- Back to Home »
- ကဗျာ »
- **တိုင် တည် ရှင်းတမ်း**
Posted by : Unknown
Saturday, November 23, 2013
အချစ်ကြောင့်ငိုတယ်ပြောရင် တချို့လူတွေက ဝိုင်းရယ်လိမ့်မယ် ငါဟာအမှတ်ကို မရှိတတ်တဲ့လူပါ နာကျင် မယ်မှန်းသိသိနဲ့ ဒဏ် ရာတွေ ခန ခန ပြန်ဆွတယ် ဝဋ် ရှိရင်ကျေပါစေလား ဖျက်ဆီးဖို့လွယ်ပြီး တည်ဆောက်ဖို့ခက်တဲ့ထဲမှာ အချစ်လဲ ပါတာပေါ့ ဘယ်လို ဖြစ်ဖြစ်လေ သူ့အတွက်ငါပျိုးတဲ့ဥယျာဉ် ဧဒင် ထက်တော့ သာစေရမယ် သတိ - -အမုန်းတွေမကျူးကျော်ရ မာန တွေလည်း အရည်ဖျော်ထားတယ် ဥယျာဉ်ကြီး သာယာဖို့ဆို ငါ့သွေးကို လည်း ငါစ တေးမယ် သူနားဆင် ဖို့ဆို ငါ့အရိုးငါချိုး တေးသံတွေ ဖန်ဆင်းမယ် သူမမြင် ချင် ဘူးဆိုရင် ငါ့မျက်နှာငါ ဓါးနဲ့ခြစ်မယ် သူမကြားချင် ရင် ငါ့နှုတ်ခမ်းတွေ အ သေပိတ်ထားပေးမယ် အို..,.....,အသင်လောက ဤ၍ ဤ မျှ ချစ် ရပါသောကြောင့် အတ္တ တစ်ခုသာ ရှိခွင့် ရမယ်ဆိုရင် ငါ့မျက် ရည်တစ်ချက်ကျတိုင်း သူ့ရင် ဘတ်တစ်ချက်အောင့် ပါစေသား *************************************** @ပင်လုံသူ@