Popular Post

Posted by : Unknown Wednesday, November 20, 2013

စားသောက်ဆိုင် တစ်ဆိုင်မှ မိန်းကလေးတစ်ယောက်ကို သဘောကျနေသော ကုမ္ပဏီ ပိုင်ရှင် သူဌေးတစ်ဦးသည် မရမနေဇွဲ ဖြင့် ပိုးပန်းခဲ့ရာ နောက်ဆုံးမှာ မိန်းကလေး၏ အချစ်ကိုရရှိခဲ့သည်။ သူဌေးသည်မိန်းကလေးနှင့် အတူ သုံးလေးခါမျှ ချိန်းဆိုပြီး အပြင်မှာ လိုက်လံ လည်ပတ်ခွင့်ရခဲ့သည်။ ထို့နောက် လက်ထပ်ယူမည်ဟုစဉ်းစားကာ လူယုံတော် တပည့်များနှင့် ဆက်သွယ်လျက် မိန်းကလေး၏ စာရိတ္တနှင့် ပတ်သက်ပြီး စုံစမ်းခိုင်းလေသည်။ စုံစမ်းရရှိသော အစီရင်ခံစာမှာ ----- "မိန်းကလေး၏ စာရိတ္တနှင့် ပတ်သက်ပြီး အထူးပြောရန်မလိုပါ နေမှု ထိုင်မှု ပါ အလွန်ဖြူစင်သန့်ရှင်း ပါသည် ။ သို့သော် အခြားမဟုတ်ပါ ။ သူမသည် များမကြာမှီကပင် အကျင့်သိက္ခာမရှိသော သူဌေးတစ်ဦးနှင့် သုံးလေးခါ တွဲသွား တွဲလာ နေသည်ကို တွေ့ရသည်ဟူသော သတင်းများ ရရှိပါသည်" ဟုရေးပြီး အစီရင်ခံလိုက်လေသည်။ သူဌေးကအဲ့အစီရင်ခံစာဖတ်ပြီး အလွန်ဒေါသထွက်ပြီးသတိလစ်သွားလေတော့တယ်.....။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -