Popular Post

တွေ့ရင်ပြောမယ် ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့ အတင်းဆွဲခေါ်လာသည်။ ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။ "ပိုက်ဆံရှိသလား" "မရှိဘူး" ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ် ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။ "ရွှေကောရှိသလား" "မရှိဘူး" "ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။ "ပိုက်ဆံမရှိဘူး ဟုတ်လား" "ဟုတ်တယ် မရှိဘူး" "ရွှေလည်းမရှိဘူး ဟုတ်လား" "ဟုတ်တယ် မရှိဘူး" "အဲဒါဆို ဘာရှိလဲပြော" "ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊ တွေ့ရင်ပြောပါ့မယ်။"

By : Unknown
ဗိုလ်မှူးတစ်ယောက်သည် မိမိ၏ဇနီးသည်ကို လင်ငယ်နှင့် ပျော်ပါးနေသည်ကို တွေ့ ရာ လင်ငယ်ကို အိမ်ရှေ့ လမ်းဘက်သို့  ခေါ်ထုတ်လာသည် ။ " အခု ကျုပ် သေနတ် နှစ်ချက် ပစ်မယ်..၊ ကျနော်တို့  နှစ်ယောက်စလုံး လဲကျချင်ယောင် ဆောင်ကြမယ်..၊ ဘယ်သူ့ ကို မိန်းမ အရင်ထူမလဲ ဆိုတာ ကြည့်ကြမယ်...အရင်ထူခံရတဲ့သူ မိန်းမကို ယူစတမ်း...." " ကြိုက်တယ်.." ဗိုလ်မှူးက သေနတ် နှစ်ချက် ပစ်ဖောက်လိုက်သည် ။ နှစ်ယောက်စလုံး လဲကျသွားသည် ။ သေနတ်သံ ကြား၍ မိန်းမဖြစ်သူသည် ပြတင်းပေါက်နား ပြေားလာကာ လမ်းပေါ်ကြည့်သည် ။ ထို့ နောက် ၀မ်းသာ အားရသံဖြင့် " မောင်ရေ....ထပ်ခိုးပေါ်က ဆင်းခဲတော့...ဟိုမှာ..နှစ်ယောက်စလုံး ကြွသွားပြီ .." ဟု အော်ပြောလိုက်သည် ။
Tag : ,

သူ့အိုက်ဒီယာ

By : Unknown
အမျိုးသမီးကြီး တစ်ဦး ပန်းသီး ထိုင်ရောင်းနေသည်။ သူ၏ပန်းသီးဆိုင်ရှေ့တွင် "အဆိပ်သင့်ပန်းသီး" ဟု ရေးထားသည်။ လမ်းသွားသူအမျိုးသမီးတစ်ဦးက ဆိုင်ရှေ့မှ ဖြတ်သွားရင်း ပန်းသီးဆိုင်မှ စာတန်းကို မြင်သဖြင့် အမျိုးသမီးကြီးအား စေတနာနှင့် ရပ်ပြီးသတိပေးသည်။ လမ်းသွားသူအမျိုးသမီး ရှင်ကလည်းတုံးလိုက်တာ ရှင့်ဆိုင်ရှေ့မှာ အဲလို အဆိပ်သင့် ပန်းသီးလို့ ဗြောင်ကြီးရေးထားတော့ ဘယ်လိုလုပ်ရောင်းရတော့မှာလဲ ဆိုင်ရှင်အမျိုးသမီး အောင်မလေးဘာသိလို့လဲ ပိုတောင်ရောင်းကောင်းသေးတယ် လက်တောင်မလည်ဘူး တချို့က သူတို့ ယောင်္ကျားးအတွက်တဲ့ တချို့က သူတို့ မိန်းမ အတွက်တဲ့ ယောက္ခမ အတွက် ဝယ်တဲ့လူတွေကတော့ ရေလို့တောင်မနိုင်ဘူး
Tag : ,

ပစ္စည်းကိရိယာအစုံအလင်

By : Unknown
လင်မယားနှစ်ယောက်အနက် ယောက်ကျားလုပ်သူက ငါးဖမ်းဝါသနာပါတယ်။ ဇနီးလုပ်သူကတော့ စာဖတ်ဝါသနာပါတယ်။ တစ်နေ့တော့ လင်လုပ်သူ ငါးဖမ်းပြီး ပြန်အလာ ဇနီးလုပ်သူက ယောက်ကျားရဲ့ ငါးဖမ်းလှေကို ယူပြီး မြစ်ရိုးတစ်လျှောက် လှော်ထွက်လာခဲ့တယ်။ မြစ်ရိုးတစ်လျှောက် လှေလှော်လိုက်၊ လေညှင်းခံလိုက်၊ စာဖတ်လိုက် လုပ်နေတုန်း မော်တော်ဘုတ်တစ်စင်းနဲ့ ရဲသားတစ်ယောက်ရောက်လာတယ်။ လှေချင်းယှဉ်လိုက်မိတော့ ရဲသားက လှေဝမ်းထဲက ငါးမျှား ကိရိယာတွေကို ကြည့်ပြီး " ဟေ့... ဒီနေရာမှာ ငါးမမျှားရဘူးဆိုတာ မသိဘူးလား။ ဒါ ကန့်သတ်နယ်မြေကွ" အမျိုးသမီးက " ကျွန်မ ငါးမမျှားပါဘူး။ ဒီမှာ စာအုပ်ဖတ်နေတာပဲ" " ဘာပဲ ဖြစ်ဖြစ်လေ မင်းမှာ ပစ္စည်းကိရိယာ အစုံအလင် ပါနေတာပဲ။ အဲဒီအတွက်တော့ မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်" " ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက မုဒိန်းမှုနဲ့ တရားစွဲရလိမ့်မယ်" " ဟေ့ မင်းကို ငါ လက်ဖျားနဲ့တောင် မတို့ရသေးဘူးနော်" " အိုး ... ရှင့်မှာလည်း ပစ္စည်းကိရိယာ အစုံအလင် ပါတာပဲ မဟုတ်လား"
Tag : ,

(နောင်တ...)

By : Unknown
ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကား မှမပြောရဘူး.. တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း ရေးကြီးသုတ်ပြာနဲ့သားကြီးေ ရာက်လာတယ်..ပြီးတော့….. ' ''အမေ''' ''စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..'' '''ဟို..ကျွန်တော်..''' ''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..'' ဒီလိုနဲ့ထမင်းစားပြီးကြတော့ ' 'ကဲပြော...ဘာလဲ'' '''ညီမလေးရေတွင်းထဲကျသွားလို့…'''
Tag : ,

သတင်းကောင်းဆိုလို့

By : Unknown
လက်ထပ်ပြီးခါစ ဇနီးက အလုပ်မှ ပြန်လာသော ခင်ပွန်းကို ပြောပါသည်။ "မောင့်အတွက် သတင်းကောင်းတစ်ခုရှိတယ်။ မကြာမီမှာပဲ အိမ်မှာ လူနှစ်ယောက်အစား လူသုံးယောက် ဖြစ်လာတော့မယ်" ခင်ပွန်းက ပြုံးရွှင်သောမျက်နှာ၊ တောက်ပသော မျက်ဝန်းများဖြင့်ဇနီးထံပြေးသွားသည်။ " မောင်ပျော်နေတဲ့အတွက် ကျွန်မ ဝမ်းသာပါတယ်။မနက်ဖြန်မှာ မေမေက ကျွန်မတို့နဲ့အတူ လာနေတော့မှာ" ဇနီးသည်၏ ပြောစကားကြောင့် ပျော်ရွှင်စွာ အနမ်းပေးနေသော ခင်ပွန်းမျက်နှာ နီမြန်းသွားတော့သည်။

- Copyright © ပေါကြောင်ကြောင် ဟာသများ - Date A Live - Powered by Blogger - Designed by Johanes Djogan -