- Back to Home »
- ဟာသ »
- (တောင်းပန်ပါတယ်)
မင်းသမီး။ ။ တရားသူကြီးရှင့် ဒီစာရေးဆရာဟာ သူ့ရဲ့ ဝေဖန်ရေး ဆောင်းပါးထဲမှာ ကျွန်မကို ၀က်မ လို့ သုံးနှုံးပြီး ရေးထားပါတယ်။ အဲဒီ အတွက်သူ့ကို တရားစွဲဆိုပါတယ်။ ဟောဒီမှာ သက်သေအဖြစ် သူရေးထားတဲ့ ဝေဖန်ရေး ဆောင်းပါးပါ။ တရားသူကြီး။ ။ သက်သေ အထောက်အထား ခိုင်လုံတဲ့အတွက် မောင်မင်း မင်းသမီးကို အများရှေ့မှာ လူသိရှင်ကြား တောင်းပန်ပါ။ အဲလိုမှ မဟုတ်ရင် မောင်မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်။ စာရေးဆရာ။ ။ ကောင်းပါပြီ တစ်ခုမေးပါရစေ ခင်ဗျား မင်းသမီးကို ၀က်မ လို့ ခေါ်တာ ကျွန်တော့မှာ အပြစ်ရှိတယ်ပေါ့။ တရားသူကြီး။ ။ ဟုတ်တယ်။ မခေါ်နိုင်ဘူး ထပ်ခေါ်ရင် ထပ်တရားစွဲခံရလိမ့်မယ်။ စာရေးဆရာ။ ။ ဟုတ်ပါပြီ ဒါဆို ၀က်မ ကိုရော မင်းသမီးလို့ ခေါ်ရင် တရားဥပဒေနဲ့ ငြိစွန်းပါသလားခင်ဗျာ တရားသူကြီး။ ။ မငြိစွန်းပါဘူး စာရေးဆရာ။ ။ ဒါဆို ၀က်မကို မင်းသမီးလို့ခေါ်ရင် ကျွန်တော့မှာ အပြစ်မရှိဘူးပေါ့နော် တရားသူကြီး။ ။ ဟုတ်တယ် မရှိဘူး စာရေးဆရာ။ ။ ကောင်းပါပြီဗျာ အများရှေ့မှာပဲ ကျွန်တော် တောင်းပန်ပါ့မယ် ကဲ .. ဒီအမှုမှာ အနိုင်ရသွားတဲ့ ခင်ဗျားကို ကျွန်တော် တောင်းပန်ပါတယ် မင်းသမီး...............။