- Back to Home »
- ကဗျာ »
- ဆန္ဒသက်သေ
Posted by : Unknown
Saturday, November 23, 2013
ငါဟာ .… ကဗျာမဆန် ပန်းမဆန်တဲ့ ဆူးကြားကဘူးခါး ဖရောင်းလမ်းပေါ်က ဘဝသမားပါ။ ငါဟာ.… အမြင့်ကပန်း နမ်းဖို့ဆန္ဒ ခြုံကြားကဘုံဖျား လှမ်းမိသူ အညတရသားပါ။ ငါဟာ.… လေလွင့်တဲ့ငှက် အသိုက်ပျက်သူ အချစ်ကံခေတဲ့ ဒဿ မယ်သီတာကိုမှ ချစ်မိသူပါ။ ငါဟာ.… မခုန်နိုင် တဲ့ခရု ဖားကိုမှအံတုမိ တန် ရာမမှန်းတဲ့ အမဲရိုး ရွှေဟင်းအိုးကို မသိခဲ့သူပါ။ ငါဟာ.… စိတ်စေရာနှင် ခဲ့ ကြိုးပြတ်တဲ့စွန် ကောင်းင်က ကငြိုငြင် တဲ့အမှိုက် အချစ်နွံထဲ စိုက်ကျခဲ့သူပါ။ ငါဟာ.… မင်းကုသ နောက်ဆုံးဆန္ဒ ဖြစ်ခွင့်ရချင် သူ ခုနှစ်ဆောင် နန်းထက် ပပဝတီ အမုန်းမှ ပုံပြင် ထဲ ကလို ချစ်ခွင့်ရချင် သူပါ။ ငါဟာ.… ငါ့ရဲ့အိပ်မက် အလဲအထပ် သက်သေ သစ္စာတွေပဲ ရှိခဲ့သူပါ။ (အလွမ်းရာသီ)်