- Back to Home »
- ဟာသ »
- ပစ္စည်းကိရိယာအစုံအလင်
လင်မယားနှစ်ယောက်အနက် ယောက်ကျားလုပ်သူက ငါးဖမ်းဝါသနာပါတယ်။ ဇနီးလုပ်သူကတော့ စာဖတ်ဝါသနာပါတယ်။ တစ်နေ့တော့ လင်လုပ်သူ ငါးဖမ်းပြီး ပြန်အလာ ဇနီးလုပ်သူက ယောက်ကျားရဲ့ ငါးဖမ်းလှေကို ယူပြီး မြစ်ရိုးတစ်လျှောက် လှော်ထွက်လာခဲ့တယ်။ မြစ်ရိုးတစ်လျှောက် လှေလှော်လိုက်၊ လေညှင်းခံလိုက်၊ စာဖတ်လိုက် လုပ်နေတုန်း မော်တော်ဘုတ်တစ်စင်းနဲ့ ရဲသားတစ်ယောက်ရောက်လာတယ်။ လှေချင်းယှဉ်လိုက်မိတော့ ရဲသားက လှေဝမ်းထဲက ငါးမျှား ကိရိယာတွေကို ကြည့်ပြီး " ဟေ့... ဒီနေရာမှာ ငါးမမျှားရဘူးဆိုတာ မသိဘူးလား။ ဒါ ကန့်သတ်နယ်မြေကွ" အမျိုးသမီးက " ကျွန်မ ငါးမမျှားပါဘူး။ ဒီမှာ စာအုပ်ဖတ်နေတာပဲ" " ဘာပဲ ဖြစ်ဖြစ်လေ မင်းမှာ ပစ္စည်းကိရိယာ အစုံအလင် ပါနေတာပဲ။ အဲဒီအတွက်တော့ မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်" " ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက မုဒိန်းမှုနဲ့ တရားစွဲရလိမ့်မယ်" " ဟေ့ မင်းကို ငါ လက်ဖျားနဲ့တောင် မတို့ရသေးဘူးနော်" " အိုး ... ရှင့်မှာလည်း ပစ္စည်းကိရိယာ အစုံအလင် ပါတာပဲ မဟုတ်လား"