Popular Post

Posted by : Unknown Wednesday, November 27, 2013

ငွေတစ်သန်းယူမလား? ငါ့သမီးယူမလား?(ဟာသ) တစ်ခါတုန်းက သဋ္ဌေးကြီး တစ်ယောက်ရှိသတဲ့။ သူက မိကျောင်းတွေမွေးရတာကို ၀ါသနာထုံလေတော့ သူ့အိမ်မှာ ရေကန်ကြီးတူးပြီး မိကျောင်းတွေ မွေးထားလေသတဲ့။ သဋ္ဌေးကြီးမှာက သမီးလေးတစ်ယောက်ရှိလေသတဲ့။ တစ်နေ့တော့ သူ့အိမ်မှာ ပါတီ အကြီးကြီးတစ်ခုလုပ်ပြီး သဋ္ဌေးကြီးက ကြေငြာသတဲ့။ အခု ပါတီမှာ ရှိနေတဲ့ ယောင်္ကျားလေးများ ဟော့ဒီက မိကျောင်းအပြည့်ရေကန်ကြီးထဲကို ဖြတ်ကူးနိုင်တဲ့လူကို ငွေတစ်သန်းဖြစ်ဖြစ် ငါ့သမီးဖြစ်ဖြစ် ကြိုက်တာကို ရွေးချယ်ခွင့်ပြုမယ်။ သူ့စကားဆုံးတာနဲ့ “ဗွမ်း” ဆိုတဲ့ အသံကြားလိုက်ရပြီး လူရွယ်လေးတစ်ယောက်ဟာ ဒရောသောပါး ကြောက်လန့်တကြားနဲ့ ရေကန်ကို အသည်းအသန်ကို ဖြတ်ကူးနေလေသတဲ့။ ... သဋ္ဌေးကြီးလည်း အံသြသွားတာပေါ့။ ပါတီကလူတွေကလည်း လူငယ်လေးကို လက်ခုပ်တွေ တီးပြီးတော့ အားပေးကြတာပေါ့။ အဲ့ဒီလိုနဲက နောက်ဆုံးမှာ လူငယ်ကလေးဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အောင်အောင်မြင်မြင်နဲ့ပဲ မိကျောင်းအပြည့်နဲ့ ရေကန်ကြီးကို ဖြတ်ကူးလာနိုင်သတဲ့။ သဋ္ဌေကြီးက ပြောသတဲ့ “မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ တယ်ရဲ့ရင်တဲ့ သူငယ်ပဲ။ ကဲကဲ ကျုပ်ရဲ့ ကတိအတိုင်း မောင်ရင် ကျုပ်သမီးကို ယူမလား၊ ငွေတစ်သန်းကို ယူမလား ကြိုက်ရာရွေးပေတော့” အဲ့ဒီမှာတင်လူငယ်က ဒေါသတကြီးနဲ့ “ဒီမှာ နားထောင်၊ ကျုပ်ခင်ဗျား သမီးကိုလည်း မလိုချင်ဘူး၊ ငွေတစ်သန်းလည်း မလိုချင်ဘူး။ သိချင်တာ တစ်ခုဘဲရှိတယ်။ ဘယ်သကောင့်သားက အားယားပြီး ကျုပ်ကို ဒီကန်ထဲကို တွန်းချလိုက်တာလဲ” မူရင်းရေးသူအမည်မပါပါဘူး..မူးရင်းရေးသူတိုင်းဘာသာပြန်သူတိုင်းအား လေးစားလျှက်

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -