Popular Post

Posted by : Unknown Friday, November 22, 2013

ကိုပေတလူးက ဘောသမား ကွင်းထဲပတ်ပြေးနေတဲ့ ဘောသမားတော့မဟုတ်ဘူး ။ ဂျာနယ်ပေါင်းစုံဖတ်ပြီး ကမ္ဘာကျော်ဘောသမားတွေကို ခိုင်းစားနေတဲ့သူ ဆိုပါတော့ မပူတူးက ပေတလူးရဲ့မိန်းမ ပေတလူးကလည်သလောက် မပူတူးက အရမ်းကို တုန်းတာ လူကတာတုန်းတာ အရပ်ထဲ ဈေးထဲက ကြားကြား သမျှ ဗန်းစကားတွေကို စွတ်ရွတ်ပြောတာ ဆိုင်ဆိုင် မဆိုင်ဆိုင် မပူတူးနဲ့ မဆိုင်ဘူး ပြောကိုပြောလိုက်ရမှ စာဝင်အိပ်ပျော်တာ ဒါမှ လူရှိန်မှာ လေ မသိတဲ့ ဗန်းစကားအသစ်တွေဆိုရင် သူ့လင် ပေတလူကြီးကို မေးတာ "လူးလူး" သူ့လင်ကိုချစ်စနိုးနဲ့ ခေါ်တာ လူးလူး တဲ့ မောင်းအောင်တယ်ဆိုလားဘဲ ပေတလူးတစ်ယောက် ခေါင်းတစ်ထောင်ထောင်နဲ့ စိတ်ကောင်းဝင်နေတာ "ဘာလဲ ပူတူးတူးလေးရ" "ကျိုးတယ်ဆိုတာ ဘာကို ပြောတာလည်းဟင်" "ကျိုးတယ်ဆိုတာ အိပ်နေတာကို ပြောတာ ပူတူတူးလေးရဲ့" မပူတူးမှတ်ထားလိုက်တယ် ခွင်ထဲဝင်လာတာနဲ့ သုတ်ထည့်လိုက်မယ်ပေါ့ ဖြစ်ချင်တော့ ပေတလူးတစ်ယောက် အိပ်ယာထဲလည်း ပါလေရော ညလုံးပေါက် ဘောပွဲ ကြည့်ရင်းဖြစ်သွားတာ "ပူတူးရေ သမီး " တောမှာနေ တဲ့ မပူတူးရဲ့ အဖေ ရောက်လာပါတယ် "ဟဲ့ ငါ့သမတ် ပေတလူးရော" သမတ်ကို တန်းမေးတာ မပူတူး ပြောသွားတယ် ခွင်ကျပြီလေ ဆရာမ ကြီးစတိုင်နဲ့ "ကျိုးနေတယ် အဖေရဲ့" "ဟေ ဟိုတစ်ပတ်က ရွာကို လာတုန်းကတောင်အကောင်းကြီး ရှိပါသေးတယ် သမီးရဲ့" ဘောမှန်လို့ အိပ်ရာထဲ ခွေခေါက်နေတဲ့ လင်တော်မောင် အကြောင်းကို ရှင်းပြတယ် "ညက တော်တော်ကွဲတာ အဖေရဲ့ အပေါ်က နေတာလေ ဘော်ဒီလား ဘော်လီလား အဲဒါလဲ ကျိုးသွားတယ် မောင်းလဲ အကွဲ အဖေရဲ့" ဖအေကြီး မျက်လုံးပြူးသွားတယ် ဘောတက္ကနစ် ဗန်းစကားတွေ နားမလည်ဘူးလေ အရှိန်ရနေတဲ့ မပူတူးက ဆက်ပြောပါတယ် "တစ်ညလုံး ညလုံးပေါက်ကြီးပဲဆိုတော့ အဖေရယ် ဘယ်ခံနိုင်တော့မလဲ ကျိုးတာတောင် နည်းသေး ဒါပေမယ့် ခုသာ ပျော့နေတာ ညကျ ဘောသံလေးတစ်ဖက်ဖက်ကြားရင် ငေါက်တောက်တောင်ထလာမှာ" ဖအေကြီးနားရှက်လာတယ် မျက်နှာ အနီ ကြီးနဲ့ "တော်တော် ပူတူး ဂန်းမ" ဖအေကြီးက ကန်ချလိုက်တာ ခွေးကျကျ ပါလေရော တစ်ခါကဖတ်ခဲ့ဖူးသော ဟာသကို လက်ညောင်းခံပြီး ပြန်ရေးလိုက်ပါသည်။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -