Popular Post

Posted by : Unknown Monday, November 25, 2013

ယခင်က ရန်ကုန်ယာယီအချုပ်စခန်းတွင် တာဝန်ကျနေခဲ့စဉ် ယောက်ျားဆောင်နှင့် မိန်းမဆောင် ရေချိုးကန်အား သွပ်ပြားကာ၍ သီးခြားခွဲထားခဲ့လေသည်။ ရေကန်မှ ချိုးရေများ စီးဆင်းသော ရေစီးကြောင်းသည် သွပ်ပြား၏အောက်မှစီးဝင်သွားစဉ် တုတ်ဖြင့် ရေစီးကြောင်းထဲ အမှိုက်များ ဖယ်နေသော အကျဉ်းသားတစ်ဦးကိုမြင်၍ ထောင်မှူး ။ ။ မင်းကို ငါစောင့်ကြည့်နေခဲ့တာကြာပြီ၊ ဒီရေစီးကြောင်းဘေးမှာ ဘာထိုင်လုပ်နေတာလဲ။ အကျဉ်းသား ။ ။ ရေကန်က စီးဆင်းသွားတဲ့ရေ...စီးအားကောင်းအောင် အမှိုက်တွေ ရှင်းလင်းပေးနေတာပါ။ ထောင်မှူး ။ ။ ဖယ်လိုက်စမ်း...မင်းလက်ထဲကတုတ်ကို(ရေပြင်ငြိမ်သွားပြီး အရုပ်ပေါ်လာသဖြင့်) ဟားးး...ဟားးးး... တော်တော်လည်တဲ့ကောင်ပဲကွ၊ မိန်းမဆောင်ဘက်ခြမ်းနဲ့ ဒီလိုဆက်သွယ်နေခဲ့တာကိုး... (အဲလို အဆောင်အတူနေကြတဲ့ သူငယ်ချင်းတွေအတွက် နည်းလမ်းကောင်းလေး မျှပေးတာနော် )

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -