Popular Post

Posted by : Unknown Friday, November 22, 2013

မိသားစု တစ်ခုမှာ ကလေးတစ်ယောက် ရလာခဲ့တယ်.. ကလေးမမွေးခင် ဗေဒင်ဆရာက ဒီကလေး မွေးပြီး စကားပြောတက်စ မှာ သူ ပထမဆုံး ပြောတဲ့ စကား (၃) ခွန်းမှာ ခေါ်တဲ့သူတွေ သေရမယ်တဲ့.. ဒီလိုနဲ့ ကလေးမွေးပြီး ပြီး စကားပြောတက်စမှာ ပထမဆုံးခေါ်လိုက်တာက ... " အဖိုး " လို့စခေါ် ပါတယ်.. နောက်ရက်မှာ သူ့အဘိုးတကယ်ပဲ နှလုံးရောဂါဖောက် ပြီးသေသွားပါတယ်.. နောက်မကြာဘူး " အဖွား " လို့ထက်ခေါ်ပါတယ်.. နောက်ရက်မှာပဲ သူ့အဖွား အမှန်တကယ်ပဲ သေဆုံး သွားပါတယ်.. ဒီလိုနဲ့ သူ့အဖေနဲ့ အမေဟာ လန့်နေခဲ့ပါတယ် .. သူတို့ ကို ခေါ်တာနဲ့ သေမှာဆိုတော့လေ.. ကလေးကလည်း ဘာမှ မခေါ်တော့ပါဘူး.. တစ်နေ့ကျတော့ ကလေး ကထက်ခေါ်ပါတယ် . " အဖေ " သူ့အဖေလည်း တော်တော် လန့်သွားတာပေါ့.. နောက်တစ်ရက် ရောက်ရင် သေတော့မှာလေ တစ်ည လုံးအိပ် မပျော်ဘူး .. နောက်တစ်ရက် အရောက်မှာ သူ့အဖေ ကမသေပါဘူး.. သူ တော်တော် ပျော် သွားတာပေါ့.. ဒါပေမဲ့ သူတို့ အိမ်ဘေးက သူ့သူငယ်ချင်းက တော့ ရုတ်တရက် သေဆုံး သွားခဲ့ပါတယ်...

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -