Popular Post

Posted by : Unknown Monday, November 25, 2013

တနေ့ မှာ ကုမ္ပဏီတစ်ခုက ၀န်ထမ်း အသစ်ခေါ်ပါတယ် ထုံးစံအတိုင်း အင်တာဗျူးတာပေါ့လေ....ဆိုက်ကို မေးခွန်းတွေမေးပါတယ် ပထမ တစ်ယောက်ကိုမေးပါတယ် " လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ" " အလင်းပါ"...အမေးခံရတဲ့သူကဖြေပါတယ်.... " ဟုတ်ပါပြီ ဘာလို့  အဲ့လိုပြောနိုင်ရတာလဲ..." "ကျနော်တို့ ခလုတ်နှိပ်လိုက်တာနဲ့ ..စက္ကန့် တောင်မခြားပဲ..ချက်ခြင်းရောက်လာပါတယ်..." မေးခွန်းမေးသူက ခေါင်းညိတ်လက်ခံလိုက်ပြီး အမှတ်ပေးလိုက်ပါတယ် ဒုတိယတစ်ယောက်ကိုမေးပါတယ် " လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ" "အတွေး ပါ....". အမေးခံရတဲ့သူကဖြေပါတယ် " ဟုတ်ပါပြီ ဘာလို့  အဲ့လိုပြောနိုင်ရတာလဲ..." "ကျနော်တို့ တွေးလိုက်ပြီ ဆိုတာနဲ့ အ၇မ်းမြန်ပါတယ်..ဘယ်လောက်ကွာဝေးဝေး ရောက်သွားပါတယ်" မေးခွန်းမေးသူက ခေါင်းညိတ်လက်ခံလိုက်ပြီး အမှတ်ပေးလိုက်ပါတယ် တတိယတစ်ယောက် ကိုမေးပါတယ် "လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ" "၀မ်းသွားတာပါ .." မေးတဲ့သူအံ့ သြသွားပါတယ် "ခင်ဗျားကဘာလို့ အဲ့လိုပြောနိုင်ရတာလဲ ...." အင်တာဗျူးသူက မေးတော့ ..သူက ဒီလိုပြန်ဖြေလိုက်ပါတယ်.. "တကယ်ပါ ဆရာ..ကိုယ်တွေ့ ပါ...ဟိုတနေ့ က ကျနော်အိမ်သာ အရမ်းသွားချင်လာပါတယ် အဲ့ဒါနဲ့ အိမ်သာကိုပြေးရပါတယ်...အိမ်သာထဲလဲရောက်ရော...မီးခလုတ်ကိုလဲမဖွင့်နိုင်ခင်...ဘာမှလဲမတွေးနိုင်ခင်မှာပဲ အားလုံးထွက်ကျသွားပါတယ်.."

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -