဲ့ လင်မယားနှစ်ယောက်ရှိသတဲ့။
သူတို့မှာ ကိုကိုနဲ့ ညီညီ ဆိုတဲ့ အမွှာ သားနှစ်ယောက်လည်း ရှိတယ်။
တစ်နေ့ မိသားစု ထမင်းစားနေတုန်း - မမြက
“သြော် - ကိုလှ ရှင့်ကို ပြစရာတစ်ခု ရှိတယ်။”
ကိုလှက “အေး ပြလေကွာ ကြည့်ရအောင်” ဟုဆို၏။
မမြက “အခု ကလေးတွေရှိနေတယ်။ ညကျမှပဲ ပြတော့မယ်။” ဟုဆိုကာ
ပန်းကန်တွေ သိမ်းဆည်းပြီး ထသွားလေသည်။
ညရောက်တော့ ကလေးတွေ အိပ်လောက်တဲ့အချိန် ကိုလှက “မမြ
နင် နေ့လည်က ပြမယ်ဆိုတာ ဘာလဲ” ဟု မေး၏၊
မမြက “အော် အင်း ပြမယ်” ဟု ဆိုရုံရှိသေး မအိပ်သေးသော ညီညီက
သိချင်ဇောနှင့် ထကြည့်သည်။
မမြက ဒေါပွပြီး “ကိုကိုတောင် အိပ်နေပြီ ညီညီ မအိပ်သေးဘူးလား” ဟု
ဆိုကာ ရိုက်တော့ အိပ်နေပြီ ထင်ရသော ကိုကိုက
“အမေ့ အမေ့ အဲဒီကောင် နာနာရိုက်။ အိပ်ရင်းနဲ့ ကြည့်လို့ရလို့ရသားနဲ့” ဟု
ဆိုလိုက်လေသည်။
Tag :
ဟာသ,
အဖေ ကဘယ်သူလဲ
By : Unknownဂျပန်နိုင်ငံတွင်ဘူတာရုံများ၌ ပေါင်ချိန်စက်ဗေဒင်များကို နောက်ဆုံးပေါ်ကွန်ပျုတာများဖြ**့ ပြောင်းလဲတပ်ဆင်ပေး
ကာစဖြစ်သည်။လူအများက ထိုကွန်ပြူတာပေါင်ချိန်စက်က အရမ်းမှန်ကြောင်း ပြောနေသောအချိန်တွင် ဖြစ်သည်။လူတစ်ယောက်သည် ထိုကွန်ပြူတာဖြ**့ ဗေဒင်မေးကြည့်လေသည်။ပေါင်ချိန်စက်ထဲသို့ အကြွေစေ့ထည့်ပြီး ကျွန်တော့်အဖေ ဘယ်မှာလဲဟု မေးလေသည်။ထိုအခါ
ကွန်ပြူတာက မင်းအဖေ ရေကန်ဘေးမှာ ငါးမျှားနေတယ်ဟု ဖြေလေသည်။ထိုအခါ ထိုလူမှ တဟားဟား ရယ်လိုက်ပြီး ဒီကွန်ပြူတာက ဘာ
မှလည်း မမှန်ဘူး.....ငါ့အဖေဆုံးသွားတာ ၁၀နှစ်ရှိပြီ.....ဟုအော်ပြောလိုက်လေသည်။ထိုအခါ တာဝန်ရှိသူများကလာရောက်ပြီးကွန်ပြူတာကို
စစ်းဆေးလေသည်။ထိုနောက် ထိုလူကိုထပ်ပြီးမေးခိုင်းလေသည်။ထိုလူထပ်မေးသော်လည်း ကွန်ပြူတာမှ ထိုအဖြေပဲ ထွက်သောအခါ တာဝန်ရှိသူတစ်ယောက်မှ စဉ်းစားပြီး ပြန်မေးခိုင်းလေသည်။ဒါပေမယ့် မေးခွန်းကိုအနည်းငယ် ပြင်ခိုင်းလေသည်။ကျွန်တော့်အဖေ အရင်းဘယ်မှာလဲဟုမေးခိုင်းလေသည်။ထိုအခါကွန်ပြူတာမှ ...............မင်းအမေလင်က လွန်ခဲ့တဲ့၁၀နှစ်က ဆုံးသွားပြီ......မင်းအဖေကခု
ရေကန်ဘေးငါးမျှားနေတယ်.....
ဗျာ............................
Tag :
ဟာသ,
မှားစရာရှားလို့......ဟွန့်
By : Unknown"ရဲဘော်တို့ အားလုံးသတိ"
ရဲဘော်တွေ အားလုံးတန်းစီနေကြတယ်။ ခေါင်းဆောင်က
စစ်သားတစ်ယောက်ရှေ့သွားပြီး ရင်ဘတ်ကိုပုတ်လိုက်တယ်။
"လေ့ကျင့်ထားတဲ့ ကြွက်သားတွေ တော်တော်တောင့်လာပြီ..
ရဲဘော်ဆက်လုပ်"
"ဟုတ်ကဲ့ ဗိုလ်ကြီး ကျွန်မက အမျိုးသမီးစစ်သားပါ"
"တိန်"
Tag :
ဟာသ,
(မောင်လည်းမရဘူး
By : Unknownတစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ
ကောင်လေးကနောက်ကခုံမှာ
အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကော
င်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲ
ကျကြတာ
ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို
ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး
ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့
အခက်တွေ့နေတယ်ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ
ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ်
၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့
အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်“
ဟေ့.....နံပါတ်(၅) ပြောပြကြည့်“
“အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်““
မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး
စိတ်အရမ်းဆိုးသွားတယ်””အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ်
ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာနာရီကြည့်ေ တာ့
မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး
အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ
နော်
””ကောင်လေးကလည်းပြန်ပြောရှာပါတယ်““ မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး
တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ
ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ်
အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင်
ကိုယ်ကဘာဖြစ်သွားမှာကျလို့
နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး
နောက်လှည့် ပြီး
““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်
““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ်
စိတ်ထဲမှာလဲကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က
အရေးကြီးနေတော့အသံကိုမနဲချိုပြီး
““ မောင်.....ပြောပြပါနော် ......မောင်နော် ””
အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””
Tag :
ဟာသ,
ဘယ်သူ့ကိုချစ်လဲ?
By : Unknownသက်မွန်မြင့် နဲ့ ဆက်ဖွန်ခွင့် ပေးပါ ဆိုတော့
ဖွေးဖွေး နဲ့ အေးဆေး သော်လည်း မိုးယုစံ က တိုးလုပြန် တဲ့အခါ
ခင်နန်းထိုက် က ဝင်နမ်းလိုက် ....နန်းသူဇာ က ဖမ်းပူဆာ လိုက် နဲ့...
ဝတ်မှုံရွှေရည် က ကိုယ့်ကို စွတ်ယုံနေပြီ ဆိုတာ သူတို့ကိုပေးသိလို့လဲမရ....ဟူး
မိုးဟေကို ကလဲ မိုးတွေစို နေတဲ့ကြားမှာ ..သနားစရာ
ဒီကြားထဲ ခင်ရူပ က လင်ယူမှ ရတော့မယ်တဲ့...
ချစ်သုဝေ ရဲ့ ချစ်မှုတွေ လောက်တော့ ...ဂျင်းနီ က ပျင်းသည်တဲ့ဗျာ
စိုးပြည့်သဇင်က တိုးဖြည့်အစဉ်..အနားမှာချစ်ပါရစေ ဆိုတော့
quantity တိုးမြှင့် ပြီးချစ်ပါ့မယ်ဆိုတဲ့ စံရတီ မိုးမြင့် ကိုဘယ်နားသွားထားရမလဲ
အိချောပို နဲ့ သိသောကိုယ် က...ဂျူးဂျူးကေ နဲ့ ပူးပူးနေတတ်ပြန်တော့
နိုနိုကေ က...ကိုကိုရေ..တဲ့..(နှုတ်ခမ်းလေးစူပြီး}
ယုသန္တာတင် ကလည်း ခုတခါမြင် ပေးလှဲ့ပါ သူ့ဘဝကိုတဲ့
ဟန်နီလစ်ရင် ချစ်မယ်ဆိုတဲ့ခပ်ကဲကဲ ၁ ယောက်ကတော့ စန္ဒီမြင့်လွင် ပေါ့
သင်ဇာဝင့်ကျော် ပို့ထားတဲ့...အစဉ်သာချစ်နော် ဆိုတဲ့ sms ကိုဘယ်လို reply လုပ်ရပါ့...
ပုလဲဝင်း ရဲ့ အသဲချင်း ဖလှယ်ပါရစေ ဆိုတဲ့ facebook က message ကလဲရှိသေးတယ်...
may grace ပယ်ရီ က လေအပြည့် လယ်ပြီ ဆိုပြီး အမြဲနောက်တတ်တာလေးကလည်း မျက်စိထဲကမထွက်
နန်းခေးမား က လမ်းဘေးနား မှာတွေ့လိုက်ရကထဲ က မောင့်ကိုချစ်မိသွားတာပါတဲ့...
ဘာပဲပြောပြော ချမ်းချမ်း ကိုတော့ လှမ်းလှမ်း မှာပဲထားဖို့ ဆုံးဖြတ်လိုက်တယ်
ပြီးတော့ နန်းခင်ဇေယျာ ကလဲ အလွမ်းရင်မှာ ပိုက်နေရပါတရ်ဆိုပြန်တော့ .. ခရစ္စတီးနား ကိုတောင် ပစ်ပီးထားခဲ့ရသေးတယ်..
နောက်ဆုံး မယ်ပြိုင်ပွဲဝင်နေတရ့် ခင်ဝင့်ဝါ က တောင် အစဉ်ချစ်ပါ ဆိုပီး ကတိတွေတောင်းသေးတရ်..
ဒီကြားထဲ မိုင်လေး ဆိုင်းရပ်စ် က လဲ ကျနော့် ဆိုင်ဘေးကားရပ်ပီး လက်ထပ် ခွင့် လာတောင်းနေလို့ ဆိုင်ပိတ်ထားရတာလဲကြာပေါ့ ကွယ်....
Tag :
ဟာသ,
ဘယ်သူရူးသလဲ
By : Unknownသင်္ချာဆရာမသည် တပည့်ဖြစ်သူ၏ သင်းခန်းစာ စာအုပ်မှ သင်္ချာပုစ္စာများတွက်ထားသည်ကို စစ်ဆေးသည်။ ရှုတ်ထွေးစွာ ရေးထားသဖြ**့ မည်သို့မှ အဓိပ္ပာယ် မဖော်နိုင်ပဲ ဖြစ်ရာ အောက်ပါ အတိုင်း ငြီးငြူသည်။
“မင်း နဲ့ ဆရာမ နဲ့ တစ်ယောက်ယောက်တော့ ရူးပြီထင်တယ်”
နောက်နေ့တွင် တပည့်ဖြစ်သူသည် ဆရာမအား စာအိပ်တစ်အိပ် ပေးသည်။
“ဒီအထဲမှာ ဘာ ပါသလဲ ပီတာ”
“ကျွန်တော် မရူးကြောင်း မြို့နယ်ဆရာဝန်ကြီးရဲ့ ထောက်ခံစာပါ”
Tag :
ဟာသ,
တို့မိသားစု
By : Unknownလူတယောက်က မိတ်ဆွေတဦးကို ရှင်းပြလိုက်၏။ ငါတို့အိမ်ထောင်စုကတော့ နိုင်ငံတနိုင်ငံနဲ့ တူတယ်ကွ။ ငါ့ဇနီးက ဘဏ္ဍာရေးဝန်ကြီး၊ ငါ့ယောက္ခမကြီးက ကာကွယ်ရေးဝန်ကြီး၊ ငါ့သမီးက နိုင်ငံခြားရေးဝန်ကြီးကွ။
မိတ်ဆွေဖြစ်သူက ပြောလိုက်သည်။ စိတ်ဝင်စားစရာပဲကွ၊ ဒီတော့ မင်းက ဘယ်ရာထူးမှာလဲ။
ငါက ပြည်သူလူထုလေ။ သူတို့ကို ငါက တချိန်လုံးလုပ်ကျွေးနေရတာပေါ့ကွာ။
Tag :
ဟာသ,
တညင်းသီးကြိုက်သူများအတွက်
By : Unknownဟိုးရှေးရှေးတုန်းက...
ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး စိုးစံနေသတဲ့ကွယ် ၊
သူ.မှာအင်မတန်မှချောမောလှပတဲ့ သမီးတော်တစ်ပါးရှိသတဲ့။
သူသမီးတော်လေးဟာ ဘယ်လောက်ထိချောသလဲဆိုရင် အတိုင်းတိုင်း အပြည်ပြည်
မှာသူ.ရဲ့ဂုဏ်သတင်းဟာကျော်ကြားသတဲ့ကွယ်။
သူ.ကိုလက်ဆက်ချင်တဲ့ မင်းသားတွေ၊ ဘုရင်တွေ အများကြီးပဲပေါ့ကွယ်။
အဲဒီလိုဖြစ်နေကြတော့ တစ်ယောက်နဲ့တစယောက်မတည့်ကြပဲ
စစ်ခင်းယူကြတော့မလိုဖြစ်နေကြတာပေါ့။ မင်းသမီးကိုခုနှစ်ပိုင်း
ပိုင်းပြီးဝေရမယ့်အပါက် ရောက်နေတာပေါ့။
အဲဒါနဲ့ဘုရင်ကြီးက အမတ်တွေ အကြံပေးတဲ့အတိုင်း မင်းသမီးကို
မိကျောင်းတွေအပြည့်ရှိတဲ့ ကန်တကန်ရဲ့ အလယ်မှာကျွန်းလေးလုပ်ပြီး
မင်းသမီကိုထားသတဲ့။
မင်းသမီးကို လက်ဆက်လိုတဲ့သူတွေက အဲဒီကျွန်းပေါ်ကို ဘာအကူအညီမှမပါဘဲ
ရေမစိုဘဲနဲ.ရောက်အောင်သွားနိုင်တဲ့သူ
မင်းသမီးကိုလက်ဆက်ရမယ်ဆိုပြီးကြေညာမောင်းခတ်သတဲ့။
အဲလိုနဲ့ပဲ မင်းသမီးကိုလက်ဆက်ချင်တဲ့သူတွေ လက်မှိုင်ချနေရတာပေါ့။
ဒီလိုနဲ. အချိန်တွေကကြာလာတာပေါ့။
တနေ.မှာ ဆတ်ဆော့တတ်တဲ့ နတ်သားတပါးဟာမင်းသမီးကိုတွေ.သွားပါလေရော
တွေ.လဲတွေ.ရောမင်းသမီးကိုကြိုက်လို.ဆိုပြီးနတ်ပြည်မှာ
ခေါ်ယူပေါင်းသင်းတာပေါ့။
ဘုရင်ကြီးကလဲသူ.သမီးပျောက်လို.ဆိုပြီး ပူဆွေးနေတာပေါ့
အဲဒီလိုဘုရင်ကြီးပူဆွေးနေတာကို ထီးချက်စောင့်နတ်သမီး ကသိလို.
သိကြားမင်းကိုတိုင်တာပေါ့။
အဲဒီတော့သိကြားမင်းက အဲဒီနတ်သားကိုခေါ်ပြီး
မင်းသမီးကိုနတ်ပြည်နဲ.လူသားမအပ်စပ်လို.ပြန်ပို.စေတယ်။
နတ်သားက မင်းသမီးကိုပြန်ပို.မယ်လုပ်တော့မ်းသမီးက မပြန်ချင် ဘူး။
ဘယ်ပြန်ချင်မလဲ မင်းသမီးကနတ်သြဇာတွေစားပြီး မပြန်ချင်ဘူး။
နတ်သားကလဲ သိကြားမင်းအမိန်.ဆိုတော့ မပို.ချင်လို.မရဘူး လူ.ပြည်နဲ.နတ်သြဇာ
မအပ်စပ်ဘူးဆိုပြီး မင်းသမီးကို နတ်သြဇာတွေ
ယူမသွားခိုင်းဘူး မင်းသမီးကလဲ သူကြိုက်တဲ့နတ်သြဇာသီးတစ်လုံး
ကိုနတ်သားမမြင်အောင် သူ.ကိုယ်ထဲ ဖွက်ယူလာခဲ့တယ်တဲ့။
အဲဒီလိုနဲ့ လူ.ပြည်ပြန်ေ၇ာက်တော့ မင်းသမီးလဲ လူ.ပြည်မှာမနေတာကြာတော့
မစားနိုင်မသောက်နိုင်ဖြစ်ပြီးသေပါလေရော။
မင်းသမီးသေတော့သူ.ကိုလိုချင်တဲ့သူတွေလဲ ဆွေးရောပေါ့
တနေ့လဲကြရော မင်းသမီးရဲ့အုတ်ဂူကနေ အပင်တပင်ပေါက်လာရော အဲဒီအပင်က
မင်းသမီးနတ်ပြည်ကနေ နတ်သားမသိအောင်သူ.ကိုယ်ကြားထဲ ဖွက်ယူလာတဲ့အသီးလေ
မထုတ်ဖြစ်ဘဲ ဂူထဲပါသွားတာ
အဲဒီအပင်က အသီးလဲသီးရော သူ.ကိုကြိုက်တဲ့မင်းသားတွေက
မင်းသမီးရဲ.ကိုယ်သင်းနံ့လေးပါတယ်ဆိုပြီး ခူးစားကြတာပေါ့
အဲဒီအသီးကိုခေတ်အဆက်ဆက် စားလာကြတာ ယနေ.ကျနော်တို.စားနေတဲ့တညင်းသီးပေါ့ဗျာ။
အနံ.ကတော့မင်းသမီးကိုယ်နံ.လေးပေါ့ နတ်သားမရှာတဲ့နေရာ
ကိုယ်ကြားထဲမှာဆိုတော့ .........ေိေိေိေိေိ
Tag :
ဟာသ,
လိုက်ခဲ့မလား
By : Unknownလေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်
တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း
အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကို
မြင်လိုက်ရ၏။ လေထီးသမားက
`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´
ဟုလှမ်းမေး၏။
ဒီတော့ ခရီးသည်က
`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´
`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့
လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´
"တိန်"
Tag :
ဟာသ,
သခင်
By : Unknownအမြစ်တွယ် မှ အသက် ရှင် သန်တာက
သစ်ပင် ပန်းပင်တွေမှ မထင် ပါနဲ့လေ
နှလုံးသားတွေဟာ မြေဆီလွှာဆီက ရေဆာနေတယ်ံ
မြတ်စွာဘုရားပွင့်ဖို့တောင် မှ
ပါရမီဖြည့်သူရှိခဲ့ရတယ် မဟုတ်လား
ကိုယ်လိုလူသား ဘာများဆန်းသလဲကွယ်
အသက်ဆက် ရှင် သန်ဖို့
မင်းကငါ့ရဲ့မြေဆီလွှာ
မင်းသာငါ့ရဲ့ပါရမီဖြည့်ဖက်
မင်းသာနှလုံးသားသခင်ကျေးဇူးရှင် ပါ ။
(အလွမ်းရာသီ)
Tag :
ကဗျာ,
အတ္တနေ့စွဲ
By : Unknownရွက်လွင့် ပြီး ငါ့ခရီးရှည် စ
ငါ့ဘဝသစ်တစ်ခု ငါလုယူဖို့ငါကြိုးစားမယ်
လှိုင်းတွေအလယ် မာယာဝဲကယက်ထဲ
ငါ့အိပ်မက်တွေငါဖန်ဆင်းမယ်
မုန်တိုင်းထန်ထန် ကာရံမဲ့ သမုဒ္ဒရာကို အံတု
ငါ့ရုပ်လုံးငါထုဆစ်မယ်
ရှောင် ခွာပြေးပုန်း လမင်းမုန်းတဲ့ညနက်မှာ
ငါ့အ မှောင် ငါတိုးထွက်မယ်
ဝင်္ကဘာနယ် ကယ်သူမဲ့ လမ်းမှာ
ငါ့ကမ္ဘာ ငါဖန်းဆင်းမယ်
ငါ့ရဲ့အတ္တ၊ ငါ့ရဲ့ဇွဲ ၊ ငါ့ရဲ့မာန်နဲ့ ငါ့ရဲ့မနက်ဖြန်
ငါရည်သန်တဲ့စိတ်ကူး
ငါတူးဖော်မယ့် ပထဝီမြေ အတွက်
ငါ့ရဲ့ရှေ့မှာ ငါ့နေမင်း တစ်စင်း
လင်းရောင်ခြည်ဖြာ ငါ့ကမ္ဘာသစ်၌
ငါ့အလံငါစိုက် ငါ့အသိုက်ငါတည်ဆောက်မယ်
ငါ့သမိုင်းအိမ်…
စိန်ခေါ်သူ လောကဓံကို တိုက်ခိုက် ရင်း
ငါပစ်ခွင်းမယ် ငါ့အတ္တနဲ့ ငါ့ရဲ့နေ့စွဲ……။
(အလွမ်းရာသီ)
ၵ
Tag :
ကဗ်ာ,
မၿဖစ္နိုင္တာ
By : Unknownမိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့်
အသက် ၉၃နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး
သူတို့ကလေးရတော့မည့်အကြာင်း ပြောပြလေသည်။
ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။
'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့
လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ
ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက
လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ
ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'
'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီးပစ်လိုက်လို့ နေမှာပေါ့'
'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'
Tag :
ဟာသ,
ဆရာလည်းမမှားဘူး
By : Unknownဆရာကမောင်ပေါကိုမေးလိုက်တယ် 'မောင်ပေါလူတွေအတွက်ငွေနဲ့ အကျင့်စာရိတ္တဘယ်ဟာကအရေးကြီးလဲ' မောင်ပေါက'ငွေပါဆရာ' ဆရာက'မင်းမှားသွားပြီမောင်ပေါ ငါအတွက်ကတော့အကျင့်စာရိတ္တကအရေးဆုံးပဲ' မောင်ပေါက'ကျတော်မမှားဘူးဆရာ လူတွေကကိုယ်မရှိတဲ့အရာကိုတောင်းတကြတာပါပဲ အဲ့တာကြောင့် ဆရာလည်းမမှားဘူးကျတော်လည်းမမှားဘူးဆရာ' တိန်. .....
Tag :
ဟာသ,
လာခဲ့မယ် ပြောလိုက်
By : Unknown…ဟောလိဝုဒ် ဇာတ်ရံနှစ်ယောက်သည် ဘားဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး
အရက်သောက်နေရာ….
တစ်ယောက်က
“ငါပြန်မှ ဖြစ်မယ်ကွာ၊ ငါ့သွားတွေ အရမ်းကိုက်နေတယ်၊ သွား ဆရာဝန်ဆီသွားပြီး…
ဆေးထည့်ခိုင်းမယ်၊ နုတ်သင့်လည်း နုတ်ခိုင်းရတော့မှာပဲ”
…ကျန်တစ်ယောက်က…
“အဓိပ္ပါယ်မရှိတာကွာ၊ မနေ့ကဆို…ငါလည်း သွားကိုက်တာပဲ၊ ဒါနဲ့
ငါအိမ်ပြန်ပြေးပြီး ငါ့မိန်းမကို မွှေးမွှေးပေးပစ်လိုက်တာ… တစ်ခါထဲ
သွားကိုက်တာပါ ပျောက်သွားရော၊ မင်းလည်း ငါ့လို လုပ်ကြည့်ပေါ့”
“မင်းအကြံ ကောင်းတယ်ကွာ၊ မင်းမိန်းမဆီ ဖုန်းဆက်ထားပေးကွာ…
ငါ အခုချက်ချင်း လာခဲ့မယ်လို့ ပြောလိုက်”.
တိန်........................။
Tag :
ဟာသ,
ဒါမှအမတ်အစစ်
By : Unknownရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။
မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။
မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။
Tag :
ဟာသ,
အရှင်သဘောပေါက်တယ်နော်
By : Unknown> တစ်နေ့ မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင်တစ်ပင်ရဲ့ အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ် ။အဲ....အဲလိုခုတ်နေရင်းနဲ့ သူ့ ရဲ့ လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရော။ သူလဲ ဘာလုပ်ရမှန်းမသိတော့တာနဲ့ ပဲ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။
> "အသင် ဘာကြောင့် ငိုနေရတာလဲ ?"
> "ကျွန်တော်မျိုး ရဲ့ ပုဆိန် မြစ်ထဲကို ကျသွားလို့ ပါ အရှင် ။ ပုဆိန်မရှိ ပဲကျွန်တော်မျိုးဘယ်လို အလုပ် ဆက်လုပ်ရ ပါ့မလဲ "လို့ သစ်ခုတ်သမားက ပြန်ဖြေတယ် ။
> နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။
> "ဒါ သင်၏ ပုဆိန်လား ? "
> "မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ပြန်ဖြေတယ်။
> နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ငွေပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။
> "ဒါ သင်၏ ပုဆိန်လား ? "
> "ဒါလဲ မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ထပ်ဖြေတယ်။
> နောက်တစ်ကြိမ် နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး သံပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။
> "ဒါ သင်၏ ပုဆိန်လား ? "
> "ဟုတ်ပါတယ်" သစ်ခုတ်သမားက ၀မ်းသာအားရ နဲ့ ဖြေတယ် ။
> နတ်မင်းကြီးဟာ သစ်ခုတ်သမားရဲ့  ရိုးသားမှု ကို နှစ်သက်ကျေနပ်သွားပြီး ပုဆိန် (၃) လက်လုံးကို ပေးလိုက်တဲ့ အခါ သစ်ခုတ်သမားလည်း ၀မ်းသာအားရနဲ့  အိမ်ကို ပြန်သွားပါတော့တယ် ။
> သိပ်မကြာတဲ့ ကာလတစ်ခုမှာ သစ်ခုတ်သမားဟာ သူ့ ရဲ့ ဇနီး နဲ့ အတူ မြစ်ကမ်းနဘေးကို လမ်းလျှောက်ထွက် လာခဲ့ပါတယ်။မမျှော်လင့်ပဲ သူ့ ရဲ့ မိန်းမဟာ မြစ်ထဲကို ခြေချော်ပြီး ပြုတ်ကျသွားပါရော ။ ဒီတစ်ခါလည်း ဘာလုပ် ရမှန်းမသိ ငိုနေတဲ့ အတွက် မြစ်စောင့်နတ်မင်းကြီးဟာ ပေါ်လာပြန်တယ်။
> "ဟယ်... မောင်မင်း ဘာဖြစ်လို့ ငိုနေရပြန်တာတုန်း?"
> " ကျွန်တော်မျိုးရဲ့  မိန်းမ မြစ်ထဲကို ပြုတ်ကျသွားလို့ ပါ ။မိန်းမ မရှိပဲကျွန်တော်မျိုး ဘယ်လိုလုပ် အဲ...ဘယ်လိုလုပ် ရပါ့မလဲ "
> နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး "မိုးဟေကို" နဲ့ အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။
> "ဒါ သင်၏ မိန်းမ လား ? "
> "ဟာ...ဟုတ်ပါတယ်" အော်ပြီးတော့ကို သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ် ။
> နတ်မင်းကြီးဟာ ဒေါသအလွန်ထွက်သွားပြီး ပြောတယ်-
> "မင်း ညာတယ် ။ ဒါဟာ လိမ်လည်မှုပဲ "
> "အိုး....ခွင့်လွှတ်ပါ အရှင်။ ဒါဟာ အထင်လွဲမှားမှု တစ်ခုပါ ။ ကျွန်တော်မျိုးရှင်းပြ ပါရစေ။ တစ်ကယ်လို့  ကျွန်တော် မျိုးက "မိုးဟေကို" ကိုမဟုတ်ပါဘူးလို့  ငြင်းခဲ့မယ်ဆိုရင် အရှင်က "သင်ဇာဝင့်ကျော်" နဲ့ အတူ နောက်တစ်ကြိမ် ပေါ်လာဦးမယ် ။အဲ ကျွန်တော်မျိုးက မဟုတ်ပါဘူး ထပ်ပြောမှအရှင်က ကျွန်တော်မျိုး မိန်းမ ကို ခေါ်ပြီးပေါ်လာမယ် ။ အဲဒီ အခါကျ ကျွန်တော်မျိုးက "ဟုတ်ပါတယ်" ဆိုရင် အရှင်က သဘောကျပြီး (၃) ယောက်လုံး ကျွန်တော်မျိုးကို ပေးပါတော့မယ် ။ နတ်မင်းကြီးရယ်...ကျွန်တော်က ဆင်းရဲတဲ့ သစ်ခုတ်သမားလေး ပါ ။ ဘယ်လို လုပ်ပြီး မိန်းမ (၃)ယောက်ကို ဂရုတစိုက် လုပ်ကိုင်ရှာဖွေ ကျွေးနိုင်ပါ့မလဲ ။ ဒါဆိုရင် ကျွန်တော်ဘာ ကြောင့် လိမ်ညာရတယ် ဆိုတာ အရှင်သဘောပေါက်မယ် ထင်ပါတယ် "
ချက်ချင်းဆုတောင်းပြည့်တယ်ဗျာ
By : Unknownအိုင်ယာလန်နိုင်ငံရှိ ဆုတောင်းပြည့်ရေတွင်းကြီးသို့ လူလတ်ပိုင်းအရွယ်
စုံတွဲနှင့် မိတ်ဆွေတစ်ယောက်တို့ ရောက်ရှိလာကြသည်။
ခင်ပွန်းသည်က အကြွေတစ်စေ့ကို တွင်းထဲပစ်ချပြီး ငြိမ်သက်စွာအာရုံပြု
ဆုတောင်းနေသည်။ ဇနီးသည်ကလည်း သူ့ခင်ပွန်းကဲ့သို့ ပြုလုပ်လိုက်သည်။
သို့သော် အကြွေစေ့ပစ်ချစဉ် အရှိန်လွန်ခြေချော်ကာ
တွင်းထဲသို့လိမ့်ကျသွားသည်။
လောလောလတ်လတ် မုဆိုးဖိုဖြစ်သွားသည့် ခင်ပွန်းဖြစ်သူက သူ့မိတ်ဆွေကို
လှည့်ပြောလိုက်သည်။
“ချက်ချင်းဆုတောင်းပြည့်တာ အံ့စရာပဲဗျာ”
Tag :
ဟာသ,
အော်လေဗျာ...
By : Unknown" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ
ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက
နားနည်းနည်းလေးတယ် "
"ဗျာ"......................။
Tag :
ဟာသ,
ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း
By : Unknownဆရာမ။ ။ ကလေးတို့ရေ...ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
ပီတာ။ ။ ဝေလငါးနဲ့ အိပ်လို့ပါ။ ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို
အပြင်သို့ထွက်သွားခိုင်းလေသည်။
ထို့နောက်အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။
ဆရာမ။ ။ ကလေးတို့ရေ...ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။
အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။ ။ ဝေလငါးန့ငဲါးဖယ်နဲ့အိပ်နေတာကိုတွေ့ သွားလို့ပါ။
Tag :
ဟာသ,
သူ့စကားနဲ့သူ
By : Unknownသား။ ။သားသူငယ်ချင်းအောင်မြတ်ရဲ့ဖေဖေကရေကူးအရမ်းကျွမ်းကျင်တာ၊ဖေဖေကဘာလို့ရေမကူးတတ်တာလဲဟင်။
အဖေ။ ။အောင်မြတ်ရဲ့အဖေကငါးစားတော့ရေကူးတတ်တာပေါ့ကွာ။ဖေဖေကငါးမစားတော့ရေကူးမတတ်ဘူးပေါ့။
သား။ ။ဒါဆိုဖေဖေကကြက်သားစားပြီးဘာဖြစ်လို့ဥမဥတာလည်းဟင်။
တိန်.......................။
Tag :
ဟာသ,
အကြံကောင်း
By : Unknownအရမ်းချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် တစ်နေ့မှာ ပန်းချီဆရာ ဆီ လာပြီး သူ့ရဲ့ပုံတူကို ဆွဲခိုင်းပါတယ်။
သူ့ခင်ပွန်းအတွက် လက်ဆောင်ပေါ့။ ပန်းချီဆရာက ပန်းချီဆွဲဖို့ သူ့ကို ထိုင်ခိုင်းလိုက်ပါတယ်။ အဲဒီမှာ အမျိုးသမီးက "ဆရာရေ ...ကျွန်မကို ခုအနေအထားအတိုင်း တစ်ပုံစံတည်းတူအောင်ဆွဲပေးပါနော်။ ကျွန်မ မျက်နှာကအရေးအကြောင်းတွေရော၊ ဟော့ဒီပါးထက်က မှဲ့လေးရော၊ တစ်ခုပဲ...။ ကျွန်မရဲ့ လည်ပင်းနဲ့ လက်တွေမှာ စိန်လည် ဆွဲတွေ၊ ဘယက်တွေ၊လက်ကောက်ကြီးတွေနဲ့စိန်လက်စွပ်ကြီးတွေ များများသာ ထည့်ပေးပါနော်"လို့ ပြောပါတယ်။
ဒါနဲ့ ပန်းချီဆရာလည်း နားမလည် နိုင်အောင်ဖြစ်ပြီး ဘာကြောင်လဲလို့ မေးတော့အမျိုးသမီးပြန်ဖြေတာက "တကယ်လို့ ကျွန်မသေပြီး ကျွန်မ ယောက်ျားနောက်အိမ်ထောင်ပြုခဲ့ရင် အဲဒီမိန်းမက ဒီလက်ဝတ်ရတနာ တွေ လိုက်ရှာရင်းနဲ့ ရူးမှာလေ"တဲ့။
တိန်.........။
Tag :
ဟာသ,
စုံစမ်းပုံက
By : Unknownစားသောက်ဆိုင် တစ်ဆိုင်မှ မိန်းကလေးတစ်ယောက်ကို သဘောကျနေသော ကုမ္ပဏီ ပိုင်ရှင် သူဌေးတစ်ဦးသည်
မရမနေဇွဲ ဖြင့် ပိုးပန်းခဲ့ရာ နောက်ဆုံးမှာ မိန်းကလေး၏ အချစ်ကိုရရှိခဲ့သည်။
သူဌေးသည်မိန်းကလေးနှင့် အတူ သုံးလေးခါမျှ ချိန်းဆိုပြီး အပြင်မှာ လိုက်လံ
လည်ပတ်ခွင့်ရခဲ့သည်။ ထို့နောက် လက်ထပ်ယူမည်ဟုစဉ်းစားကာ လူယုံတော်
တပည့်များနှင့် ဆက်သွယ်လျက် မိန်းကလေး၏ စာရိတ္တနှင့် ပတ်သက်ပြီး စုံစမ်းခိုင်းလေသည်။
စုံစမ်းရရှိသော အစီရင်ခံစာမှာ -----
"မိန်းကလေး၏ စာရိတ္တနှင့် ပတ်သက်ပြီး အထူးပြောရန်မလိုပါ နေမှု ထိုင်မှု ပါ အလွန်ဖြူစင်သန့်ရှင်း
ပါသည် ။ သို့သော် အခြားမဟုတ်ပါ ။ သူမသည် များမကြာမှီကပင် အကျင့်သိက္ခာမရှိသော သူဌေးတစ်ဦးနှင့် သုံးလေးခါ တွဲသွား တွဲလာ
နေသည်ကို တွေ့ရသည်ဟူသော သတင်းများ ရရှိပါသည်" ဟုရေးပြီး အစီရင်ခံလိုက်လေသည်။
သူဌေးကအဲ့အစီရင်ခံစာဖတ်ပြီး အလွန်ဒေါသထွက်ပြီးသတိလစ်သွားလေတော့တယ်.....။
Tag :
ဟာသ,
ဘယ်အချိန်အိပ်လဲ
By : Unknownဆေးခန်းကို အမျိုးသမီးတစ်ယောက်ရောက်လာတယ်။
"ကျွန်မ ပြီးခဲ့တဲ့ နှစ်ပတ်က အိမ်ထောင်ပြုပါတယ်။ အခုမှ
ဟန်းနီးမွန်းခရီးကပြန်ရောက်တာပါ"
ဆရာဝန်က "ပြောပါ ပြောပါ အိမ်ထောင်ရေးကိစ္စဆိုတာ ရှက်နေလို့မရဘူး
ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ"
အဲတော့မှ အမျိုးသမီးက "ကျွန်မသိချင်တာ ယောက်ကျားတွေ
ဘယ်အချိန်အိပ်ကြလည်းဆရာ"
Tag :
ဟာသ,
စိတ်ဆိုးရင်ခဏပဲ...
By : Unknownတစ်ခါက ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ ခရီးသွားရင်
ရထားမှာ အိပ်စင်အပေါ်အောက်နေရာရတယ်ဆိုပဲ။
ညရောက်တော့ အောက်အိပ်စင်က မိန်းမက အပေါ်ကယောက်ကျားကို
လှမ်းပြောတယ်
"အပေါ်ကလူ အိပ်နေပြီလား"
"အိပ်သေးပါဘူးဗျ"
အဲတော့မိန်းမက
"ကျမယောင်္ကျားကလေ ကျမအပေါ်သိပ်ရက်စက်တာရှင့်။ ဂရုလဲမစိုက်ဘူး။
အခုသူ့အကြောင်းတွေရင်းတောင် စိတ်ဆိုးတယ်"
အပေါ်အိပ်စင်ကယောင်္ကျားကလည်း
"ကျွန်တော့မိန်းမလည်း ဒီလိုပါပဲဗျာ။ ကျွန်တော့ကို
လုံးဝမကြင်နာဘူး။အရမ်းကို အနိုင်ကျင့်တာပေါ့"
"ဟုတ်လား ဒီလိုဆို အခွင့်ရေးရတုန်း ကျွန်မတို့ သူတို့နှစ်ယောက်ကို
လက်စားချေလိုက်ရအောင်"
အဲဒါနဲ့ အပေါ်အိပ်စင်က ယောင်္ကျားလည်း အောက်အိပ်စင်ကိုဆင်းလာပြီး
လက်စားချေလိုက်ရော ဆိုပါတော့။ (ဒန် တန့်ဒန်)
ပြီးတော့ ယောင်္ကျားက သူ့နေရာမှာသူပြန်အိပ်နေတာပေါ့။
ခဏလောက်ကြာတော့ မိန်းမက
"ဒီမှာရှင့် ကျမအခုတွေးရင်းတွေးရင်းနဲ့ ထပ်စိတ်ဆိုးလာပြန်ပြီ
ထပ်ပြီးလက်စားချေရင်ကောင်းမလား"
အဲတော့ အပေါ်အိပ်စင်က ယောက်င်္ကျားက
"ဟင့်အင်း ကျွန်တော်က စိတ်ဆိုးရင်ခဏပဲဗျ"
ဟင်......................။
Tag :
ဟာသ,
ကြိုက်လို့ပါ
By : Unknownတရားသူကြီးက တရားခံကိုမေးတယ်
"မောင်မင်းဘာကြောင့် ဒီအမျိုးသမီးကို မုဒိန်းကျင့်ရသလဲ"
"ကျွန်တော်သူ့ကို ကြိုက်လို့ပါ" တရားခံက မျက်စိကို လက်နှစ်ဖက်နဲ့
ပိတ်ပြီးဖြေတယ်။
"ဒါဖြင့် မောင်မင်း ဘာကြောင့် ဟိုဖက်က အမျိုးသားကို မုဒိန်းကျင့်ရသလဲ"
"သူ့ကိုလည်း ကျွန်တော် ကြိုက်လို့ပါ" တရားခံက မျက်စိကို လက်နှစ်ဖက်နဲ့
ပိတ်ပြီးဖြေတယ်။
"ဒီမှာ မောင်မင်း ဒီနေရာဟာ တရားခွင်ဆိုတာနားလည်တယ်မလား။
ဘာကြောင့် မလေးမစား မျက်စိကိုလက်နဲ့ပိတ်ထားရတာလဲ။"
"တရားသူကြီးကိုလည်း ကျွန်တော်ကြိုက်နေလို့ပါ။"
Tag :
ဟာသ,
အားနွဲ့သူပါရှင်
By : Unknownကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။
သူဝယ်ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့ လေ....တောင်းတလုံးရယ်၊ အိမ်သုတ်ဆေးတဂါလံပုံးရယ်၊ ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၄ ကောင်ရယ်လေ။
ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်...
"ခြံအမှတ် ၀၀၇၊ ရေဝတီလမ်းကို သိပါသလားရှင်"
"သိတာပေါ့၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ"
"ဒါဆို ဘယ်လိုသွားရမလဲရှင်"
"ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့ ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့"
"လွယ်လွယ်လေး၊ အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊ ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊ ဘဲ၂ ကောင်ဆီကို လက်တဖက်ဆီမှာဆွဲလိုက်"
သူမပြောသလိုလုပ်လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။
အဲလိုနဲ့ အတူတူလျှောက်လာကြရင်း လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမက ကိုထုံကို စွပ်စွဲပါတော့တယ်...
"ရှင်..ရှင်...ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး ဗလက္ကာရကျင့်မလို့ မလား"
"ဗျာ...ကျနော့် ခေါင်းပေါ်မှာ ဆေးပုံးကြီးနဲ့တောင်းကို ရွက်ထားတယ်...လက်မောင်းမှာလဲ ကြက်တွေချိပ်ထားတယ်၊ လက်နှစ်ဖက်မှာလဲ ဘဲတွေ ဆွဲထားရတယ်၊ ဒီလိုလူက ခင်ဗျားလေးကို ဘယ်လိုလုပ် ဗလက္ကာရကျင့်လို့ရမလဲဗျာ..."
ဒီတော့ အားနွဲတဲ့ မိန်းကလေးက ဘာပြန်ပြောတယ်ထင်လဲ... ....
"ဘဲတွေကို အောက်ချလိုက်ပြီး ထွက်မပြေးနိုင်အောင် တောင်းနဲ့ အုပ်လိုက်လေ၊ ဆေးပုံးကို တောင်းအပေါ်ကဖိထားလိုက်၊ ကြက်နှစ်ကောင်ကိုတော့ ကျမ ကိုင်ထားပေးမယ်"....တဲ့။
Tag :
ဟာသ,
ဂျင်မီနဲ့လူစီရဲ့ မင်္ဂလာဦးည....
By : Unknown
ရေချိုးခန်းထဲမှာ လူစီရေချိုးနေတယ်။ ဂျင်မီက အဝတ်အစားတွေလဲရင်း "သူ့ကိုငါ
ဘယ်လိုပြောရမလဲ! ငါ့ခြေထောက်က ကမ္ဘာပေါ်မှာအနံဆုံးဆိုတာကို ငါရဲ့သတိုးသမီးကို
ငါဘယ်လိုပြောပြရင် ကောင်းမလဲ?" လို့တွေးနေတယ်။
အဲဒီနောက် ဂျင်မီက ခြေအိတ်ကိုချွတ်ပြီး ကုတင်အောက် ပစ်ထည့်လိုက်တယ်။
အဲဒီအချိန်မှာ ရေချိုးခန်းထဲက လူစီထွက်လာတယ်။ လူစီကို
မျက်နှာချင်းမဆိုင်ရဲတဲ့ဂျင်မီဟာ ရေချိုးခန်းထဲ ပြေးဝင်သွားတယ်။ အဲဒီမှာ
လူစီကလည်း ကုတင်ခြေရင်းမှာထိုင်ပြီး "သူ့ကို ငါဘယ်လိုပြောပြရမလဲ? ငါ့ပါးစပ်က
ကမ္ဘာပေါ်မှာ အနံ့အဆိုးဆုံးဆိုတာကို ငါရဲ့သတိုးသားကို ငါဘယ်လို
ပြောပြရင်ကောင်းမလဲ" လို့ တွေးနေတယ်။
အဲဒီမှာ ရေချိုးခန်းထဲကနေ ဂျင်မီထွက်လာတယ်။ လူစီကပြေးပြီး
ဂျင်မီကိုတစ်ချက်နမ်းလိုက်တယ်။ ပြီးတော့... "နင့်ကို ငါပြောစရာရှိတယ်
ဂျင်မီရယ်" လို့ဆိုတော့ ဂျင်မီက လက်ကာပြီးပြောလိုက်တယ်။
"ငါ သိတယ် .. ငါသိတယ်.. နင် ငါ့ခြေအိတ်ကိုစားလိုက်တယ်ဆိုတာ ငါသိတယ်" ဟူတည်း။
Tag :
ဟာသ,
တစ်ပတ်ရိုက်သူ
By : Unknown
စားသောက်ဆိုင်တစ်ဆိုင်သို့ အရပ်မြင့်မြင့် ဗလကောင်းကောင်းလူသန်ကြီးတစ်ယောက်ဝင်လာသည်။
''ဒီဆိုင်ထဲမှာစမစ်ဆိုတဲ့ ကောင်ရှိလား'' ဘယ်သူမှအသံမထွက်ချေ။
''ဟေ့ မေးနေတယ်လေ စမစ်ဆိုတဲ့ကောင်ရှိလားလို့''
ထိုအချိန်တွင်ထောင့်တစ်ထောင့်တွင်ထိုင်နေသည့် အကောင်သေးသေးပိန်ပိန်နှင့်လူ့ဖလံလေးတစ်ယောက်
ထွက်လာသည် ''စမစ်ဆိုတာကျုပ်ပဲ ဘာကိစ္စလဲ'' လူသန်ကြီးကဘာမှမပြောပဲ
လူ့ဖလံလေးကို စိတ်ရှိလက်ရှိထိုးကြိတ်ပြီးထွက်သွားသည်။
လူ့ဖလံလေးဒယီးဒယိုင်ဖြ**့ထလာပြီးပြောသည်
''ဟဲဟဲ ဟိုငနဲကိုကျုပ်တစ်ပတ်ရိုက်လိုက်တာပိုင်တယ်မလား ကျုပ်ကစမစ်မဟုတ်ဘူးဗျ''
Tag :
ဟာသ,
(ကောင်းလိုက်တဲ့ ၀ိတ်ချနည်း)
By : Unknownလူဝကြီးတစ်ယောက်ဟာ ဝိတ်ချချင်တာကြောင့် ကုမ္ပဏီကို ဖုန်းဆက်လိုက်တယ်..။
ကုမ္ပဏီ.. ရဲ့ အစီအစဉ်တွေကို မေးပြီး (၅) ရက်ကို (၁၀) ပေါင် ဝိတ်ကျစေတဲ့
လေ့ကျင့်ခန်းကို ယူမယ်လို့ပြောလိုက်တယ်...။
..........နောက်နေ့မနက်မှာတော့
အိမ်တခါးခေါက်သံကြားလို့သွားဖွင့်ပေးလိုက်တယ်..။ ၁၉ နှစ်အရွယ်
ချစ်စရာကောင်းတဲ့ အားကစားမယ်လေးတစ်ယောက် ရပ်နေတာတွေ့တယ်..။
.........ကလေးတစ်ယောက်လိုဝတ်ဆင်ထားပြီး Nike အပြေးလေ့ကျင့် ဖိနပ်တစ်ရန်
ဝတ်ထား ပြီး လည်ပင်းမှာချိတ်ဆွဲထားတဲ့ စာတစ်ကြောင်းလဲရှိတယ်..။
မိန်းမငယ်လေးက သူ့ကိုယ်သူ ကုမ္ပဏီ ကလွှတ်လိုက်တဲ့
ကိုယ်စားလှယ်ဖြစ်ကြောင်းမိတ်ဆက်ပြီး လည်ပင်းက စာကို ဖတ်ပြလိုက်တယ်...။
"""ငါ့ကို မှီအောင်လိုက်နိုင်ရင် ငါ့ကို နင်ပိုင်ပြီ"""
......လူဝကြီး သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ ဘဲ မှီအောင်
အတင်းပြေးလိုက်တော့တယ်... မိုင်အတော်လေး ပြေးပြီးတဲ့နောက် မောဟိုက်လွန်း
တာကြောင့် စိတ်မတင်မကျနဲ့ ပဲ အရှုံးပေးလိုက်တယ်...။
........မိန်းမငယ်လေးက နောက် ထပ်လေးရက် စလုံး လဲ ဒီလိုပဲ ရောက်လာပြီး ပြေးကြတယ်..။
၅ ရက်မြှောက်နေ့မှာတော့ ကုမ္ပဏီက ကတိပေးထားတဲ့ တိုင်း (၁၀) ပေါင်
ဝိတ်ကျသွားမှန်းသိလိုက်တယ်..။
.........ကျေနပ်စွာပဲ နောက်တစ်နေ့မှာတော့ ကုမ္ပဏီကို ထပ်ဖုန်းဆက်ပြီး (၅)
ရက် ကို ပေါင် (၂၀)ကျတဲ့ လေ့ကျင့် ခန်း ထပ်ယူမယ်လို့မှာလိုက်တယ်...။
............နောက်နေ့မနက်မှာ အိမ်တခါးခေါက်လို့သွားဖွင့်ပေးလိုက်တော့
...။ သူ့ဘဝမှာ မှာတွေ့ဖူးသမျှ ကြုံဖူးလာသမျှ. အချောဆုံး
အလှဆုံးလို့ထင်ရလောက်တဲ့ အချိုးအစားကျကျမိန်း မပျိုလေး တစ်ယောက်
ရပ်နေတာတွေ့ပြန်တယ်..။
..........Reebok လေ့ကျင့် ဖိနပ်တစ်ရံကလွဲလို့
ဘာမှဝတ်ဆင်မထားဘူး..။လည်ပင်းမှာ စာတန်း တစ်ခုပဲရှိတယ်...ဒါကတော့
"""ငါ့ကို မှီအောင်လိုက်နိုင်ရင် ငါ့ကို နင်ပိုင်ပြီ"""
မိန်းမပျိုလေးက ခန္ဓာကိုယ့် အချိုးအစားကအစ ချောမောပြေပြစ်
လှလွန်းတာကြောင့် ပိုပြီး ကြိုးစားပန်းစား ပြေးလိုက်တာပေါ့... ဒါပေမယ်
ကံမကောင်းစွာပဲ မှီအောင်မလိုက်နိုင်ပြန်ဘူး..။
နောက်ထပ်လေးရက် လဲ ဒီလိုပဲ လိုက်ကြပြေးကြတာပေါ့ ...။သူ့ခန္ဓာကို ပို ပြီး
ကြည့်ကောင်းလာတာကလွဲပြီး မှီအောင်တော့ မလိုက်နိုင်ခဲ့ဘူး..
......(၅) ရက်မြှောက်နေ့မှတော့ သူ့ကိုယ်သူ ပေါင် (၂၀) လျော့
ကျသွားမှန်းသလိုက်တော့ ဝမ်းမြှောက်သွားတယ်...။
မကျေနပ်သေးဘဲ ကုမ္ပဏီကို နောက်တစ်ခါ ဖုန်းထပ်ဆက်ပြီး (၇) ရက် ကို ပေါင်
(၅၀) ကျစေတဲ့ လေ့ကျင့် ခန်း ကို မှာလိုက်တယ်..။ ကုမ္ပဏီက
သေချာအောင်ပြန်မေးတယ်..။
"""....ခင်ဗျား တစ်ကယ်ပဲ ဒီလေ့ကျင့်ခန်း ကို လုပ်ချင်ပါသလား...။
ဒီလေ့ကျင့်ခန်းက ကုမ္ပဏီရဲ့ အရမ်း တင်းကျပ်ပြီး
ပြင်းထန်တဲ့လေ့ကျင့်ခန်းဖြစ်လို့ပါ...။"""
"""....အသေ အချာပါပဲ ဒီနှစ်တွေမှာ အဲ့ဒီလို အရသာမခံစားရတာ ကြာပြီ မို့
စမ်းသပ်ကြည့်ချင်ပါသေးတယ်.."""
သူပြန်ပြောလိုက်တယ်..။
နောက်နေ့မနက်မှာတော့ တခါးခေါက်သံ ကြားတာနဲ့ အပြေးလေး သွားဖွင့်ပေးလိုက်တယ်...။
..ခန္ဓာ ကို တောင့် တင်း ခိုင်မာပြီး ကြွက်သားတွေနဲ့ ဖုထစ်ထွက်နေတဲ့
လူသန်ကြီး တစ်ရောက် ရပ်နေတာတွေ့လိုက်တယ်...။
ပန်းရောင် ဖိနပ်တစ်ရံကလွဲပြီး ဘာမှဝတ်မထားဘူး.. လည်ပင်းမှာတော့
စာတစ်ကြောင်းရေးဆွဲထားတယ်...။
""" မင်းကို ငါမှီရင် မင်းဟာ ငါ့ အတွက်ပဲ"""
...........................အဲ့ဒီအပတ်မှာတော့ သူ့ ကိုယ်သူ ( ၆၃ )
ပေါင်ကျသွားမှန်း သိလိုက်တယ်....
Tag :
ဟာသ,
လွတ်တော်
By : Unknownအစည်းအဝေးမှ ပြန်လာသော လွတ်တော်အမတ်ကို မိန်းမက မေးသည် ။
" ရှင်ဟာ အစည်းအဝေးတွေပဲ နေ့ တိုင်းတက်နေပြီး....အစည်းအဝေးမှာ ဘာတွေပြောကြသလဲဆိုတာ
ကျမကို ပြန်မပြောပြဘူး "
" သြော်...မင်းကလဲကွာ အကြောင်းအရာမျိုးစုံ ဆွေးနွေးကြတာပေါ့...ဥပမာ ယောင်္ကျားတိုင်း မိန်းမ ၂ ယောက်ယူခွင့်ပြုဘို့ 
အကြောင်း ဒီနေ့  ဆွေးနွေးကြတယ် "
" ဘာ...မိန်းမ ၂ ယောက်..ဟုတ်လား...သေချင်းဆိုး...ရှင့်ကို ဘယ်သူက ခွင့်ပြုမှာလဲ.. ဟင်း..ဟင်း.."
" မင်းကလဲ..ဒေါသကြီးပဲ...ဒီအကြောင်းကို မနက်ဖန်မှ အပြီးသတ် ဆုံးဖြတ်မှာပါကွ.."
နောက်နေ့ တွင် ယောင်္ကျားကို မိန်းမက စိတ်မရှည်စွာဖြင့်.တစ်နေ့ လုံးမျှော်သည် ။ ပြန်ရောက်လာသောအခါ..မဆိုင်းမတွ မေးခွန်း
ထုတ်လိုက်သည် ။
" ဘယ်လို ဆုံးဖြတ်လိုက်သလဲ..တော့ "
" ထုံစံအတိုင်း..ဆန့် ကျင်ဘက် ဆုံးဖြတ်ချက်ကို ချလိုက်တယ်.ကွာ....မိန်းမတိုင်း ယောင်္ကျား ၂ ယောက် ယူခွင့်ပြုရမယ်..တဲ့ "
" ဟင်..ဟုတ်လား...ဟန်ကျတာပဲ...ဘေးအိမ်က လူပျိုကြီး ကိုယူရမယ်....
٭٭*******"
Tag :
ဟာသ,
သင့်ရဲ့ လျှပ်တပြက် ဥာဏ်ကို စမ်းသပ်ကြည့်ရအောင်...
By : Unknownအခု အောက်မှာ မေးမယ့် မေးခွန်းတွေကို အချိန်ယူစဉ်းစားတာမျိုးမလုပ်ဘဲ ရိုးရိုးသားသားနဲ့ မြန်မြန်ဖတ် မြန်မြန်ဖြေ လုပ်ကြည့်ပါ...
(အချိန်ယူ စဉ်းစားနေမယ်ဆိုရင် ပျော်ရမှာမဟုတ်ဘူးလို့တော့ ကြိုပြောပါရစေ... :P)... ကဲ စလိုက်ရအောင်ဗျာ...
ထပ်ပြီး သတိပေးပါရစေ... မြန်မြန် ဖတ်ပြီး မြန်မြန်ဖြေရမှာပါ....
၁။ အပြေးပြိုင်ပွဲတစ်ခုမှာ သင်ပါဝင်ယှဉ်ပြိုင်နေတယ် ဆိုပါစို့... ဒုတိယနေရာက လိုက်နေတဲ့ လူကို သင်ကျော်တက်လိုက်တယ်... အခု သင်ဘယ်နေရာကနေ ပြေးနေပါသလဲ??
အဖြေ...
...
...
...
...
...
...
...
...
...
...
ပထမ နေရာပေါ့လို့ သင့်ရဲ့စိတ်ထဲမှာ ဖြေလိုက်မိပါသလား...
ဒါဆိုရင်တော့ သင့်ရဲ့ အဖြေလွဲမှားသွားပါပြီ...
ဒုတိယနေရာက လူကို ကျော်တက်လိုက်ရင် သင်ဟာ ဒုတိယနေရာမှာပဲ ရှိနေမှာပါ..
ပထမနေရာက လူကို ကျော်တက်ရဦးမယ်လေ... ဟုတ်တယ်နော် ??
---------------------------------------------------------
၂။ စတိုးဆိုင် တစ်ခုမှာ ဆွံ့အ၊ နားမကြားသူ တစ်ယောက် ဈေးလာဝယ်ပါတယ်..
အရောင်း စာရေးမကို အမူအရာနဲ့ သွားတိုက်တဲ့ ပုံစံ လုပ်ပြတယ်အရောင်း စာရေးမ
ချက်ချင်းသဘောပေါက်သွားပြီး သွားတိုက်တံ ရောင်းချပေးလိုက်တယ်...
ကဲ.. တကယ်လို့ မျက်မမြင်တစ်ယောက်က သူနေကာမျက်မှန် လိုချင်ကြောင်းကို
အရောင်းစာရေးမ သိစေချင်ရင် ဘယ်လိုမျိုး အသိပေးမလဲ???
အဖြေ...
...
...
...
...
...
...
...
...
...
...
သင့်ရဲ့စိတ်ထဲမှာ အမူအရာ ပုံစံတမျိုးမျိုး ပေါ်ပေါက်လာတယ်ဆိုရင်တော့
သင့်ရဲ့ အဖြေမှားယွင်းနေပါပြီ...
မျက်မမြင်တစ်ဦး မျက်မှန်လိုချင်ရင် "ကျွန်တော့်ကို နေကာမျက်မှန်တစ်လက် ရောင်းပေးပါ.." လို့ပြောလိုက်ရုံပဲလေ.
ဟုတ်တယ်ဟုတ်??
----------------------------------------------------------
ကဲ... စိတ်ဓါတ်မကျပါနဲ့...
သင်ဟာ အခုနောက်ဆုံး မေးခွန်းကို မှန်အောင်ဖြေပြီး
ဖြတ်ထိုးဥာဏ် ကောင်းသူ တစ်ယောက်ဖြစ်နိုင်ပါသေးတယ်...
မြန်မြန်လေးတော့ ဖြေနော်...
၃။ မေရီရဲ့ အဖေမှာ သမီးချည်းပဲ ၅ ယောက်တိတိ ရှိတယ်...
သူ့သမီးတွေရဲ့ နာမည်တွေကတော့ (က) ချစ်ချစ်၊ (ခ) ချိုချို၊ (ဂ)ချူချူ၊ (ဃ) ချုံချုံ တဲ့.. ကဲ..
နောက်ဆုံး ကျန်တဲ့ သမီးလေးရဲ့ နာမည်က ဘယ်သူဖြစ်မယ်လို့ သင်ထင်ပါသလဲ???
အဖြေ...
...
...
...
...
...
...
...
...
...
...
သင့်ရဲ့ စိတ်ထဲမှာ ချွေချွေ၊ ချောချော၊ ချယ်ချယ် စသဖြ**့ နာမည်တွေ အစီအရီ ပေါ်လာပါသလား..?
ဒါဆိုရင်တော့ သင့်ရဲ့ အဖြေ မှားပြန်ပါပြီခင်ဗျာ...
နောက်ဆုံး သမီးလေးရဲ့ နာမည်က မေရီပါခင်ဗျာ.. ကျွန်တော် အစကတည်းက ပြောပါတယ်...
မေရီပါလို့...
မောင်ကောင်းထိုက်၏ ဟာသပဒေသာကို မှီငြမ်း ရေးသားထားပါသည်... အားလုံးပျော်ရွှင်ကြပါစေ...။
Tag :
ဟာသ,
အန်လ်ကယ် ရဲ့ငွေနှစ်သောင်း
By : Unknownရန်ကုန်မြို့အတွင်း ပြေးဆွဲသည့် ဘစ်စ်ကားတစ် စီးပေါ်တွင်ဖြစ်၏။
အဘိုးကြီးတဦး ၏ ရှေ့ တွင် အမျိုးသမီးငယ်တစ်ဦးသည် လှပသော မိမိ၏ ခြေထောက်နှစ် ဘက်ကို အဘိုးကြီးမြင်သာအောင်တမင်ထိုင်နေ၏။
ထိုအခါ အဘိုးကြီးမှ ခပ်တိုးတိုးလေသံဖြ**့......
" ကလေးမ....မင်းရဲ့ စကတ်တိုကို ဒီထက် မြင့်မြင့် လေး မ တင်ပေးမယ်ဆိုရင် ငွေတစ်သောင်းပေးမယ်....."
အမျီုးသမီးငယ် က စကပ်ကို မ တင်ပေးလိုက်သည်။
ငွေတစ်သောင်းကိုလည်း တဆက်တည်း တောင်း ယူလိုက်၏။
ထို့နောက် မျက်နှာ ကို ခပ်ပြုံပြုံး လေးလုပ်ပီး အမျီုးသမီးမှ အဖိုးကြီးဆီသို့ ဆက်ပြော၏။
" အန်လ်ကယ် နောက်တစ်သောင်း ထပ်ပေးရင် ကျမ အူအတက် ပေါက် လို့ ခွဲစိတ်တဲ့ နေရာကိုပြမယ်.."
အဘိုးကြီး လည်း ၀မ်းသာအားရ ငွေတစ်သောင်း အမြန် ထပ်ပေးလိုက်၏။
ထိုအခါ အမျိုးသမီးငယ်သည် .. ဘတ်စ် ကားပေါ်မှနေ၍ အဆောက်အဦးတခုသို့ လက်ညှိးညွှန်ပြလေ၏။
အဘိုးကြီးလည်း ကောင်မလေး ညွှန်ပြသော အဆောက်အဦးသို့လှမ်း ကြည့်လိုက်သည်။
ထိုအဆောက်အဦးကား........ရန်ကုန်ပြည့်သူ့ဆေးရုံကြီး.......ပေတည်း။
Tag :
ဟာသ,
ဘယ်သူရူးသလဲ
By : Unknownသင်္ချာဆရာမသည် တပည့်ဖြစ်သူ၏ သင်းခန်းစာ စာအုပ်မှ သင်္ချာပုစ္စာများတွက်ထားသည်ကို စစ်ဆေးသည်။ ရှုတ်ထွေးစွာ ရေးထားသဖြ**့ မည်သို့မှ အဓိပ္ပာယ် မဖော်နိုင်ပဲ ဖြစ်ရာ အောက်ပါ အတိုင်း ငြီးငြူသည်။
“မင်း နဲ့ ဆရာမ နဲ့ တစ်ယောက်ယောက်တော့ ရူးပြီထင်တယ်”
နောက်နေ့တွင် တပည့်ဖြစ်သူသည် ဆရာမအား စာအိပ်တစ်အိပ် ပေးသည်။
“ဒီအထဲမှာ ဘာ ပါသလဲ ပီတာ”
“ကျွန်တော် မရူးကြောင်း မြို့နယ်ဆရာဝန်ကြီးရဲ့ ထောက်ခံစာပါ”
" တိန် ".................။
Tag :
ဟာသ,
လိုက်ခဲ့မလား
By : Unknownလေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်
တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း
အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကို
မြင်လိုက်ရ၏။ လေထီးသမားက
`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´
ဟုလှမ်းမေး၏။
ဒီတော့ ခရီးသည်က
`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´
`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့
လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´
"တိန်"
Tag :
ဟာသ,
မှတ်ထား သင့်ပါတယ်
By : Unknownလန်ပျံနေအောင်ဝတ်ဆင်ထားသော အပျို ကြီးတစ်ဦး သူငယ်ချင်း အပျို ကြီးတစ်ဦး၏ ရုံးခန်းသို့ အလည်သွားသည်။
ရုပ်ရည်သန့်သန့်ပြန့် ပြန့် လူငယ်တစ်ဦးက ၄င်းတို့ နှစ်ဦးထိုင်နေသောခုံတန်းရှေ့တွင်သူ့ အလုပ်သူ
ရှုပ်နေသည်။ ဧည့်သည် အပျိုကြီး ကပြောသည်။
ဧည့်သည်အပျိုကြီး အဲဒီ မိတ္တူကူးနေ တဲ့ကောင်က ငါ့ကို စိတ်ကသိကအောက်ဖြစ်အောင်လုပ်နေတယ်
ဆိုင်ရှင်အပျိုကြီးအံ့သြသွားသည်
ဆိုင်ရှင်အပျိုကြီး ဟင်ဘာလုပ်လို့လဲ ငါ့အမြင်တော့ သူကနင့်ကိုမော်တောင်မကြည့်ဘူး
ထိုအခါ ဧည့်သည်အပျိုကြီးပြောလိုက်သောစကားကြောင့် ဆိုင်ရှင်အပျိုကြီး ဘာပြန်ပြောရမှန်းပင်မသိတော့ပေ။
ဧည့်သည်အပျိုကြီးပြောလိုက်သောစကားမှာ အောက်ပါအတိုင်းဖြစ်သည်
ဧည့်သည်အပျိုကြီး အေး အဲလို မကြည့်တာကိုက ငါ့ကို ကသိကအောက်ဖြစ်စေတာပေါ့ ဟင်းးးးးးးးးးးး
Tag :
ဟာသ,
အရူး ဇာတ်ဝင် ခန်း
By : Unknownငါ့စိတ်ကူးသာ ဖြစ်ခဲ့ရင်
ငါ့အိပ်မက်သာ ဖြစ်ခဲ့ရင်
ငါ့မနက်ဖြန်သာ ဖြစ်ခဲ့ရင်
ငါ့အနာဂတ်သာ ဖြစ်ခဲ့ရင်
ငါ့ကမ္ဘာသာ ဖြစ်ခဲ့ရင်
ငါသာ တန်ခိုးရှင် ဖြစ်ခဲ့ရင်
ငါသာ ပြိုင် ကားမောင်းရရင်
ငါသာ ဒေါ်လာသန်းပေါင်း ၁၁ဘီလီယံ ချမ်းသာခဲ့ရင်
ငါသာ သမ္မတ ဖြစ်ခဲ့ရင်
(အဲဒါတော့မပါတော့ဘူးဟ ဦးကျော်သူစာအုပ်ထုတ်လိုက်ပြီ)
ငါသာ……
ငါသာ……
ငါသာ……
ဟောဟဲ …ဟောဟဲ……
ငါ့ဇာတ်ဝင် ထဲ ငါအ မောဆို့
(ငါမေ့သွားတယ်)
ဒီနေ့ စားဖို့ရှာရဦးမယ် ။ ။
(အလွမ်းရာသီ)
Tag :
ကဗျာ,
ကိုယ်ချင်းစာလို့
By : Unknownတခါက…သရဲအလွန်ကြောက်သောလူငယ်တဦးဟာ…သင်းချိုင်းတခုကိုညမှောင်ကာစမှာဖြတ်ရမယ်…
သူဟာတယောက်ထဲမို့…အရမ်းလဲကြောက်…အဖော်လဲမပါနဲ့ ….ရွာပြန်ဖို့အခက်တွေ့နေတယ်..
ကံအားလျော်စွာပဲ..ရွာအပြန်.လမ်းမှာ…လူတဦးနဲ့ဆုံတယ်…
အဲဒီလူနဲ့အတူ….သင်းချိုင်းကုန်း ကိုဖြတ်ပီးပြန်လာတယ်လေ…နှစ်ယောက်ဆိုတော့..လူငယ်လဲမကြောက်တော့ဖူးပေါ့
ပျော်ရွှင်စွာနဲ့ရွာတံခါးဝရောက်တော့လူငယ်က…
” ကျေးဇူးတင်ပါတယ်ဦးလေးရယ်..ကျနော်ကသရဲအရမ်းကြောက်တာဗျ..လို့..”.ပြောသတဲ့
ထိုအခါ အဲဒီလူပြန်ပြောလိုက်တာက…
” အေးပါကွာ…ငါလဲ..လူ့ဘ၀တုန်းက သရဲအရမ်း ကြောက်တာကွ…ကိုယ်ချင်းစာလို့လိုက်ပို့တာ..”
ဂျာ##############

Tag :
ဟာသ,
ရဲဆေးတင်ထားပြီ.......
By : Unknownကြောက်စိတ်ဖြ**့တစ်ဆပ်ဆပ်တုန်နေသောလူနာတစ်ယောက်သွားဆရာဝန်၏ဆေးခန်းထဲသို့ဝင်လာသည်။ဆရာဝန်ကလူနာ၏သွားကိုစစ်ဆေးကြည့်ရှုပြီး “အင်းနာနေတဲ့သွားကိုနှတ်ပစ်ရလိမ့်မယ်”
ဒီစကားကိုကြားသောအခါလူနာသည်ယခင်ကထက်ပင်ပိုပြီးတုန်ခါလာသည်။ဆရာဝန်ကထိုလူနာကိုဗော့ဒ်ကာတခွက်ငဲ့ပေးသည်။
“ရဲစိတ်ဝင်လာအောင်သောက်လိုက်ပါ”
အရက်ခွက်ကိုတုန်ယင်သောလက်နဲ့ကိုင်ပြီးမော့ချပစ်လိုက်သည်။သို့သော်တကိုယ်လုံးတုန်ခါနေဆဲပါပဲ။ဆရာဝန်ကနောက်တခွက်နောက်တခွက်နဲ့လေးခွက်တိတိဆရာဝန်ကကြောက်စိတ်ပြေအောင်လုပ်ပေးရှာတယ်။လူနာကတုန်တုန်ရီရီမဖြစ်တော့ကြောင်းသတိထားမိသောအခါဆရာဝန်ကပြောသည်။
“ဘယ့်နဲ့လဲ…မကြောက်တော့ဘူးမဟုတ်လား”
လူနာကဆရာဝန်ကိုသေသေချာချာကြည့်ပြီးပြန်ပြောလိုက်ပုံက “ဟုတ်တယ်မကြောက်တော့ဘူး၊ကျပ်သွားကိုလာထိရဲတဲ့ကောင်လာလာထိကြည့်၊မှတ်သွားအောင်လုပ်ပစ်လိုက်မယ်ဲ”တဲ့ဗျာ။
Tag :
ဟာသ,
မနက်ခင်းဆုတောင်း
By : Unknownလေညှင်းလေးတွေ တိတ်ဆိတ်နေတဲ့မနက်
ရွက်ကြွေတွေ ငြိမ်သက်လို့နေ
အလင်းရောင်နေခြည်နုနုများလည်း
မြူနှင်းကြားထဲထိုးတိုးဖောက်ထွက်လာ
မင်္ဂလာပါတဲ့ ငှက်လေးတွေသီတဲ့တေး
ကမ္ဘာမြေ အေးချမ်းပါစေ
စိတ်တွေလည်း လန်းဆန်းကြပါစေ
သုခ တွေ ဝေတဲ့မနက်ခင်း
ပျော်ရွှင်ခြင်းတွေ အ ရောက်လာ
သောက တွေကင်းပါစေသား
ကံတရားရဲ့လှည့်ပတ်ခြင်းတွေ
ကွေကွင်းရှောင် ဖယ် ပျက်၍ကွယ်စေ
မျက် ရည်တွေ မပါတဲ့နေ့သစ်
စစ်မှန်သော ဘဝများ ပိုင် ဆိုင်ကြ စေသား
နောင် တတရားတွေမ နေတဲ့မြေပြင်
ဥပက္ခာ တွေမရှိတဲ့ နေ့ရက်
သင့်အတွက်ဖြစ်ပါစေ သူငယ်ချင်းတို့ရေ။
(အလွမ်းရာသီ)
Tag :
ကဗျာ,
အလွမ်းအုတ်ဂူ
By : Unknownဆောင်းရာသီ…
ဒိုင်ယာရီ စာအုပ်တစ်အုပ်
အလွမ်းတွေမြုပ်နှံထားတဲ့အုတ်ဂူ
အုံ့မှိုင်းထွေ မြူတွေဆိုင်းတဲ့ လ
ရာသီက ချယ် ရီ တွေပြိုင် တူပွင့်ဝေ
ပ ဟေဠိတွေဆန်တဲ့ မြို့တစ်မြို့
စို့နင့်ကွဲကြေ နှလုံးသားဒဏ် ရာဟောင်းနဲ့
မာယာများတဲ့စစ်တုရင် ခုံတစ်ခုံရှိတယ်။
မေ့ဖျောက်ဖို့ကြိုးစားခဲ့ပါတယ်
အချိန်ဆိုတာ သမားတော်တဲ့လားလေ
ကုစားခဲ့တာလား
လှည့်စားခဲ့တာလား ဖြေပါကံကြမ္မာ...
အချစ်ဆိုတာ …
မီးတောင်ပြာ ချော်ရည်တွေလား?
အားနာတယ် ဆောင်းရာသီရယ်
ငါ့ပူဆွေးမှု ဆောင်းကိုမကူးစက်စေချင်
ငါရင် ခွင် က အကျည်းတန်ည တွေနဲ့
ဆောင်းရဲ့မနက်ခင်းကို မဖုံးလွှမ်းချင် ဘူး။
လွတ်လပ်စွာ ရူးသွပ်ခွင့်ပေးပါ
ဒဏ် ရာပရပွနဲ့ အထီးကျန်ည တွေ
အံဝင် ခွင် ကျ နာကျည်းချက်တွေ
အခန်းနံရံထက်နာရီလက်တံလှောင် ရယ်သံတွေကြား
ဘဝဟာ.…
ကြိမ်ဖန်များစွာ ကျဆုံးခဲ့ရ
စိတ္တဇအလွမ်းတွေနဲ့ငါခေါင်းအုံးအိပ်ခဲ့တဲ့ည တွေ
မ ရေမတွက်နိုင်တော့ဘူး။
မင်းမသိခဲ့ပါဘူး ချစ်သူ
ချယ် ရီပင်ခြေရင်းမှာ ထာဝရ
အလွမ်းတွေမြုပ်နှံထားခဲ့မယ်
အလွမ်းအုတ်ဂူ အတွက် ကဗ္မည်းထိုးပေးလှည့်ပါချစ်သူ။ ။
(အလွမ်းရာသီ)
Tag :
ကဗျာ,
သူသိမယ်မှတ်လို့
By : Unknownဂျွန်က အလုပ်သို့ မျက်ကွင်းတစ်ဖက် ညိုပြီး ရောက်လာသည်
သူငယ်ချင်းစမစ်က မေးသည်
စမစ် ဟေ့ ဂျွန် မျက်ကွင်းကြီး က ညိုလို့ ပါလား ဘယ်လိုဖြစ်လာတာလဲ
ဂျွန် မနေ့က ပါကွာ ဟိုကောင် ဘီက ဝမ်းသာအားရနဲ့ ငါ့ကိုပြောတယ်
စမစ် ဘာပြောတာလဲ
ဂျွန် ဘီ က သူ့မိန်းမ ကိုယ်ဝန်ရနေပြီ လို့ ငါ့ကိုပြောတယ်
စမစ် ဒါနဲ့ နေပါဦး သူက မင်းကို ဘာလို့ ထိုးတာလဲ
ဂျွန် အဲဒါနဲ့ ငါက ဘယ်သူနဲ့ ရတာလဲ လို့ မေးရုံရှိ သေးတယ် ဘီ ကွာ တိရစ္ဆာန် စိတ်ပေါက်ပြီး ငါ့ကို ထထိုးတော့တာပဲ
စမစ် အာ မင်းကဘာလို့ အဲဒီလိုသွားမေးရတာတုန်း
ဂျွန်ကသက်ပြင်းချရင်းဖြေသည် "ငါကသူသိမယ် မှတ်တာပေါ့ကွ"
Tag :
ဟာသ,
အော်လေဗျာ... :P
By : Unknown" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ
ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက
နားနည်းနည်းလေးတယ် "
"ဗျာ"......................။
Tag :
ဟာသ,
ခရီးသည် သုံးဦး
By : Unknown
တစ်ညတွင် ခြေသလုံးအိမ်တိုင် လူတစ်စု အနားယူဖို့ ပြင်ဆင်နေကြတုန်း
တောက်ပတဲ့ အလင်းတန်းတစ်ခု သူတို့ဘေးပတ်လည်မှာ ပေါ်ပေါက်လာပါတယ်။
နတ်မင်းကြီးတစ်ပါးရဲ့
ရှေ့မှောက်တွင် ရောက်နေကြောင်း သူတို့ သိရှိကြပါတယ်။
သူတို့အတွက်
အထူးအရေးကြီးတဲ့ သတင်းစကားတစ်ခု ကြားနာရဖို့အတွက် မျှော်လင့်ချက်ကြီးစွာဖြင့် သူတို့
စောင့်နေကြပါတယ်။
နောက်ဆုံးမှာ
ပြောသံ ထွက်ပေါ်လာခဲ့ပါတယ်။
“အသင်တို့
တတ်နိုင်သလောက် ကျောက်စရစ်ခဲတွေ ကောက်ယူပြီး မြင်းကုန်းနီးအိတ်ထဲ ထည့်လိုက်ပါ။ တစ်နေ့တာ
ခရီးထွက်ပြီးလို့ မနက်ဖြန်မှာ ပျော်ရွှင်မှုရော၊ ဝမ်းနည်းမှုပါ ခံစားကြရပါလိမ့်မယ်”
အဲဒီနောက်
ခြေသလုံးအိမ်တိုင် လူတစ်စုဟာ သူတို့ရဲ့ မကျေနပ်မှုတွေ၊ ဒေါသတွေအကြောင်း အချင်းချင်း
စတင်ပြောဆိုကြပါတယ်။
သူတို့ဟာ
ဥစ္စာစည်းစိမ်၊ ကျန်းမာရေး၊ လောကကြီးအတွက် ရည်ရွယ်ချက်စတာတွေ ဖန်တီးပေးနိုင်မယ့် ကြီးကျယ်ကောင်းမွန်တဲ့
အမှန်တရားကိုသာ ကြားနာရဖို့ မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အတွက် လုံးဝကို
အဓိပ္ပါယ်မရှိတဲ့ သာမန်တာဝန်တစ်ခုကိုသာ အပေးခံလိုက်ရပါတယ်။
သူတို့ဟာ
မကျေနပ်မှုကို ထုတ်ဖော်ပြောဆိုနေပေမယ့် ဧည့်သည်နတ်မင်းကြီးရဲ့ ဂုဏ်သတင်း ကျော်ကြားမှုကြောင့်
ကျောက်စရစ် အနည်းငယ်ကောက်ယူပြီး မြင်းကုန်းနီးအိတ်ထဲ ထည့်လိုက်ကြပါတယ်။
တစ်နေ့တာ
သူတို့ ခရီးထွက်ခဲ့ကြပါတယ်။ အဲဒီညမှာ နားခိုဖို့ နေရာရှင်းနေစဉ်မှာပဲ သူတို့ရဲ့ မြင်းကုန်းနှီးအိတ်ဆီ
ရောက်သွားကြပါတယ်။ ယမန်နေ့ညက သူတို့ စုဆောင်းထားခဲ့တဲ့ ကျောက်စရစ်ခဲတွေဟာ လှပပြီး တောက်ပနေတဲ့
စိန်တွေအဖြစ် အသွင်ပြောင်းသွားခဲ့ပြီဖြစ်ကြောင်း တွေ့ရပါတယ်။
နတ်မင်းကြီး
ပြောဆိုခဲ့တဲ့အတိုင်း သူတို့ဟာ ပျော်ရွှင်မှုရော၊ ဝမ်းနည်းမှုပါ ခံစားကြရပါတယ်။
လှပပြီး
အဖိုးထိုက်တန်တဲ့ စိန်တွေ ရရှိတဲ့အတွက်ကြောင့် သူတို့ ပျော်ရွှင်ကြရတယ်။ အခွင့်အရေး
ရှိစဉ်တုန်းက ကျောက်စရစ်ခဲတွေ ပိုပြီး မကောက်ယူမိခဲ့တဲ့အတွက်ကြောင့် သူတို့ ဝမ်းနည်းကြရပါတယ်။
သင်ခန်းစာ
ခုချိန်ကစပြီး
ကျောက်စရစ်ခဲတွေကို ကောက်ယူဖို့ အချိန်ပေးမယ်ဆိုရင်… ဆိုလိုတာကတော့ ဈေးကွက်အကြောင်း
သင်တတ်နိုင်သလောက် လေ့လာပြီး ကြိုးကြိုးစားစား အသုံးချကြည့်မယ်ဆိုရင် သင့်အနာဂတ်မှာ
အဲဒီအားထုတ်ကြိုးစားမှုတွေဟာ ဆုလာဒ်တွေအဖြစ် အသွင်ပြောင်းသွားပါလိမ့်မယ်။
Tag :
သုတ,
လျှင်
By : Unknown
မင်းကြောင့် ဆုံးရှုံးရတယ်ဆိုပြီး
ဝိုင်းဝန်းပြစ်တင်ခံရတဲ့အခါ
ခေါင်းအေးအေးနဲ့
ရင်ဆိုင်ဖြေရှင်းနိုင်မယ်ဆိုလျှင်…
မင်းကို အားလုံးက သံသယရှိနေတဲ့အခါ
သူတို့ရဲ့သံသယကို နားလည်မှုပေးရင်း
မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ရှိနေမယ်ဆိုလျှင်…
စောင့်နေရတာကို
စိတ်ပျက်ငြီးငွေ့ခြင်းမရှိဘဲ မမောမပန်း စောင့်နိုင်မယ်ဆိုလျှင်…
မုသားစကားအပြောခံရတဲ့အခါ
မင်းကပြန်ပြီး မုသားစကား မပြောဘူးဆိုလျှင်…
အမုန်းခံရတဲ့အခါ မင်းက ပြန်ပြီးမမုန်းဘူးဆိုလျှင်…
ငါသိငါတတ်ဆိုပြီး ဟန်ဆောင်ပန်ဆောင်နဲ့
ပညာစကားတွေ သိပ်မပြောဘူးဆိုလျှင်…
စိတ်ကူးအိပ်မက်တွေက မင်းကို
လွှမ်းမိုးခွင့်မပြုဘဲ စိတ်ကူးနိုင်မယ်ဆိုလျှင်…
အတွေးအခေါ်တွေနဲ့
မင်းရဲ့ရည်ရွယ်ချက်ကို မပြုလုပ်ဘဲ တွေးခေါ်နိုင်မယ်ဆိုလျှင်…
အောင်မြင်မှုနဲ့ ဆုံးရှုံးမှု
ရင်ဆိုင်ရတဲ့အခါ
ညီတူညီမျှ သဘောထားပြီး
ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုလျှင်…
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
ဥာဏ်နည်းတဲ့လူတွေအတွက်
လှည့်စားပြောင်းလဲပြီး
ထောင်ခြောက်ဆင်ညစ်တာကို ကြားရတဲ့အခါ သည်းခံနိုင်မယ်ဆိုလျှင်
မင်းဘဝတစ်ခုလုံးပေးပြီး
ဖြည့်ဆည်းခဲ့တဲ့အရာအားလုံး ဖျက်ဆီးခံရတာကို စောင့်ကြည့်ပြီး
အဲဒီအပျက်အစီးတွေနဲ့ပဲ ပြန်လည်
တည်ဆောက်နိုင်မယ်ဆိုလျှင်…
မင်းရဲ့အောင်မြင်မှုအားလုံးစုပုံချပြီး
ကြွေတစ်လှည့်ကြက်တစ်ခုန်ပမာ
စွန့်စားနိုင်မယ်ဆိုလျှင်..
ဆုံးရှုံးမှုနဲ့ရင်ဆိုင်ရတဲ့အခါ
အစကပြန်ပြီး စတင်နိုင်မယ်ဆိုလျှင်…
ဆုံးရှုံးမှုနဲ့ပတ်သက်ပြီး ဘယ်တော့မှ
ညည်းညူစကား တစ်ခွန်းမှမပြောဘူးဆိုလျှင်…
အများတကာပြီးလို့ အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
အားနဲ့မာန်နဲ့ဇွဲသတ္တိရှိရှိ
ဆောင်ရွက်နိုင်မယ်ဆိုလျှင်….
စိတ်ဆန္ဒက
“ဆက်လက်ဆုပ်ကိုင်ထားပါ”လို့ပြောတာကလွှဲလို့
မင်းဆီမှာ ဘာမှမရှိတဲ့အခါ
ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုလျှင်…
လူထုနဲ့စကားပြောဆိုရတဲ့အခါ
မင်းရဲ့ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုလျှင်..
မင်းဧကရာဇ်နဲ့လမ်းလျှောက်ရတဲ့အခါ
မာန်သွေးမကြွ့ဘဲ လျှောက်လမ်းနိုင်မယ်ဆိုလျှင်…
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကို
ဒဏ်ရာအနာတရဖြစ်အောင် မလုပ်နိုင်ဘူးဆိုလျှင်…
အားလုံးဟာ မင်းအတွက်အရေးပါပေမဲ့
ဘယ်သူ့ကိုမှ အရေးမထားဘူးဆိုလျှင်
တိုတောင်းလှတဲ့တစ်မိနစ်
စက္ကန့်ခြောက်ဆယ်အတွင်းမှာ
ထိထိရောက်ရောက်
အသုံးချနိုင်မယ်ဆိုလျှင်…
သားရေ…အရာရာရှိ၊အရာရာဖြစ်နေတဲ့
ကမ္ဘာကြီးဟာ မင်းရဲ့ကမ္ဘာကြီးဖြစ်လာမှာပါ
ဒါဆိုရင် မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပေါ့ ။
credit:နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com
Tag :
ကဗျာ,
ချစ်သူ့အတွက် ဆိုလျှင်
By : Unknown(English for All Magazine,November, 2013)
အမျိုးသမီးတစ်ဦးဟာ
နှစ်နှစ်ကာကာ ချစ်နေရတဲ့ ချစ်သူနဲ့ မတွေ့ဆုံရတာ အချိန်အတော်ကြာခဲ့ပြီမို့ အလွန်အမင်း
လွမ်းဆွတ်နေရပါတယ်။ သူမမှာ ချစ်ခင်ရတဲ့ ဆရာမတစ်ဦးလည်းရှိပြီး၊ ဆရာမနဲ့ နောက်တစ်ကြိမ်တွေ့ဆုံကာ
သင်ခန်းစာအသစ် ပို့ချပေးမဲ့ အချိန်ကို စောင့်မျှော်နေမိပါတယ်။
ဆရာမနဲ့ တွေ့ဆုံရမည့်နေ့
ရောက်တဲ့အခါ ပျော်စရာတစ်ခုခု တွေ့ဆုံရဖို့
မျှော်လင့်လျှက် သူမဟာ ဆရာမဆီသွားပြီး စိတ်အားထက်သန်စွာ နှုတ်ဆက်စကား ပြောဆိုလိုက်တယ်။
ဆရာမက သူမကို ကြိုဆိုပြီး လတ်ဆတ်မှည့်ဝင်းနေတဲ့ စတော်ဘယ်ရီသီး ခြင်းတစ်ခြင်းကို ပေးကမ်းလိုက်ပါတယ်။
အဲဒီနောက် ဆရာမက “ဟိုတောင်ကြီး တွေ့မြင်ရလား”လို့ မေးလိုက်ပါတယ်။
အမျိုးသမီးလေးက အနီးအနားမှာ
တောင်ကြီးတစ်တောင်ကို တွေ့တော့ တွေ့မြင်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဆရာမက “ဒီစတော်ဘယ်ရီသီး
ခြင်းတောင်းကို ယူပြီး အဲဒီတောင်ပေါ် တက်သွားပါ”
လို့ပြောဆိုပြီး ထွက်ခွာသွားပါတယ်။
အမျိုးသမီးလေးက ဆရာမရဲ့စကားကို
မကန့်ကွက်ရဲသလို စောဒကလည်း မတက်ရဲပါဘူး။ ဆရာမကလည်း ထွက်သွားခဲ့ပြီပဲလေ။ သူမဟာ စိတ်မပါတပါဖြင့်
ခြင်းတောင်းကို မယူပြီး တောင်အမြင့်ကြီးဆီ စတင်လျှောက်လှမ်းပါတော့တယ်။ သူမဟာ ခက်ခဲကြမ်းတမ်းတဲ့
လမ်းလေးအတိုင်း ဖြေးဖြေးမှန်မှန်တက်ရင်း “ ဒီတာဝန်က ဘာအကြောင်းအရာလဲ။ သူမ ဘာဖြစ်လို့
ဒါကို လုပ်ကိုင်နေရတာလဲ။ သင်ခန်းစာက ဘာလဲ။ ဆရာမ အသင်များ မှားသွားသလား” စသည်ဖြင့် တွေးလိုက်မိပါတယ်။
သူမဟာ မကြာခဏ ခလုတ်တိုက်လဲမိပြီး၊ ကျောပေါ်က နေကလည်း ပူလောင်လွန်းတယ်လို့ ညည်းတွားရင်း
စတော်ဘယ်ရီခြင်းဟာ ပိုပြီးလေးလံလာတယ်လို့ ခံစားမိလိုက်ပါတယ်။ သူမရဲ့ ရုန်းကန်လှုပ်ရှားမှုကို
ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းအားပေးနိုင်မဲ့ အရာ တစ်ခုခုကို မတွေ့မြင်နိုင်ခဲ့ပါဘူး။
အနောက်ဘက်မှာ နေ၀င်ခါနီးတော့
သူမဟာ တောင်ထိပ်ထိ တက်ရောက်နိုင်ခဲ့ပြီး လှပတဲ့ ပန်းတွေနဲ့ ပြည့်နေတဲ့ ကွင်းပြင်ကြီးထဲ
ရောက်လာခဲ့ပါတယ်။ သူမ တောင်ပေါ်တက်ရောက်နိုင်ခဲ့ပြီပဲလေ။ ဒါ့အပြင် စတော်ဘယ်ရီခြင်းဟာလည်း
အထိအခိုက် အပျက်အစီး မရှိခဲ့ပါဘူး။ လက်ရာမြောက်အောင် ပြုလုပ်ထားတဲ့ သစ်သီးအားလုံးနဲ့
လမ်းခရီးကို ဘေးမသီ ရန်မခ ရောက်နိုင်ခဲ့ပါတယ်။
အမျိုးသမီးလေးက ကွင်းပြင်ကြီးထဲ
လှမ်းကြည့်လိုက်တော့ သူမဆီ လျှောက်လှမ်းလာတဲ့ ချစ်သူကို တွေ့မြင်လိုက်ပါတယ်။ သူဟာ ချစ်ရည်ရွှမ်းသော
အကြည့်တွေ၊ နှစ်လိုဖွယ်ကောင်းသော အပြုံးတွေဖြင့်
သူမကို စိုက်ကြည့်နေခဲ့ပါတယ်။
ပုံပြင်ပြောသူက ပုံပြင်ကို
အဆုံးသတ်လိုက်ချိန်မှာ အမျိုးသမီးလေးရဲ့ အတွေးအချို့ကို ပြောပြရင်း ကျွန်တော်တို့ကို
သင်ကြားပြသပေးပါတယ်။ “ချစ်သူ့အတွက် စတော်ဘယ်ရီသီးတွေ သယ်ဆောင်သွားရတာလို့ ကြိုတင်ပြီး
သိခဲ့မယ်ဆိုရင်၊ ဒီခရီးလမ်းဟာ ချစ်သူ့ဆီသွားရာ ခရီးလမ်းပဲလို့ ကြိုတင်ပြီး သိခဲ့မယ်ဆိုရင်
ဇဝေဇ၀ါ ဖြစ်မိမှာ မဟုတ်သလို အလွန်းအမင်း အားအင်ကုန်ခမ်းပြီး ညည်းညူ မိမှာလည်း မဟုတ်ပါဘူး။
တက်ရောက်နေတဲ့ တောင်ရဲ့ အလှအပကိုလည်း သတိမပြုဘဲ နေမိမှာမဟုတ်ပါဘူး။”
credit :နေလင်းအောင်
www.naylinaung1.blogspot.com
Tag :
ရသ,