Popular Post

Posted by : Unknown Saturday, November 23, 2013

စာမေးပွဲကျတဲ့ သူငယ်ချင်း တစ်ယောက်က သူစာမေးပွဲကျရတာ စာကျက်ချိန်မရလို့ပါတဲ့။ တစ်နှစ်မှာ ၃၆၅ ရက်ပဲရှိတော့ ဘယ်လိုလုပ်ပြီး စာကျက်ချိန်ရတော့မလဲလို့ပြောပြီး သူကသေသေချာချာ တွက်ပြပါတယ်။ ""တစ်နှစ်မှာ တနင်္ဂနွေနေ့ပေါင်း ၅၂ နေ့ရှိတယ်လေ။ တနင်္ဂနွေဆိုတာက နားရက်လေ၊ ဘယ်လိုလုပ်ပြီး စာကျက်မလဲ၊ ကဲ- တစ်နှစ်မှာ ၃၆၅ ရက်ရှိတော့ ၅၂ ရက်ကို နုတ်၊ ၃၁၃ ရက် ကျန်သေးတယ်ထား"" ""လူတစ်ယောက်ဟာ တစ်နေ့မှာ ၈ နာရီတော့ အိပ်ပေးဖို့ လိုတယ်လေ၊ အဲဒီ့တော့ တစ်နှစ်မှာ ရက်ပေါင်း ၁၇၂ က အိပ်တာနဲ့ပဲ ပြီးသွားရော၊ ဒီတော့ ၁၄၁ ရက်ပဲ ကျန်တော့တယ်"" ""ကျန်းမာရေးအတွက် ကစားခုန်စားလုပ်ဖို့ကလဲ လိုအပ်တော့ တစ်နေ့မှာ တစ်နာရီ ကစားတယ်ဆိုရင် တစ်နှစ်မှာ ၁၅ ရက်က ကစားဖို့၊ ဒီတော့ ၁၂၆ ရက်ပဲ ကျန်တော့တယ်"" ""ထမင်းစားချိန်ပေးရတာနဲ့၊ ကော်ဖီသောက်ချိန်ပေးရတာနဲ့၊ Chewing gum ၀ါးရတဲ့အချိန်တွေကိုပါ ပေါင်းလိုက်ရင် တစ်နေ့မှာ ၂ နာရီလောက် အချိန်ပေးနေရတော့ တစ်နှစ်လုံးဆိုရင် ရက်ပေါင်း ၃၀ က စားဖို့သောက်ဖို့ အချိန်ပေးလိုက်ရပြန်ရော၊ ကဲ- ဘယ်နှစ်ရက်ပဲ ကျန်တော့လဲ၊ ၉၆ ရက်ပဲ ကျန်တော့တယ်"" ""လူဆိုတာက လူ့အဖွဲ့အစည်းနဲ့ နေတာဆိုတော့ တစ်နေ့ကို တစ်နာရီလောက်က စကားစမြည်ပြောရသေးတယ်၊ ဒီတော့ တစ်နှစ်မှာ ၁၅ ရက်က စကားပြောဖို့အချိန်ပေးရတယ်၊ ၈၁ ရက်ပဲကျန်တော့တယ်နော်"" ""လပတ်စာမေးပွဲတွေ၊ ပထမ၊ ဒုတိယအစမ်းစာမေးပွဲတွေ၊ အစစ်ကြီးတွေနဲ့ တစ်နှစ်မှာ ၃၅ ရက်လောက်က စာမေးပွဲချည့် ဖိဖြေနေရတော့ ၄၆ ရက်ပဲ ကျန်တော့တယ်"" ""နေ့ထူးနေ့မြတ်တွေကလဲ တစ်နှစ်မှာ ရက် ၄၀ လောက်ဖြစ်နေတော့ သွားပြီပေါ့၊ ၆ ရက်ပဲ ကျန်တော့တယ်"" ""အအေးမိလို့ နှာစေးလို့ နားနေရတာက တစ်နှစ်လုံးမှာ ၃ ရက်ပဲ ရှိတယ်ထားဦး၊ ၃ ရက်ပဲ ကျန်တော့တယ်"" ""တစ်နှစ်မှာ ၂ ရက်ပဲ ရုပ်ရှင်သွားကြည့်တယ်ထားပါ၊ ၁ ရက် ပဲကျန်တော့တယ်"" ""အဲဒီတစ်ရက်ကျတော့လဲ ကျွန်တော့်မွေးနေ့ ဖြစ်နေရော၊ ကဲ- ဘယ်လိုလုပ်ပြီး စာကျက်တော့မလဲ"" ဟုတ်တယ်မလားဂျ...............။ copy to copy လေးပါဗျာသဘောကျလို.တင်လိုက်ပါတ.ယ်

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -