Popular Post

Posted by : Unknown Friday, November 29, 2013

က မ္ဘောဇဌာနေရဲ့သမိုင်း တောင် တန်းတွေဝိုင်းရံထားတဲ့မြို့ငယ်လေးတစ်မြို့ရှိတယ်။ အဲဒီမြို့မှာ… ဆောင်းမနက် နှင်းစက်တွေရှိတယ် ပွင့်ခက်ဝေစီ ချယ် ရီပန်းတွေရှိတယ် ရိုးသားကြိုးစားတဲ့ တိုင်းရင်းသားတွေရှိတယ် ရိုးရာစုံ ဗုံမောင်းအိးုစည်သံတွေရှိတယ် မုသားမသုံးစွဲတဲ့ စကားသံဝဲဝဲတွေရှိတယ် ဗုဒ္ဓကိုးကွယ်တဲ့ဘာသာတရားကိုင်းရှိုင်းမှုတွေရှိတယ် မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်ကြီးရှိတယ် အဲဒီမြို့မှာ…… ရဲရင့်တဲ့ သတ္တိသွေးတွေရှိတယ် တူညီခဲ့တဲ့ စိတ်ကူးအိပ်မက်တွေရှိတယ် စည်းလုံးညီညွတ်တဲ့ နေ့ရက်တွေရှိတယ် မြန်မာ့သမိုင်းကြောင်းအတွက် မှတ်တမ်းကောင်းတွေရှိတယ် ငြိမ်းချမ်းမှုတွေမွေးဖွားတဲ့ အနက်အဓိပ္ပာယ်တွေရှိတယ် တောင် တန်းမြေပြန့်ပူးပေါင်းရေးစာချုပ် ရှိတယ် အာဇာနည် စိတ်ဓါတ်တွေရှိတယ် ဗိုလ်ချုပ်အောင် ဆန်းရဲ့ခြေရာတွေရှိတယ် အဲဒီမြို့ဟာ…… မြင့်မြတ်ထည်ဝါ သူ့ဂုဏ်သိက္ခာနဲ့သူ… အေးချမ်းချိုမြ သူ့အနှစ်သာရနဲ့သူ… တောင် တန်းတွေကြားသူ့အလှတရားနဲ့သူ… အပြုံးတွေဝေဆာသူ့မျက်နှာနဲ့သူ… တားဆီးဖို့ခက်တဲ့ သူ့အသက်နဲ့သူ… ချိုးဖျက်မရတဲ့ သူ့မာန နဲ့သူ… ရှင် သန်ထာဝရ သူ့ဘဝနဲ့သူ… တုနှိုင်းမနိုင် သူ့မှတ်တိုင် နဲ့သူ… ကမ္ဘာမြေလည်နေသ ရွေ့ မ မေ့အပ်တဲ့သူ့ရာဇဝင် နဲ့သူ ရှိတယ်။ ။ (အလွမ်းရာသီ)်

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -