- Back to Home »
- ဟာသ »
- (ကောင်းလိုက်တဲ့ ၀ိတ်ချနည်း)
လူဝကြီးတစ်ယောက်ဟာ ဝိတ်ချချင်တာကြောင့် ကုမ္ပဏီကို ဖုန်းဆက်လိုက်တယ်..။ ကုမ္ပဏီ.. ရဲ့ အစီအစဉ်တွေကို မေးပြီး (၅) ရက်ကို (၁၀) ပေါင် ဝိတ်ကျစေတဲ့ လေ့ကျင့်ခန်းကို ယူမယ်လို့ပြောလိုက်တယ်...။ ..........နောက်နေ့မနက်မှာတော့ အိမ်တခါးခေါက်သံကြားလို့သွားဖွင့်ပေးလိုက်တယ်..။ ၁၉ နှစ်အရွယ် ချစ်စရာကောင်းတဲ့ အားကစားမယ်လေးတစ်ယောက် ရပ်နေတာတွေ့တယ်..။ .........ကလေးတစ်ယောက်လိုဝတ်ဆင်ထားပြီး Nike အပြေးလေ့ကျင့် ဖိနပ်တစ်ရန် ဝတ်ထား ပြီး လည်ပင်းမှာချိတ်ဆွဲထားတဲ့ စာတစ်ကြောင်းလဲရှိတယ်..။ မိန်းမငယ်လေးက သူ့ကိုယ်သူ ကုမ္ပဏီ ကလွှတ်လိုက်တဲ့ ကိုယ်စားလှယ်ဖြစ်ကြောင်းမိတ်ဆက်ပြီး လည်ပင်းက စာကို ဖတ်ပြလိုက်တယ်...။ """ငါ့ကို မှီအောင်လိုက်နိုင်ရင် ငါ့ကို နင်ပိုင်ပြီ""" ......လူဝကြီး သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ ဘဲ မှီအောင် အတင်းပြေးလိုက်တော့တယ်... မိုင်အတော်လေး ပြေးပြီးတဲ့နောက် မောဟိုက်လွန်း တာကြောင့် စိတ်မတင်မကျနဲ့ ပဲ အရှုံးပေးလိုက်တယ်...။ ........မိန်းမငယ်လေးက နောက် ထပ်လေးရက် စလုံး လဲ ဒီလိုပဲ ရောက်လာပြီး ပြေးကြတယ်..။ ၅ ရက်မြှောက်နေ့မှာတော့ ကုမ္ပဏီက ကတိပေးထားတဲ့ တိုင်း (၁၀) ပေါင် ဝိတ်ကျသွားမှန်းသိလိုက်တယ်..။ .........ကျေနပ်စွာပဲ နောက်တစ်နေ့မှာတော့ ကုမ္ပဏီကို ထပ်ဖုန်းဆက်ပြီး (၅) ရက် ကို ပေါင် (၂၀)ကျတဲ့ လေ့ကျင့် ခန်း ထပ်ယူမယ်လို့မှာလိုက်တယ်...။ ............နောက်နေ့မနက်မှာ အိမ်တခါးခေါက်လို့သွားဖွင့်ပေးလိုက်တော့ ...။ သူ့ဘဝမှာ မှာတွေ့ဖူးသမျှ ကြုံဖူးလာသမျှ. အချောဆုံး အလှဆုံးလို့ထင်ရလောက်တဲ့ အချိုးအစားကျကျမိန်း မပျိုလေး တစ်ယောက် ရပ်နေတာတွေ့ပြန်တယ်..။ ..........Reebok လေ့ကျင့် ဖိနပ်တစ်ရံကလွဲလို့ ဘာမှဝတ်ဆင်မထားဘူး..။လည်ပင်းမှာ စာတန်း တစ်ခုပဲရှိတယ်...ဒါကတော့ """ငါ့ကို မှီအောင်လိုက်နိုင်ရင် ငါ့ကို နင်ပိုင်ပြီ""" မိန်းမပျိုလေးက ခန္ဓာကိုယ့် အချိုးအစားကအစ ချောမောပြေပြစ် လှလွန်းတာကြောင့် ပိုပြီး ကြိုးစားပန်းစား ပြေးလိုက်တာပေါ့... ဒါပေမယ် ကံမကောင်းစွာပဲ မှီအောင်မလိုက်နိုင်ပြန်ဘူး..။ နောက်ထပ်လေးရက် လဲ ဒီလိုပဲ လိုက်ကြပြေးကြတာပေါ့ ...။သူ့ခန္ဓာကို ပို ပြီး ကြည့်ကောင်းလာတာကလွဲပြီး မှီအောင်တော့ မလိုက်နိုင်ခဲ့ဘူး.. ......(၅) ရက်မြှောက်နေ့မှတော့ သူ့ကိုယ်သူ ပေါင် (၂၀) လျော့ ကျသွားမှန်းသလိုက်တော့ ဝမ်းမြှောက်သွားတယ်...။ မကျေနပ်သေးဘဲ ကုမ္ပဏီကို နောက်တစ်ခါ ဖုန်းထပ်ဆက်ပြီး (၇) ရက် ကို ပေါင် (၅၀) ကျစေတဲ့ လေ့ကျင့် ခန်း ကို မှာလိုက်တယ်..။ ကုမ္ပဏီက သေချာအောင်ပြန်မေးတယ်..။ """....ခင်ဗျား တစ်ကယ်ပဲ ဒီလေ့ကျင့်ခန်း ကို လုပ်ချင်ပါသလား...။ ဒီလေ့ကျင့်ခန်းက ကုမ္ပဏီရဲ့ အရမ်း တင်းကျပ်ပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းဖြစ်လို့ပါ...။""" """....အသေ အချာပါပဲ ဒီနှစ်တွေမှာ အဲ့ဒီလို အရသာမခံစားရတာ ကြာပြီ မို့ စမ်းသပ်ကြည့်ချင်ပါသေးတယ်..""" သူပြန်ပြောလိုက်တယ်..။ နောက်နေ့မနက်မှာတော့ တခါးခေါက်သံ ကြားတာနဲ့ အပြေးလေး သွားဖွင့်ပေးလိုက်တယ်...။ ..ခန္ဓာ ကို တောင့် တင်း ခိုင်မာပြီး ကြွက်သားတွေနဲ့ ဖုထစ်ထွက်နေတဲ့ လူသန်ကြီး တစ်ရောက် ရပ်နေတာတွေ့လိုက်တယ်...။ ပန်းရောင် ဖိနပ်တစ်ရံကလွဲပြီး ဘာမှဝတ်မထားဘူး.. လည်ပင်းမှာတော့ စာတစ်ကြောင်းရေးဆွဲထားတယ်...။ """ မင်းကို ငါမှီရင် မင်းဟာ ငါ့ အတွက်ပဲ""" ...........................အဲ့ဒီအပတ်မှာတော့ သူ့ ကိုယ်သူ ( ၆၃ ) ပေါင်ကျသွားမှန်း သိလိုက်တယ်....