- Back to Home »
- ကဗျာ »
- မနက်ခင်းဆုတောင်း
Posted by : Unknown
Saturday, November 16, 2013
လေညှင်းလေးတွေ တိတ်ဆိတ်နေတဲ့မနက် ရွက်ကြွေတွေ ငြိမ်သက်လို့နေ အလင်းရောင်နေခြည်နုနုများလည်း မြူနှင်းကြားထဲထိုးတိုးဖောက်ထွက်လာ မင်္ဂလာပါတဲ့ ငှက်လေးတွေသီတဲ့တေး ကမ္ဘာမြေ အေးချမ်းပါစေ စိတ်တွေလည်း လန်းဆန်းကြပါစေ သုခ တွေ ဝေတဲ့မနက်ခင်း ပျော်ရွှင်ခြင်းတွေ အ ရောက်လာ သောက တွေကင်းပါစေသား ကံတရားရဲ့လှည့်ပတ်ခြင်းတွေ ကွေကွင်းရှောင် ဖယ် ပျက်၍ကွယ်စေ မျက် ရည်တွေ မပါတဲ့နေ့သစ် စစ်မှန်သော ဘဝများ ပိုင် ဆိုင်ကြ စေသား နောင် တတရားတွေမ နေတဲ့မြေပြင် ဥပက္ခာ တွေမရှိတဲ့ နေ့ရက် သင့်အတွက်ဖြစ်ပါစေ သူငယ်ချင်းတို့ရေ။ (အလွမ်းရာသီ)