- Back to Home »
- ဟာသ »
- လက်ဖက်ရည်ဆိုင် ထိုင်ရင်သတိထား
Posted by : Unknown
Friday, November 29, 2013
ကျွန်တော် က လက်ဖက်ရည်ဆိုင် ထိုင်ရင် တစ်ယောက်တည်းထိုင်ရတာ ကြိုက်တယ်။ ပြသနာက နောက်ဖေးခဏသွားရင် ကျွန်တော့် လက်ဖက်ရည် ကိုတစ်ယောက်ယောက်က ခိုးသောက်နေတာပဲ။ စတာနောက်တာ ဆိုပေမယ့် ကြာတော့လည်းတင်းလာတယ်။ ဒါနဲ့ နောက်ဖေးမသွားခင် ကျွန်တော်လက်ဖက်ရည်ခွက်ပေါ်မှာစာတစ်ရွက်ရေးပြီးတင်ထားခဲ့တယ်။ " လက်ဖက်ရည်ခွက်ထဲ တံတွေးထွေးခဲ့သည်" ပိုင်လိုက်တဲ့အကြံ ။သောက်လေ သောက်ဦးလေ။ အေးဆေးပဲ။ ငါကွ။ ဒါပေမယ့်ကြာကြာတော့မအေးဆေးလိုက်ရပါဘူးဗျာ။ကျွန်တော့်စာအောက်မှာဒင်းကထပ်ရေးထားခဲ့တယ် "ငါရော ပဲ" တဲ့