- Back to Home »
- ဟာသ »
- တို့မိသားစု
Posted by : Unknown
Wednesday, November 20, 2013
လူတယောက်က မိတ်ဆွေတဦးကို ရှင်းပြလိုက်၏။ ငါတို့အိမ်ထောင်စုကတော့ နိုင်ငံတနိုင်ငံနဲ့ တူတယ်ကွ။ ငါ့ဇနီးက ဘဏ္ဍာရေးဝန်ကြီး၊ ငါ့ယောက္ခမကြီးက ကာကွယ်ရေးဝန်ကြီး၊ ငါ့သမီးက နိုင်ငံခြားရေးဝန်ကြီးကွ။ မိတ်ဆွေဖြစ်သူက ပြောလိုက်သည်။ စိတ်ဝင်စားစရာပဲကွ၊ ဒီတော့ မင်းက ဘယ်ရာထူးမှာလဲ။ ငါက ပြည်သူလူထုလေ။ သူတို့ကို ငါက တချိန်လုံးလုပ်ကျွေးနေရတာပေါ့ကွာ။