- Back to Home »
- ဟာသ »
- အဲဒီကောင် နာနာရိုက် ..
Posted by : Unknown
Friday, November 22, 2013
တစ်ခါက ရွာတစ်ရွာမှာ ကိုလှနဲ့ မမြဆိုတဲ့ လင်မယားနှစ်ယောက်ရှိသတဲ့။ သူတို့မှာ ကိုကိုနဲ့ ညီညီ ဆိုတဲ့ အမွှာ သားနှစ်ယောက်လည်း ရှိတယ်။ တစ်နေ့ မိသားစု ထမင်းစားနေတုန်း - မမြက “သြော် - ကိုလှ ရှင့်ကို ပြစရာတစ်ခု ရှိတယ်။” ကိုလှက “အေး ပြလေကွာ ကြည့်ရအောင်” ဟုဆို၏။ မမြက “အခု ကလေးတွေရှိနေတယ်။ ညကျမှပဲ ပြတော့မယ်။” ဟုဆိုကာ ပန်းကန်တွေ သိမ်းဆည်းပြီး ထသွားလေသည်။ ညရောက်တော့ ကလေးတွေ အိပ်လောက်တဲ့အချိန် ကိုလှက “မမြ နင် နေ့လည်က ပြမယ်ဆိုတာ ဘာလဲ” ဟု မေး၏၊ မမြက “အော် အင်း ပြမယ်” ဟု ဆိုရုံရှိသေး မအိပ်သေးသော ညီညီက သိချင်ဇောနှင့် ထကြည့်သည်။ မမြက ဒေါပွပြီး “ကိုကိုတောင် အိပ်နေပြီ ညီညီ မအိပ်သေးဘူးလား” ဟု ဆိုကာ ရိုက်တော့ အိပ်နေပြီ ထင်ရသော ကိုကိုက “အမေ့ အမေ့ အဲဒီကောင် နာနာရိုက်။ အိပ်ရင်းနဲ့ ကြည့်လို့ရလို့ရသားနဲ့” ဟု ဆိုလိုက်လေသည်။