Popular Post

Posted by : Unknown Sunday, November 17, 2013

ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။ သူဝယ်ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့ လေ....တောင်းတလုံးရယ်၊ အိမ်သုတ်ဆေးတဂါလံပုံးရယ်၊ ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၄ ကောင်ရယ်လေ။ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်... "ခြံအမှတ် ၀၀၇၊ ရေဝတီလမ်းကို သိပါသလားရှင်" "သိတာပေါ့၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ" "ဒါဆို ဘယ်လိုသွားရမလဲရှင်" "ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့ ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့" "လွယ်လွယ်လေး၊ အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊ ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊ ဘဲ၂ ကောင်ဆီကို လက်တဖက်ဆီမှာဆွဲလိုက်" သူမပြောသလိုလုပ်လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။ အဲလိုနဲ့ အတူတူလျှောက်လာကြရင်း လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမက ကိုထုံကို စွပ်စွဲပါတော့တယ်... "ရှင်..ရှင်...ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး ဗလက္ကာရကျင့်မလို့ မလား" "ဗျာ...ကျနော့် ခေါင်းပေါ်မှာ ဆေးပုံးကြီးနဲ့တောင်းကို ရွက်ထားတယ်...လက်မောင်းမှာလဲ ကြက်တွေချိပ်ထားတယ်၊ လက်နှစ်ဖက်မှာလဲ ဘဲတွေ ဆွဲထားရတယ်၊ ဒီလိုလူက ခင်ဗျားလေးကို ဘယ်လိုလုပ် ဗလက္ကာရကျင့်လို့ရမလဲဗျာ..." ဒီတော့ အားနွဲတဲ့ မိန်းကလေးက ဘာပြန်ပြောတယ်ထင်လဲ... .... "ဘဲတွေကို အောက်ချလိုက်ပြီး ထွက်မပြေးနိုင်အောင် တောင်းနဲ့ အုပ်လိုက်လေ၊ ဆေးပုံးကို တောင်းအပေါ်ကဖိထားလိုက်၊ ကြက်နှစ်ကောင်ကိုတော့ ကျမ ကိုင်ထားပေးမယ်"....တဲ့။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -