- Back to Home »
- ဟာသ »
- ဆန်ပြုတ်မှန်မှန်မသောက်ခဲ့လို့
Posted by : Unknown
Friday, November 22, 2013
မနက်စာအတွက် သားဖြစ်သူနှင့် ခင်ပွန်းဖြစ်သူတို့အတွက် ဇနီးဖြစ်သူက ဆန်ပြုတ်ထည့်ပေးနေလေသည်။ သားဖြစ်သူမှာ ဆန်ပြုတ်ပန်းကန်းကိုကြည့်၍ “တော်ပြီ မစားတော့ဘူး။ တစ်နေ့လာလည်းဆန်ပြုတ်၊ နှစ်နေ့လာလည်းဆန်ပြုတ်” “ဒေါက်”.......... မိခင်ဖြစ်သူမှ ဇွန်းဖြင့်ခေါက်၍ “စကားမများနဲ့ စားဆိုစား” မျက်နှာမသာမယာနှင့် မစားပဲထိုင်နေသော သားဖြစ်သူအား ဖခင်ဖြစ်သူက နားနားကပ်၍ တီးတိုးပြောလေသည်။ ထိုအခါ သားဖြစ်သူမှာ အားရပါးရ စားလေတော့သည်။ မိန်းမဖြစ်သူက “ရှင်သားကို ဘာပြောလိုက်တာလဲ....ဆန်ပြုတ်မကြိုက်တဲ့ သားက အားရပါးရ စားလို့ပါလား” “ဘာမှမဟုတ်ပါဘူး မိန်းမရာ။ ဆန်ပြုတ်မသောက်ရင် သား “ငယ်ပါ” က ကြီးတော့မှာ မဟုတ်ဘူးလို့ ပြောလိုက်တာ” “ဒေါက်” “မိန်းမ မင်းငါ့ကို ဘာလို့ခေါက်တာလဲ” “ရှင်ငယ်ငယ်ကဘာဖြစ်လို့ ဆန်ပြုတ်မှန်မှန် မသောက်ခဲ့လဲ”