- Back to Home »
- ဟာသ »
- တညင်းသီးကြိုက်သူများအတွက်
ဟိုးရှေးရှေးတုန်းက... ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး စိုးစံနေသတဲ့ကွယ် ၊ သူ.မှာအင်မတန်မှချောမောလှပတဲ့ သမီးတော်တစ်ပါးရှိသတဲ့။ သူသမီးတော်လေးဟာ ဘယ်လောက်ထိချောသလဲဆိုရင် အတိုင်းတိုင်း အပြည်ပြည် မှာသူ.ရဲ့ဂုဏ်သတင်းဟာကျော်ကြားသတဲ့ကွယ်။ သူ.ကိုလက်ဆက်ချင်တဲ့ မင်းသားတွေ၊ ဘုရင်တွေ အများကြီးပဲပေါ့ကွယ်။ အဲဒီလိုဖြစ်နေကြတော့ တစ်ယောက်နဲ့တစယောက်မတည့်ကြပဲ စစ်ခင်းယူကြတော့မလိုဖြစ်နေကြတာပေါ့။ မင်းသမီးကိုခုနှစ်ပိုင်း ပိုင်းပြီးဝေရမယ့်အပါက် ရောက်နေတာပေါ့။ အဲဒါနဲ့ဘုရင်ကြီးက အမတ်တွေ အကြံပေးတဲ့အတိုင်း မင်းသမီးကို မိကျောင်းတွေအပြည့်ရှိတဲ့ ကန်တကန်ရဲ့ အလယ်မှာကျွန်းလေးလုပ်ပြီး မင်းသမီကိုထားသတဲ့။ မင်းသမီးကို လက်ဆက်လိုတဲ့သူတွေက အဲဒီကျွန်းပေါ်ကို ဘာအကူအညီမှမပါဘဲ ရေမစိုဘဲနဲ.ရောက်အောင်သွားနိုင်တဲ့သူ မင်းသမီးကိုလက်ဆက်ရမယ်ဆိုပြီးကြေညာမောင်းခတ်သတဲ့။ အဲလိုနဲ့ပဲ မင်းသမီးကိုလက်ဆက်ချင်တဲ့သူတွေ လက်မှိုင်ချနေရတာပေါ့။ ဒီလိုနဲ. အချိန်တွေကကြာလာတာပေါ့။ တနေ.မှာ ဆတ်ဆော့တတ်တဲ့ နတ်သားတပါးဟာမင်းသမီးကိုတွေ.သွားပါလေရော တွေ.လဲတွေ.ရောမင်းသမီးကိုကြိုက်လို.ဆိုပြီးနတ်ပြည်မှာ ခေါ်ယူပေါင်းသင်းတာပေါ့။ ဘုရင်ကြီးကလဲသူ.သမီးပျောက်လို.ဆိုပြီး ပူဆွေးနေတာပေါ့ အဲဒီလိုဘုရင်ကြီးပူဆွေးနေတာကို ထီးချက်စောင့်နတ်သမီး ကသိလို. သိကြားမင်းကိုတိုင်တာပေါ့။ အဲဒီတော့သိကြားမင်းက အဲဒီနတ်သားကိုခေါ်ပြီး မင်းသမီးကိုနတ်ပြည်နဲ.လူသားမအပ်စပ်လို.ပြန်ပို.စေတယ်။ နတ်သားက မင်းသမီးကိုပြန်ပို.မယ်လုပ်တော့မ်းသမီးက မပြန်ချင် ဘူး။ ဘယ်ပြန်ချင်မလဲ မင်းသမီးကနတ်သြဇာတွေစားပြီး မပြန်ချင်ဘူး။ နတ်သားကလဲ သိကြားမင်းအမိန်.ဆိုတော့ မပို.ချင်လို.မရဘူး လူ.ပြည်နဲ.နတ်သြဇာ မအပ်စပ်ဘူးဆိုပြီး မင်းသမီးကို နတ်သြဇာတွေ ယူမသွားခိုင်းဘူး မင်းသမီးကလဲ သူကြိုက်တဲ့နတ်သြဇာသီးတစ်လုံး ကိုနတ်သားမမြင်အောင် သူ.ကိုယ်ထဲ ဖွက်ယူလာခဲ့တယ်တဲ့။ အဲဒီလိုနဲ့ လူ.ပြည်ပြန်ေ၇ာက်တော့ မင်းသမီးလဲ လူ.ပြည်မှာမနေတာကြာတော့ မစားနိုင်မသောက်နိုင်ဖြစ်ပြီးသေပါလေရော။ မင်းသမီးသေတော့သူ.ကိုလိုချင်တဲ့သူတွေလဲ ဆွေးရောပေါ့ တနေ့လဲကြရော မင်းသမီးရဲ့အုတ်ဂူကနေ အပင်တပင်ပေါက်လာရော အဲဒီအပင်က မင်းသမီးနတ်ပြည်ကနေ နတ်သားမသိအောင်သူ.ကိုယ်ကြားထဲ ဖွက်ယူလာတဲ့အသီးလေ မထုတ်ဖြစ်ဘဲ ဂူထဲပါသွားတာ အဲဒီအပင်က အသီးလဲသီးရော သူ.ကိုကြိုက်တဲ့မင်းသားတွေက မင်းသမီးရဲ.ကိုယ်သင်းနံ့လေးပါတယ်ဆိုပြီး ခူးစားကြတာပေါ့ အဲဒီအသီးကိုခေတ်အဆက်ဆက် စားလာကြတာ ယနေ.ကျနော်တို.စားနေတဲ့တညင်းသီးပေါ့ဗျာ။ အနံ.ကတော့မင်းသမီးကိုယ်နံ.လေးပေါ့ နတ်သားမရှာတဲ့နေရာ ကိုယ်ကြားထဲမှာဆိုတော့ .........ေိေိေိေိေိ