Popular Post

Posted by : Unknown Saturday, November 23, 2013

အချစ်နဲ့မာန လွန်ဆွဲပွဲမှာ သိက္ခာတရားက ဖိတ်စာပေးသွားတယ်။ မုသားတွေဖလှယ်တဲ့ စကားဝိုင်းမှာ နှုတ်ဆိတ်နေခဲ့ရသူ ငါပါ။ မဆီလျော်တဲ့ ဝါကျတွေနဲ့ အဆိပ်အိုးထဲ ငါလဲကျသွားခဲ့ရ ။ အမုန်းရောင် ဟတ်တဲမာနက စိတ္တဇဝိုင် နဲ့ ဧည့်ခံနေခဲ့။ မာယာခင်းတဲ့ ညဖဲမွေ့ယာထက် အိပ်မက်တွေ အမြစ်ပြုတ်ဆွဲနှုတ်ခံခဲ့ရတယ်။ ပင် ကိုဗီဇ မျိုးပြောင်းခံရတဲ့ည ဝါသနာတွေ နားခိုရာမဲ့နေခဲ့ရ ။ ဖိတ်သွားတဲ့ရေမှာ ဘဝ တွေလည်း ပါသွားတယ်။ ခန္ဓာတစ်ခုလုံး မဆိတ်မသုန်းမချင်း မယုတ်မလွန်သာ ဆွံ့အ နေမှာပါ။ `အရာရာမှာ မင်းကျဆုံးခဲ့ပြီ´ တဲ့ သိက္ခာတရားက ဖိတ်စာပေးသွားတယ်။ (အလွမ်းရာသီ)

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -