Popular Post

Posted by : Unknown Saturday, November 16, 2013

လန်ပျံနေအောင်ဝတ်ဆင်ထားသော အပျို ကြီးတစ်ဦး သူငယ်ချင်း အပျို ကြီးတစ်ဦး၏ ရုံးခန်းသို့ အလည်သွားသည်။ ရုပ်ရည်သန့်သန့်ပြန့် ပြန့် လူငယ်တစ်ဦးက ၄င်းတို့ နှစ်ဦးထိုင်နေသောခုံတန်းရှေ့တွင်သူ့ အလုပ်သူ ရှုပ်နေသည်။ ဧည့်သည် အပျိုကြီး ကပြောသည်။ ဧည့်သည်အပျိုကြီး အဲဒီ မိတ္တူကူးနေ တဲ့ကောင်က ငါ့ကို စိတ်ကသိကအောက်ဖြစ်အောင်လုပ်နေတယ် ဆိုင်ရှင်အပျိုကြီးအံ့သြသွားသည် ဆိုင်ရှင်အပျိုကြီး ဟင်ဘာလုပ်လို့လဲ ငါ့အမြင်တော့ သူကနင့်ကိုမော်တောင်မကြည့်ဘူး ထိုအခါ ဧည့်သည်အပျိုကြီးပြောလိုက်သောစကားကြောင့် ဆိုင်ရှင်အပျိုကြီး ဘာပြန်ပြောရမှန်းပင်မသိတော့ပေ။ ဧည့်သည်အပျိုကြီးပြောလိုက်သောစကားမှာ အောက်ပါအတိုင်းဖြစ်သည် ဧည့်သည်အပျိုကြီး အေး အဲလို မကြည့်တာကိုက ငါ့ကို ကသိကအောက်ဖြစ်စေတာပေါ့ ဟင်းးးးးးးးးးးး

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -