Popular Post

Posted by : Unknown Saturday, November 23, 2013

တစ်ခါက တက္ကသိုလ်ပြည်မှာ ပညာသင်ပြန်လာသော မင်းသားတစ်ယောက်သည် ရွာတစ်ရွာ၏ထိပ်အ ရောက် ရေဆာလှသဖြင့် မိန်းမပျိုတစ်ဦး ရေခပ်နေသော ရေတွင်းဆီသို့သွားရျွ် - “နှမ၊ ရေတစ်ပေါက်လောက် သောက်ပါရစေ” “ရပါတယ်မောင်ကြီး၊ လာသောက်ပါ၊ သြော်…ဒါနဲ့ မောင်ကြီးက ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ” “တက္ကသိုလ်ပြည်က ပညာသင်ပြန်လာပြီး မိမိရဲ့မြို့ကို ပြန်မှာပါ။ စပ်စုတယ်လို့ မထင်ပါနဲ့၊ သိချင်လို့ မေး ပါရစေ၊ မောင်ကြီးက တက္ကသိုလ်ပြည်မှာ ဘယ်ပညာကို အဓိကထားပြီး သင်ခဲ့ပါသလဲ” “မိန်းမတို့ရဲ့မာယာနဲ့ အမူအကျင့်တွေကို ကျမ်းကုန်အောင် သင်ခဲ့ပါတယ်” “မိန်းမမာယာနဲ့ အမူအကျင့်တွေကို မောင်ကြီးတို့ ဘယ်လောက်သင်သင် အကုန်တတ်မယ်မထင်ပါဘူး” “တတ်ပါတယ် နှမငယ်၊ ဘာကြောင့်လဲဆိုတော့ မောင်ကြီးက မိန်းမတွေရဲ့အကြောင်းကို ပိုပြီးသိချင်လို့ ဒီပညာကို အဓိကထားပြီး သင်ခဲ့တာပဲ” “ဒါဆိုရင် စမ်းကြည်လို့ရမလား” “နှမငယ် စမ်းကြည့်မယ်ဆို စမ်းကြည့် နိုင်ပါတယ်” မင်းသား၏စကားဆုံးသည်နှင့် မိန်းမငယ်က “ဟောသည်မှာ ကယ်ကြပါဦး၊ ဟောဒီမှာ ကြယ်ကြပါဦးရှင၊့် လူတစ်ယောက် ကျွန်မကို မတရားပြုကျင့်နေပါတယ်”ဟု ကျုံးအော်လိုက်ရာ ရွာနီးချုပ်စပ်မှ လူတ်ာတော်များ များ တုတ်၊ ဓားများဆွဲရျွ် ရေတွင်းဆီသို့ တအားပြေးလာကြပါတော့သည်။ ထိုအခါမင်းသားမှာ ကြောက်လန့်တ ကြားဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်း - “နှမ…မင်းဘယ်လိုလုပ်လိုက်တာလဲ၊ ဟိုမှာ ငါ့ကိုသတ်ဖို့ ပြေးလာနေကြပြီ၊ ငါ ဘယ်လိုလုပ်ရမလဲ၊ ပြေး ဖို့လည်း လွတ်ဖို့မလွယ်တော့ဘူး” “သြော်…ဒါကတော့ မောင်ကြီးသင်လာတဲ့ မိန်းမကျမ်းထဲကပညာကို ထုတ်သုံးပြီး လွတ်အောင်လုပ်ပါ လား” “ကဲ…မိန်းကလေး၊ ငါအရှုံးပေးပါတယ်၊ မိန်းမမာယာကို ဘယ်တော့မှကုန်အောင် မသင်နိုင်ပါဘူးလို့ ၀န်ခံပါတယ်၊ ငါ့ကို ပြေးလာတဲ့ ရွာသားတွေရဲ့ရန်ကလွတ်အောင် ကယ်တင်ပါ” “ကဲ…ဒါဆိုရင် အလွယ်လေးပါ၊ ရှင် ဒီရေပုံးကြိုးကိုကိုင်ပြီး ရေတွင်းထဲဆင်းလိုက်ပါ” မိန်းမငယ်၏စကားအဆုံးမှာပင် မင်းသားမှာ ကြိုးကိုဆွဲပြီးရေတွင်းထဲ ဆင်းလိုက်ရသည်။ မင်းသားရေ တွင်းထဲ ရောက်သွားသောအချိန်မှာပင် လက်နက်ကိုယ်ဆီဆွဲရျွ် ပြေးလာကြသော ရွာသားများမှာ ရေတွင်းဆီသို့ ရောက်လာကြလေပြီ။ “ဟေ့…မိန်းကလေး၊ စောစောက မင်းဆီက အော်သံကြားလို့ ငါတို့ ပြေးလာကြတာ၊ မင်းဘာဖြစ်တာလဲ” “ကျွန်မကတော့ ဘာမှမဖြစ်ပါဘူ၊ လူတစ်ယောက် ကျွန်မဆီမှာ ရေးတောင်းသောက်ရင်းနဲ့ ခြေချော်လက် ချော်ဖြစ်ပြီးရေတွင်းထဲ ကျသွားလို့ လှမ်းအော်ပြီး အကူအညီတောင်းရတာပါ” မိန်းကလးစကားအဆုံးမှပင် ရွာသားများက ရေတွင်းထဲရောက်နေသော (သူတို့အထင်အားဖြင့် ရေတွင်း ထဲကျနေသော) မင်းသားကို ၀ိုင်းဝန်းဆယ်တင်လိုက်ကြပါသည်။ ထိုနေ့မှစရျွ် ၄င်းမင်းသားအနေဖြင့် သူ့ကိုယ်သူ မိန်းမကျမ်းကျေသူဟူရျွ် ဘယ်သောအခါမှပြောတော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ခဏအချိန် လေးအတွင်းမှာပင် တောသူမိန်းကလေးတစ်ယောက်က သူ့လိုမင်းသားတစ်ယောက်ကို ရွာသားများသတ်ချင် အောင် ရွာသားများသနားပြီး ကယ်တင်ချင်အောင်လုပ်ပြသည်ကို နဖူးတွေ့၊ ဒူးတွေ့ ကြုံတွေ့ရသောကြောင့်ပင် ဖြစ်ပါသတည်း -----------------------------ပြီးပါပြီ---------------------

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -