- Back to Home »
- ကဗျာ »
- အတ္တနေ့စွဲ
Posted by : Unknown
Wednesday, November 20, 2013
ရွက်လွင့် ပြီး ငါ့ခရီးရှည် စ ငါ့ဘဝသစ်တစ်ခု ငါလုယူဖို့ငါကြိုးစားမယ် လှိုင်းတွေအလယ် မာယာဝဲကယက်ထဲ ငါ့အိပ်မက်တွေငါဖန်ဆင်းမယ် မုန်တိုင်းထန်ထန် ကာရံမဲ့ သမုဒ္ဒရာကို အံတု ငါ့ရုပ်လုံးငါထုဆစ်မယ် ရှောင် ခွာပြေးပုန်း လမင်းမုန်းတဲ့ညနက်မှာ ငါ့အ မှောင် ငါတိုးထွက်မယ် ဝင်္ကဘာနယ် ကယ်သူမဲ့ လမ်းမှာ ငါ့ကမ္ဘာ ငါဖန်းဆင်းမယ် ငါ့ရဲ့အတ္တ၊ ငါ့ရဲ့ဇွဲ ၊ ငါ့ရဲ့မာန်နဲ့ ငါ့ရဲ့မနက်ဖြန် ငါရည်သန်တဲ့စိတ်ကူး ငါတူးဖော်မယ့် ပထဝီမြေ အတွက် ငါ့ရဲ့ရှေ့မှာ ငါ့နေမင်း တစ်စင်း လင်းရောင်ခြည်ဖြာ ငါ့ကမ္ဘာသစ်၌ ငါ့အလံငါစိုက် ငါ့အသိုက်ငါတည်ဆောက်မယ် ငါ့သမိုင်းအိမ်… စိန်ခေါ်သူ လောကဓံကို တိုက်ခိုက် ရင်း ငါပစ်ခွင်းမယ် ငါ့အတ္တနဲ့ ငါ့ရဲ့နေ့စွဲ……။ (အလွမ်းရာသီ) ၵ