- Back to Home »
- ဟာသ »
- ချက်ချင်းဆုတောင်းပြည့်တယ်ဗျာ
Posted by : Unknown
Wednesday, November 20, 2013
အိုင်ယာလန်နိုင်ငံရှိ ဆုတောင်းပြည့်ရေတွင်းကြီးသို့ လူလတ်ပိုင်းအရွယ် စုံတွဲနှင့် မိတ်ဆွေတစ်ယောက်တို့ ရောက်ရှိလာကြသည်။ ခင်ပွန်းသည်က အကြွေတစ်စေ့ကို တွင်းထဲပစ်ချပြီး ငြိမ်သက်စွာအာရုံပြု ဆုတောင်းနေသည်။ ဇနီးသည်ကလည်း သူ့ခင်ပွန်းကဲ့သို့ ပြုလုပ်လိုက်သည်။ သို့သော် အကြွေစေ့ပစ်ချစဉ် အရှိန်လွန်ခြေချော်ကာ တွင်းထဲသို့လိမ့်ကျသွားသည်။ လောလောလတ်လတ် မုဆိုးဖိုဖြစ်သွားသည့် ခင်ပွန်းဖြစ်သူက သူ့မိတ်ဆွေကို လှည့်ပြောလိုက်သည်။ “ချက်ချင်းဆုတောင်းပြည့်တာ အံ့စရာပဲဗျာ”