- Back to Home »
- ဟာသ »
- သတင်းကောင်းဆိုလို့
Posted by : Unknown
Friday, November 29, 2013
လက်ထပ်ပြီးခါစ ဇနီးက အလုပ်မှ ပြန်လာသော ခင်ပွန်းကို ပြောပါသည်။ "မောင့်အတွက် သတင်းကောင်းတစ်ခုရှိတယ်။ မကြာမီမှာပဲ အိမ်မှာ လူနှစ်ယောက်အစား လူသုံးယောက် ဖြစ်လာတော့မယ်" ခင်ပွန်းက ပြုံးရွှင်သောမျက်နှာ၊ တောက်ပသော မျက်ဝန်းများဖြင့်ဇနီးထံပြေးသွားသည်။ " မောင်ပျော်နေတဲ့အတွက် ကျွန်မ ဝမ်းသာပါတယ်။မနက်ဖြန်မှာ မေမေက ကျွန်မတို့နဲ့အတူ လာနေတော့မှာ" ဇနီးသည်၏ ပြောစကားကြောင့် ပျော်ရွှင်စွာ အနမ်းပေးနေသော ခင်ပွန်းမျက်နှာ နီမြန်းသွားတော့သည်။