Popular Post

Posted by : Unknown Saturday, November 23, 2013

(၁ )လူနာတယောက် စာရွက်တရွက်နဲ့ စာတွေလျောက်ရေးနေတာကို နပ်စ်ကတွေ့တော့ မသိမသာနဲ့ စောင်းငှဲ့ ကြည့်မိတယ်။ လူနာက ကွယ်ဝှက်ပြီး ပေးမ ကြည့်လို့ နပ်စ်က မေးလိုက်တယ်။ နပ်စ်......“ ဘယ်သူ့အတွက် ရေးနေတာလဲ ” လူနာ.....“ ကိုယ့်အတွက် ရေးနေတာ” နပ်စ်......“ ကိုယ့်အတွက် ဟုတ်လား...ဘာတွေ ရေးနေတာလဲ” လူနာ.....“ ရှုးနေလား...စာတောင် မပို့ရသေးဘူး.. ဘာရေးထားလဲ ငါဘယ်လိုလုပ်သိမလဲ” (၂) လူနာနှစ်ဦး ဆေးရုံကနေ ထွက်ပြေးလာပြီး သစ်ပင်တပင်ပေါ် တက်နေပါ တယ်။ ခဏကြာတော့ လူနာတဦးဟာ သစ်ပင်ပေါ် က န်ချပြီး နောက်လူနာတဦးကို ခုန်ချဖို့ အချက်ပြလိုက်တယ်။ သစ်ပင်ပေါ်က လူနာပြန်ဖြေလိုက်တာက.. “ငါမမှည့်သေးဘူး...ငါခုန်ချလို့ မရသေးဘူး” ဟူတည်း။ (၃ )လူနာတယောက်ဟာ ဆေးရုံထဲ ၀င်လာပါတယ်။ လူနာ.....“ ဆရာ...ဘယ်လိုလုပ်မလဲ....ကျွန်တော့်ကိုယ် ကျွန်တော် ကြက်တစ်ကာင်လို့ ထင်နေတယ်” ဆရာဝန်....“ဟာ...အခြေအနေ တော်တော်ဆိုးပါလား....ဘာဖြစ်လို့ စောစော လာမကုတာလဲ”လူနာ.....“အိမ်က လူတွေက ကျွန်တော် ဥ ဥမဲ့ နေ့အထိ စောင့်နေလို့ပါ” (၄ )လူနာတယောက်ဟာ ဆေးရုံထဲ ၀င်လာပါတယ်။ လူနာ.....“ ဆရာ ....ဘယ်လိုလုပ်မလဲ.... ကျွန်တော့်ကိုယ် ကျွန်တော် ငှက်တကောင်လို့ ထင်နေတယ်” ဆရာဝန်..“ဟာ..အခြေအနေ တော်တော်ဆိုးပါလား..ဘယ်ကတည်းက စ ထင်တာလဲ”လူနာ.....“ဟို..ကျွန်တော် ငှက်ပေါက်စ ဖြစ်ကတည်းကပါ” နိုင်းနိုင်းစနေမှ မျှဝေပါသည်................။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -