Popular Post

Posted by : Unknown Friday, November 22, 2013

ပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစားစုံတွဲ တစ်တွဲထိုင်နေသည်။ ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေသည်။ သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောသမျှကို အဘိုးကြီးအတိုင်းသား ကြားနေရ၏။ မိန်းကလေးက"မောင်...ကျွန်မ ခေါင်းနည်းနည်းမူးလာတယ်" ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏။ ထို့နောက်"မူးသေးလားဟင်" "ဟင့်အင်း၊ ပျောက်သွားပြီ" အတန်ကြာသောအခါ...... မိန်းကလေးက "မောင်.....ကျွန်မဇက်ကြောတွေတက်လာသလိုပဲ" ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏ "ဘယ်လိုနေသေးလဲ" "အင်း..သက်သာသွားပြီ" ခဏကြာသော်... "မောင်....ကျွန်မ လက်တွေကလည်း ဘယ်လိုဖြစ်တယ် မသိဘူး၊ တဆစ်ဆစ်နဲ့" ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏။ တဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာ၏။ ထို့ကြောင့်လှမ်းပြောလိုက်၏။ " ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ 'ဦးမှာ လိပ်ခေါင်းဖြစ်နေလို့'" တဲ့

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -