- Back to Home »
- ဟာသ »
- အန်လ်ကယ် ရဲ့ငွေနှစ်သောင်း
ရန်ကုန်မြို့အတွင်း ပြေးဆွဲသည့် ဘစ်စ်ကားတစ် စီးပေါ်တွင်ဖြစ်၏။ အဘိုးကြီးတဦး ၏ ရှေ့ တွင် အမျိုးသမီးငယ်တစ်ဦးသည် လှပသော မိမိ၏ ခြေထောက်နှစ် ဘက်ကို အဘိုးကြီးမြင်သာအောင်တမင်ထိုင်နေ၏။ ထိုအခါ အဘိုးကြီးမှ ခပ်တိုးတိုးလေသံဖြ**့...... " ကလေးမ....မင်းရဲ့ စကတ်တိုကို ဒီထက် မြင့်မြင့် လေး မ တင်ပေးမယ်ဆိုရင် ငွေတစ်သောင်းပေးမယ်....." အမျီုးသမီးငယ် က စကပ်ကို မ တင်ပေးလိုက်သည်။ ငွေတစ်သောင်းကိုလည်း တဆက်တည်း တောင်း ယူလိုက်၏။ ထို့နောက် မျက်နှာ ကို ခပ်ပြုံပြုံး လေးလုပ်ပီး အမျီုးသမီးမှ အဖိုးကြီးဆီသို့ ဆက်ပြော၏။ " အန်လ်ကယ် နောက်တစ်သောင်း ထပ်ပေးရင် ကျမ အူအတက် ပေါက် လို့ ခွဲစိတ်တဲ့ နေရာကိုပြမယ်.." အဘိုးကြီး လည်း ၀မ်းသာအားရ ငွေတစ်သောင်း အမြန် ထပ်ပေးလိုက်၏။ ထိုအခါ အမျိုးသမီးငယ်သည် .. ဘတ်စ် ကားပေါ်မှနေ၍ အဆောက်အဦးတခုသို့ လက်ညှိးညွှန်ပြလေ၏။ အဘိုးကြီးလည်း ကောင်မလေး ညွှန်ပြသော အဆောက်အဦးသို့လှမ်း ကြည့်လိုက်သည်။ ထိုအဆောက်အဦးကား........ရန်ကုန်ပြည့်သူ့ဆေးရုံကြီး.......ပေတည်း။