- Back to Home »
- ကဗျာ »
- ဝေးသွားချိန်
အိမ်အပြန်လမ်း တစ်လျှောက် အက်စစ်မိုးပေါက်တွေက ငါ့အ ပေါ် ရွာရွာချတယ် ။ လက်တွဲဖြုတ်ခဲ့တဲ့လမ်းဆုံမှာ ခန္ဓာတစ်ခုလုံးတုန်ယင် နေခဲ့တာ အသိဥာဏ် ထဲမှာ ဘာမှမရှိတော့ဘူး…။ မင်းလဲပဲဒီလိုဖြစ်နေမလား…… ခံစားချက်ချင်းတူညီခဲ့ဖူးလို့ စာနာမိတယ်…လွမ်းနေပါ့မယ်……ချစ်သူရယ်။ စိတ်ကူးတွေတူညီခဲ့တဲ့နေ့တုန်းက ပန်းတွေတောင် ပွင့်ဝေ လက်တွဲတွေ ခိုင်မြဲနေမယ်လို့ အားတင်းခဲ့ကြဖူး……။ အ ရောင်တွေတူညီခဲ့ပေမယ့် အနားသတ်မျဉ်းတွေကွဲပြားနေ အချစ် ရဲ့ဒဿနချင်းပြိုင် မျဉ်းနှစ်ကြောင်းလို……။ နှစ်ဦးသားမ ပြောရဲခဲ့တဲ့ လမ်းခွဲစကား နှလုံးသားချင်းနားလည်မှုယူကာ အမုန်းဆိုတာ ဘယ်မှာရှာမ တွေ့ခဲ့ဘူး…။ အချိန်တန် ရင် တကယ်မေ့သွားမလား…… စဉ်းစားရင်းပိုမို နာကျင် ဝမ်းနည်း အလွမ်းရဲ့အိမ်ငယ်လေးထဲမှာ……။ အသက် ရှူသံတွေပုံမှန်လည်နေ သေးသ ရွေ့ မင်းနဲ့ငါ့ရဲ့နေ့တွေအကြောင်း ဟောင်းသွားပေမယ့် ဆန်းသစ်နေဦးမယ်။ စက္ကူလေ လေးတ ရွေ့ရွေ့ဝေးသွားပါစေ ရေစုန်မျောပါသွားတဲ့နှလုံးသားက မင်းနဲ့ထာဝရနီးစပ်နေမယ် ချစ်သူ……။ (အလွမ်းရာသီ)