- Back to Home »
- ဟာသ »
- မယားစကားကိုရိုသေတာ
တိုင်းးပြည်တစ်ပြည်တွင် မင်းတစ်ပါးအုပ်စိုးလေသည်။ ထိုမင်းသည် မိမိ မိဖုရားကို အလွန်ကြောက်လေသည်။ ဘုရင်အဖြစ်ကို ခံယူထားသော်လည်း မိဖုရား၏ အလိုကိုမဆန့်ကျင်ဝံ့ ဘဲ ရှိလေသည်။ တစ်နေ့မှာ ဘုရင်ကြီး အတွေးပေါက်ရရှိသဖြင့် ယုံကြည်စိတ်ချရတဲ့ အမတ်တစ်ဦးနှင့်တိုင်ပင်လိုက်သည်။ မိန်းမ မကြောက်ရတဲ့ နည်းလမ်းကလေးများမေးမြန်းစုံစမ်းလေမှဘဲ ဟူပြီးစိတ်ကူးမိလေသည်။ အမတ်ကြီးကလည်း တစ်နိုင်ငံလုံး သိသာအောင် မောင်းခတ်ကြေညာသင့်ပါကြောင်းသံတော်ဦး တင်လေသည်။ မင်းရင်ပြင်တွင် မဏ္ဍပ် နှစ်လုံးကို တစ်လုံးနှင့် တစ်လုံး ခပ်ကွာကွာ ဆောက်လုပ်နေကြသည်။ တစ်ခုသော မဏ္ဍပ်တွင် အနီရောင်ဖြစ်ပြီး တစ်ခုသော မဏ္ဍပ်တွင် အနက်ရောင်ဖြစ်သည်။ အားလုံးပြီးသောအခါ အမတ်ကြီးများအား မောင်းခတ်ကြေညာခိုင်းသည်။ အနက်ရောင် မဏ္ဍပ်တွင် မိန်းမကို ကြောက်ရသူများ ပြည့်ကျပ်နေသည်။ မိန်းမကိုမကြောက်ရသော အနီရောင်မဏ္ဍပ်တွင် တစ်ဦး တစ်ယောက်မျှ မရှိသည်ကိုတွေ့နေရ သောကြောင့်အတော်ပင်အံ့အားသင့်နေသည်။ နံနက်မှ နေ့လည်အထိ အနီရောင်မဏ္ဍပ်တွင် တစ်ယောက်မှ မရှိသေးပေ။ တစ်အောင့် မျှကြာသောအခါ မိန်းမမကြောက်ရသော အနီ ရောင်မဏ္ဍပ်သို့ လူတစ်ယောက် ပုဆိုးလေးခြုံကာ ဝင်ရောက်လာပြီး မဏ္ဍပ်ထောင့်တွင် ခွေခွေလေးအိပ်နေလေသည်။ ဘုရင်ကြီးစိတ်ထဲတွင် ထိုသူအား သူရဲကောင်းဟုထင်ကာ ထိုသူအားရှေ့တော်မှောက်သွင်းစေဟု အမိန့်တော် ပေးလိုက်လေသည်။ "ငါကိုယ်တော်မြတ် မောင်မင်းအား ဆုတော် လာဘ်တော်များ ပေးသနားတော်မူမယ် မှန်ရာကို လျှောက်တင်စမ်း" ဟုဆိုရာ "မှန်လှပါ ဘု၇င်မင်းတရားကြီးခင်ဗျားကျွန်တော်မျိုးသည် အမှန်စစ်စစ်မိန်းမကို ကြောက်နေသောသူပင် ဖြစ်ပါသည်။ သို့ရာတွင်ကျွန်တော်မျိုးမိန်းမဖြစ်သူက ဘယ်သူနဲ့မှ မပတ်သက်နှင့် ကိုယ့်ဘာသာကို သီးခြားနေ သူတစ်ပါးမလုပ်သည့်အရာ ကို လုပ်ရမည်ဟု တစ်ချက်လွတ်စေခိုင်းသဖြင့် အနီရောင်မဏ္ဍပ်သို့ ဝင်ရခြင်းဖြစ်ကြောင်းပါ ဘုရား" ဟု သံတော်ဦးတင်လိုက်လေသည်။