Popular Post

Posted by : Unknown Saturday, November 16, 2013

ဆောင်းရာသီ… ဒိုင်ယာရီ စာအုပ်တစ်အုပ် အလွမ်းတွေမြုပ်နှံထားတဲ့အုတ်ဂူ အုံ့မှိုင်းထွေ မြူတွေဆိုင်းတဲ့ လ ရာသီက ချယ် ရီ တွေပြိုင် တူပွင့်ဝေ ပ ဟေဠိတွေဆန်တဲ့ မြို့တစ်မြို့ စို့နင့်ကွဲကြေ နှလုံးသားဒဏ် ရာဟောင်းနဲ့ မာယာများတဲ့စစ်တုရင် ခုံတစ်ခုံရှိတယ်။ မေ့ဖျောက်ဖို့ကြိုးစားခဲ့ပါတယ် အချိန်ဆိုတာ သမားတော်တဲ့လားလေ ကုစားခဲ့တာလား လှည့်စားခဲ့တာလား ဖြေပါကံကြမ္မာ... အချစ်ဆိုတာ … မီးတောင်ပြာ ချော်ရည်တွေလား? အားနာတယ် ဆောင်းရာသီရယ် ငါ့ပူဆွေးမှု ဆောင်းကိုမကူးစက်စေချင် ငါရင် ခွင် က အကျည်းတန်ည တွေနဲ့ ဆောင်းရဲ့မနက်ခင်းကို မဖုံးလွှမ်းချင် ဘူး။ လွတ်လပ်စွာ ရူးသွပ်ခွင့်ပေးပါ ဒဏ် ရာပရပွနဲ့ အထီးကျန်ည တွေ အံဝင် ခွင် ကျ နာကျည်းချက်တွေ အခန်းနံရံထက်နာရီလက်တံလှောင် ရယ်သံတွေကြား ဘဝဟာ.… ကြိမ်ဖန်များစွာ ကျဆုံးခဲ့ရ စိတ္တဇအလွမ်းတွေနဲ့ငါခေါင်းအုံးအိပ်ခဲ့တဲ့ည တွေ မ ရေမတွက်နိုင်တော့ဘူး။ မင်းမသိခဲ့ပါဘူး ချစ်သူ ချယ် ရီပင်ခြေရင်းမှာ ထာဝရ အလွမ်းတွေမြုပ်နှံထားခဲ့မယ် အလွမ်းအုတ်ဂူ အတွက် ကဗ္မည်းထိုးပေးလှည့်ပါချစ်သူ။ ။ (အလွမ်းရာသီ)

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -